သတင်းသမားနှစ်ဦးအား အမှု ထပ်တိုး တရားစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ကို စက်တင်ဘာလ ၃ ရက်နေ့တွင် အမှုထပ်တိုးပြီး တရားစွဲတင်ထားသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ပုဒ် ၅၀၅ (က)ဖြင့် နောက် တစ်မှုထပ်တိုးဖွင့်ထားပြီး အလွတ်တန်း သတင်းထောက် မထက်ထက်ခိုင်ကိုလည်း ပုဒ်မ ၅၀၅ အပြင် ပုဒ်မ ၁၇(၁) ဖြင့်ပါ စက်တင်ဘာ ၃ ရက်တွင် တရားစွဲတင်ထားကြောင်း ရှေ့နေဦးခင်မောင်မြင့် က ပြောသည်။

ဦးစည်သူအောင်မြင့်ကို ဗဟန်းမြို့နယ်တရားရုံးတွင် တပ်မတော်အကြည် အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲတင်ထားရာမှ ပုဇွန်တောင်ရဲစခန်းတွင် ပုဒ်မ ၅၀၅ နှင့် ထပ်မံဖွင့်ခြင်းခံရ၍ ၅၀၅ ဖြင့် နှစ်မှု ဖြစ်သွားပြီဟု
တရားလွှတ်တော် ရှေ့နေဦးခင်မောင်မြင့် က ပြောသည်။

“ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၁၂၄ နဲ့အမှုဖွင့်ထားတာတော့မရှိဘူး။ ဒါပေမယ့် ပုဒ်မ ၅၀၅ နဲ့ပဲ ပုဇွန်တောင် စခန်း မှာ အမှုထပ်ဖွင့်ထားတယ်။ တရားတော့ စွဲမတင်ရသေးဘူး။ အဲ့ဒီတော့ ဦးစည်သူအောင်မြင့်က ၅၀၅ နှစ်မှု ဖြစ်သွားတာပေါ့” ဟု တရားလွှတ်တော် ရှေ့နေဦးခင်မောင်မြင့် က ပြောသည်။

ယခုခါ ဦးစည်သူအောင်မြင့်ကို အင်းစိန်ထောင်ကိုပို့ထားကြောင်း ရှေ့နေက ပြောသည်။

မထက်ထက်ခိုင်ကိုလည်း ဗဟန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားရာမှ မင်္ဂလာတောင် ညွှန့်မြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင် ကို ပို့ထားကြောင်း ရှေ့နေဦးခင်မောင်မြင့် က ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်အတွင်းက သတင်းစာဆရာ ဦးစည်သူအောင်မြင့်သည် ၎င်းတိမ်းရှောင် နေ သည့် ရန်ကုန်တိုက်ခန်းတစ်ခုတွင် အဖမ်းခံခဲ့ခြင်းဖြစ်ပြီး ၎င်းသည် VOA နှင့် Frontier သတင်းဌာနတို့တွင် ဆောင်းပါးများ ရေးသားလျက် ရှိသည့် ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာတစ်ဦး ဖြစ်သည်။

မထက်ထက်ခိုင်သည် Federal FM တွင် Volunteer Editor အဖြစ် ဆောင်ရွက်နေခြင်းကြောင့် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၇ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်းဖမ်းဆီးခံရသည့် သတင်း ထောက် ၉၇ ယောက်ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် Detained Journalists Information Myanmar ၏ စာရင်းများအရ သိရသည်။

*** ZAWGYI ***
သတင္းသမားႏွစ္ဦးအား အမႈ ထပ္တိုး တရားစြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ႏွင့္ အလြတ္တန္းသတင္းေထာက္ မထက္ထက္ခိုင္တို႔ကို စက္တင္ဘာလ ၃ ရက္ေန႔တြင္ အမႈထပ္တိုးၿပီး တရားစြဲတင္ထားသည္ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ျမင့္ က ေျပာသည္။

သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ကို ပုဒ္ ၅၀၅ (က)ျဖင့္ ေနာက္ တစ္မႈထပ္တိုးဖြင့္ထားၿပီး အလြတ္တန္း သတင္းေထာက္ မထက္ထက္ခိုင္ကိုလည္း ပုဒ္မ ၅၀၅ အျပင္ ပုဒ္မ ၁၇(၁) ျဖင့္ပါ စက္တင္ဘာ ၃ ရက္တြင္ တရားစြဲတင္ထားေၾကာင္း ေရွ႕ေနဦးခင္ေမာင္ျမင့္ က ေျပာသည္။

