သက်ငယ်မုဒိန်းမှု ပိတ်သိမ်းမည်ကို မိခင်ဖြစ်သူ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုအား အမှု ပိတ်သိမ်းရာတွင် ပါဝင်ခြင်းမရှိအောင် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး အမှုကို ဆက်လက်ရင်ဆိုင်မည်ဟု ကျူးလွန်ခံရသူ ကလေး၏ မိခင်က ပြောသည်။

ထိုသက်ငယ်မုဒိမ်းမှုမှာ ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူအား ဖမ်းဆီးထား သော်လည်း ၃ လ ကြာသည့်တိုင် တရားစီရင်စစ်ဆေးနိုင်ခြင်းမရှိသေး ဟု မိခင်ဖြစ်သူ က ပြောသည်။

“အမှုကို ဘယ်တော့မှလဲ ရုပ်သိမ်းမှာမဟုတ်ဘူး။ မြန်မြန်ဆန်ဆန် စစ်ဆေးပေးစေချင်တယ်၊ အပြစ်ရှိတဲ့သူကို လည်း ပြစ်ဒဏ်မြန်မြန်ကျစေချင်တယ်၊ အခုထိ တရားရုံးကဘာမှစစ်ဆေးတာ မရှိသေးဘူး” ဟု မိခင်ဖြစ်သူက သူ၏ ဆန္ဒကို ပြောသည်။

ဖြစ်စဉ်မှာ ငါးရောင်းဝယ်သည့် အလုပ်ကိုလုပ်ကိုင်နေသည့် မိခင်ဖြစ်သူ ငါးဝယ်သွားနေသည့်အချိန်တွင် ပထွေး ဖြစ်သူက အသက် ၁၃နှစ်အရွယ် (အသက်မပြည့်သေးသူ) သမီးအား အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်ခံရသည့် ကလေးမိခင်မှာ လက်လုပ်လက်စား ကျဘမ်းဈေးရောင်းချနေရသူ တစ်ဦးဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာလတွင် စားဝတ်နေရေးခက်ခဲလျှက်ရှိနေပြီး အမှုအား ဆက်လက်ရင်ဆိုင်ရန်အတွက် ငွေကြေး အခက်အခဲရှိနေသည်ဟု ၎င်းက ပြောသည်။

အမှုရုပ်သိမ်းလွှာထဲတွင် ယင်းအမှုမပါရှိစေရန်အတွက် မိသားစုထံကိုလည်း အကြောင်းကြားထားကြောင်းနှင့် အမှုတွဲက ခရိုင်တရားရုံးမှာရှိနေသည်ဟု ဥပဒေ ရေးရာ ကုစားရေးအဖွဲ့(မြန်မာ)မှ ဦးညွန့်မောင် က ပြောသည်။

ဥပဒေ ရေးရာ ကုစားရေးအဖွဲ့(မြန်မာ)မှ ဦးညွန့်မောင် က “ကိုဗစ်ကာလမှာ ရုံးတွေပိတ်ထားတာကြောင့် အမှုကို စစ်ဆေးဖို့ ကြန့်ကြာနေတာပါ။ တရားရုံးတွေ ပြန်ဖွင့်ရင် ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်အတွက် အမှုကို ကူ ညီဆောင်ရွက်ပေးနိုင်အောင် စီစဉ်ထားပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက တရားရုံးများတွင် ချုပ်ရက်ရှည်ကြာနေသည့် ကြားနာစစ်ဆေးဆဲ ပြစ်မှုများအား ဆက်လက်စစ် ဆေးပေးရန်အတွက် တရားလိုဖက်မှ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နောက်ဆုံးထားပြီး လျှောက်ထား ရန်၊ လာရောက်လျှောက်ထားခြင်းမရှိသော အမှုများကို ပိတ်သိမ်းရန် ဟုဆိုကာ သြဂုတ်လ ၁ ရက်နေ့တွင် အမိန့် စာ ထုတ်ပြန်ချက် ၁၇၂/၂၀၂၁ ဖြင့် တရားရုံးများကို ညွှန်ကြားထားသည်။

ယင်းညွှန်ကြားချက်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်နစ်နာစေသည့် ပြစ်မှု စသည့် အမှု များနှင့် ပတ်သက်၍လည်း တရားလိုဖက်မှ အမှုအားပိတ်သိမ်းလိုကြောင်း/မပိတ်သိမ်းကြောင်းကို သတ်မှတ်ရက် အတွင်း သက်ဆိုင်ရာတရားရုံးများတွင် လာရောက်လျှောက်ထားရန် ညွှန်ကြားထားသည်။

ထိုသို့ လာရောက်လျှောက်ထားခြင်းမရှိပါက အဆိုပါအမှုများ အားလုံးကို ပိတ်သိမ်းပြီး စွပ်စွဲခံရသူ (တရားခံဟု ဖော်ပြသူ) များအား လွှတ်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

*** ZAWGYI ***
သက္ငယ္မုဒိန္းမႈ ပိတ္သိမ္းမည္ကို မိခင္ျဖစ္သူ စိုးရိမ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့သည့္ သက္ငယ္မုဒိန္းမႈအား အမႈ ပိတ္သိမ္းရာတြင္ ပါဝင္ျခင္းမရွိေအာင္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားၿပီး အမႈကို ဆက္လက္ရင္ဆိုင္မည္ဟု က်ဴးလြန္ခံရသူ ကေလး၏ မိခင္က ေျပာသည္။