ဦးစည္သူေအာင္ျမင့္ကို ဗဟန္းၿမိဳ႕နယ္တရား႐ုံးတြင္ တပ္မေတာ္အၾကည္ အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က)ျဖင့္ တရားစြဲတင္ထားရာမွ ပုဇြန္ေတာင္ရဲစခန္းတြင္ ပုဒ္မ ၅၀၅ ႏွင့္ ထပ္မံဖြင့္ျခင္းခံရ၍ ၅၀၅ ျဖင့္ ႏွစ္မႈ ျဖစ္သြားၿပီဟု
တရားလႊတ္ေတာ္ ေရွ႕ေနဦးခင္ေမာင္ျမင့္ က ေျပာသည္။

“ဦးစည္သူေအာင္ျမင့္ကို ပုဒ္မ ၁၂၄ နဲ႔အမႈဖြင့္ထားတာေတာ့မရွိဘူး။ ဒါေပမယ့္ ပုဒ္မ ၅၀၅ နဲ႔ပဲ ပုဇြန္ေတာင္ စခန္း မွာ အမႈထပ္ဖြင့္ထားတယ္။ တရားေတာ့ စြဲမတင္ရေသးဘူး။ အဲ့ဒီေတာ့ ဦးစည္သူေအာင္ျမင့္က ၅၀၅ ႏွစ္မႈ ျဖစ္သြားတာေပါ့” ဟု တရားလႊတ္ေတာ္ ေရွ႕ေနဦးခင္ေမာင္ျမင့္ က ေျပာသည္။

ယခုခါ ဦးစည္သူေအာင္ျမင့္ကို အင္းစိန္ေထာင္ကိုပို႔ထားေၾကာင္း ေရွ႕ေနက ေျပာသည္။

မထက္ထက္ခိုင္ကိုလည္း ဗဟန္းၿမိဳ႕နယ္ တရား႐ုံးတြင္ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲထားရာမွ မဂၤလာေတာင္ ၫႊန႔္ၿမိဳ႕နယ္ တရား႐ုံးက မတရားအသင္း ဆက္သြယ္မႈပုဒ္မ ၁၇(၁) တို႔ျဖင့္ တရားစြဲဆိုကာ အင္းစိန္ေထာင္ ကို ပို႔ထားေၾကာင္း ေရွ႕ေနဦးခင္ေမာင္ျမင့္ က ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ တတိယပတ္အတြင္းက သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္သည္ ၎တိမ္းေရွာင္ ေန သည့္ ရန္ကုန္တိုက္ခန္းတစ္ခုတြင္ အဖမ္းခံခဲ့ျခင္းျဖစ္ၿပီး ၎သည္ VOA ႏွင့္ Frontier သတင္းဌာနတို႔တြင္ ေဆာင္းပါးမ်ား ေရးသားလ်က္ ရွိသည့္ ပင္တိုင္ေဆာင္းပါးရွင္ သတင္းစာဆရာတစ္ဦး ျဖစ္သည္။

မထက္ထက္ခိုင္သည္ Federal FM တြင္ Volunteer Editor အျဖစ္ ေဆာင္႐ြက္ေနျခင္းေၾကာင့္ မတရားအသင္း ဆက္သြယ္မႈ ဥပေဒ ပုဒ္မ ၁၇ (၁) ျဖင့္ တရားစြဲဆိုခံရျခင္းျဖစ္ဟု သိရသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စက္တင္ဘာလ ၇ ရက္ေန႔အထိ ျမန္မာႏိုင္ငံတဝွမ္းဖမ္းဆီးခံရသည့္ သတင္း ေထာက္ ၉၇ ေယာက္ရွိၿပီျဖစ္သည္ဟု ျပည္တြင္းအေျခဆိုက္ သတင္းေထာက္မ်ားက ျပဳစုထားသည့္ Detained Journalists Information Myanmar ၏ စာရင္းမ်ားအရ သိရသည္။