ထိုသက္ငယ္မုဒိမ္းမႈမွာ ဇြန္လ ၁၁ ရက္ေန႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး က်ဴးလြန္သူအား ဖမ္းဆီးထား ေသာ္လည္း ၃ လ ၾကာသည့္တိုင္ တရားစီရင္စစ္ေဆးႏိုင္ျခင္းမရွိေသး ဟု မိခင္ျဖစ္သူ က ေျပာသည္။

“အမႈကို ဘယ္ေတာ့မွလဲ ႐ုပ္သိမ္းမွာမဟုတ္ဘူး။ ျမန္ျမန္ဆန္ဆန္ စစ္ေဆးေပးေစခ်င္တယ္၊ အျပစ္ရွိတဲ့သူကို လည္း ျပစ္ဒဏ္ျမန္ျမန္က်ေစခ်င္တယ္၊ အခုထိ တရား႐ုံးကဘာမွစစ္ေဆးတာ မရွိေသးဘူး” ဟု မိခင္ျဖစ္သူက သူ၏ ဆႏၵကို ေျပာသည္။

ျဖစ္စဥ္မွာ ငါးေရာင္းဝယ္သည့္ အလုပ္ကိုလုပ္ကိုင္ေနသည့္ မိခင္ျဖစ္သူ ငါးဝယ္သြားေနသည့္အခ်ိန္တြင္ ပေထြး ျဖစ္သူက အသက္ ၁၃ႏွစ္အ႐ြယ္ (အသက္မျပည့္ေသးသူ) သမီးအား အဓမၼျပဳက်င့္ခဲ့ျခင္း ျဖစ္သည္။

က်ဴးလြန္ခံရသည့္ ကေလးမိခင္မွာ လက္လုပ္လက္စား က်ဘမ္းေဈးေရာင္းခ်ေနရသူ တစ္ဦးျဖစ္သည့္အတြက္ ကိုဗစ္-၁၉ ကာလတြင္ စားဝတ္ေနေရးခက္ခဲလွ်က္ရွိေနၿပီး အမႈအား ဆက္လက္ရင္ဆိုင္ရန္အတြက္ ေငြေၾကး အခက္အခဲရွိေနသည္ဟု ၎က ေျပာသည္။

အမႈ႐ုပ္သိမ္းလႊာထဲတြင္ ယင္းအမႈမပါရွိေစရန္အတြက္ မိသားစုထံကိုလည္း အေၾကာင္းၾကားထားေၾကာင္းႏွင့္ အမႈတြဲက ခ႐ိုင္တရား႐ုံးမွာရွိေနသည္ဟု ဥပေဒ ေရးရာ ကုစားေရးအဖြဲ႕(ျမန္မာ)မွ ဦးၫြန႔္ေမာင္ က ေျပာသည္။

ဥပေဒ ေရးရာ ကုစားေရးအဖြဲ႕(ျမန္မာ)မွ ဦးၫြန႔္ေမာင္ က “ကိုဗစ္ကာလမွာ ႐ုံးေတြပိတ္ထားတာေၾကာင့္ အမႈကို စစ္ေဆးဖို႔ ၾကန႔္ၾကာေနတာပါ။ တရား႐ုံးေတြ ျပန္ဖြင့္ရင္ က်ဴးလြန္ခံရတဲ့ မိန္းကေလးငယ္အတြက္ အမႈကို ကူ ညီေဆာင္႐ြက္ေပးႏိုင္ေအာင္ စီစဥ္ထားပါတယ္” ဟု ေျပာသည္။

စစ္ေကာင္စီက တရား႐ုံးမ်ားတြင္ ခ်ဳပ္ရက္ရွည္ၾကာေနသည့္ ၾကားနာစစ္ေဆးဆဲ ျပစ္မႈမ်ားအား ဆက္လက္စစ္ ေဆးေပးရန္အတြက္ တရားလိုဖက္မွ ၂၀၂၁ စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ေနာက္ဆုံးထားၿပီး ေလွ်ာက္ထား ရန္၊ လာေရာက္ေလွ်ာက္ထားျခင္းမရွိေသာ အမႈမ်ားကို ပိတ္သိမ္းရန္ ဟုဆိုကာ ၾသဂုတ္လ ၁ ရက္ေန႔တြင္ အမိန႔္ စာ ထုတ္ျပန္ခ်က္ ၁၇၂/၂၀၂၁ ျဖင့္ တရား႐ုံးမ်ားကို ၫႊန္ၾကားထားသည္။

ယင္းၫႊန္ၾကားခ်က္တြင္ လူသတ္မႈ၊ မုဒိမ္းမႈ၊ လူပုဂၢိဳလ္တစ္ဦးဦးအား ထိခိုက္နစ္နာေစသည့္ ျပစ္မႈ စသည့္ အမႈ မ်ားႏွင့္ ပတ္သက္၍လည္း တရားလိုဖက္မွ အမႈအားပိတ္သိမ္းလိုေၾကာင္း/မပိတ္သိမ္းေၾကာင္းကို သတ္မွတ္ရက္ အတြင္း သက္ဆိုင္ရာတရား႐ုံးမ်ားတြင္ လာေရာက္ေလွ်ာက္ထားရန္ ၫႊန္ၾကားထားသည္။

ထိုသို႔ လာေရာက္ေလွ်ာက္ထားျခင္းမရွိပါက အဆိုပါအမႈမ်ား အားလုံးကို ပိတ္သိမ္းၿပီး စြပ္စြဲခံရသူ (တရားခံဟု ေဖာ္ျပသူ) မ်ားအား လႊတ္ရမည္ျဖစ္ေၾကာင္း ၫႊန္ၾကားထားသည္။