မွန်ပြည်နယ် COVID-19 သေဆုံးသူ ၁,၁၀၀ ကျော်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

မွန်ပြည်နယ်တွင် COVID-19 ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက် ၁,၁၀၀ ကျော် အထိရှိလာ သည်ဟု ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစ၍ COVID-19 ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီး ရောဂါ ကူးစက် ခံရမှုကြောင့် သေဆုံးသူ အရေအတွက်လည်း မြင့်တက်လာခဲ့သည်။

ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းများအရ ဇွန်လမှ စက်တင်ဘာလဆန်းပိုင်းအထိ မွန်ပြည်နယ် အတွင်း၌ အတည်ပြုလူနာ ၁,၁၀၀ ဦးကျော် သေဆုံးသွားခဲ့သည်ဟု သိရသည်။

“ဩဂုတ်လအတွင်းမှာ ရောဂါကူးစက်ခံရမှုနဲ့ လူနာသေဆုံးမှုအခြေအနေက အကျဘက် ဖြစ်လာတာ တွေ့ရ တယ် ပေါ့လေ၊ ဇွန်လကနဲ့စာရင် အများကြီးကျလာတယ်၊ အခုလည်း ကျလာတယ်ဆိုပေမယ့် တချို့နယ်တွေ ဘက်မှာတော့ ကိုဗစ်ကူးစက်မှုကတော့ များနေဆဲပဲ လူနာသေဆုံးမှုတွေကလည်း ဆက်ရှိနေဆဲပဲ အဲဒါကြောင့်မို့ ပေါ့ဆ လို့မရသေးဘူး” ဟု ဒေသအတွင်း တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ အတည်ပြု သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများ၏ စာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများ၏ စာရင်း ပါ ပေါင်းလိုက်ပါက သေဆုံးလူနာသည် ထုတ်ပြန်ထားသည့်အရေအတွက်ထက် များနိုင်သည်ဟု လူမှုကယ်ဆယ် ရေးအဖွဲ့ တာဝန်ရှိသူများက သုံးသပ်သည်။

“အိမ်မှာ ကုနေရင်းနဲ့ သေဆုံးသွားတဲ့ လူနာတွေလည်း အများကြီးပါပဲ။ သေဆုံးသူ အရေအတွက်ကတော့ ကျန်း မာရေးဌာနက ထုတ်ပြန်ထားတာထက် အများကြီးများနိုင်ပါတယ်” ဟု ကိုဗစ်နှင့် ပတ်သက်၍ ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လအတွင်းတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

COVID-19 အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး သီးခြားဆောင် ၃ နှင့် သီးခြားဆောင် ၁ (Isolative Ward-3, Isolative Ward-1) နှင့် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့အပြင် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့အထိစာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၀၀၀ ကျော်ရှိ ပြီး သေဆုံးလူနာဦးရေ ၁၁၀၀ ကျော် ရှိသည်။

*** ZAWGYI ***
မြန္ျပည္နယ္ COVID-19 ေသဆုံးသူ ၁,၁၀၀ ေက်ာ္ၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

မြန္ျပည္နယ္တြင္ COVID-19 ေရာဂါကူးစက္ခံရမႈေၾကာင့္ ေသဆုံးသူ အေရအတြက္ ၁,၁၀၀ ေက်ာ္ အထိရွိလာ သည္ဟု ျပည္သူ႔က်န္းမာေရးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မြန္ျပည္နယ္တြင္ ဇြန္လဆန္းပိုင္းခန႔္မွစ၍ COVID-19 ကူးစက္မႈ ဆက္တိုက္ျမင့္တက္လာခဲ့ၿပီး ေရာဂါ ကူးစက္ ခံရမႈေၾကာင့္ ေသဆုံးသူ အေရအတြက္လည္း ျမင့္တက္လာခဲ့သည္။

ျပည္သူ႔က်န္းမာေရးဌာန၏ ထုတ္ျပန္သည့္စာရင္းမ်ားအရ ဇြန္လမွ စက္တင္ဘာလဆန္းပိုင္းအထိ မြန္ျပည္နယ္ အတြင္း၌ အတည္ျပဳလူနာ ၁,၁၀၀ ဦးေက်ာ္ ေသဆုံးသြားခဲ့သည္ဟု သိရသည္။

“ဩဂုတ္လအတြင္းမွာ ေရာဂါကူးစက္ခံရမႈနဲ႔ လူနာေသဆုံးမႈအေျခအေနက အက်ဘက္ ျဖစ္လာတာ ေတြ႕ရ တယ္ ေပါ့ေလ၊ ဇြန္လကနဲ႔စာရင္ အမ်ားႀကီးက်လာတယ္၊ အခုလည္း က်လာတယ္ဆိုေပမယ့္ တခ်ိဳ႕နယ္ေတြ ဘက္မွာေတာ့ ကိုဗစ္ကူးစက္မႈကေတာ့ မ်ားေနဆဲပဲ လူနာေသဆုံးမႈေတြကလည္း ဆက္ရွိေနဆဲပဲ အဲဒါေၾကာင့္မို႔ ေပါ့ဆ လို႔မရေသးဘူး” ဟု ေဒသအတြင္း တာဝန္က် ဆရာဝန္တစ္ဦးက ေျပာသည္။

က်န္းမာေရးဌာနမွ ထုတ္ျပန္ထားသည့္ ကိုဗစ္-၁၉ အတည္ျပဳ ေသဆုံးလူနာ အေရအတြက္သည္ ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသရင္း ေသဆုံးသြားသူမ်ား၏ စာရင္းသာျဖစ္ၿပီး ေနအိမ္တြင္ ေသဆုံးသြားသူမ်ား၏ စာရင္း ပါ ေပါင္းလိုက္ပါက ေသဆုံးလူနာသည္ ထုတ္ျပန္ထားသည့္အေရအတြက္ထက္ မ်ားႏိုင္သည္ဟု လူမႈကယ္ဆယ္ ေရးအဖြဲ႕ တာဝန္ရွိသူမ်ားက သုံးသပ္သည္။

“အိမ္မွာ ကုေနရင္းနဲ႔ ေသဆုံးသြားတဲ့ လူနာေတြလည္း အမ်ားႀကီးပါပဲ။ ေသဆုံးသူ အေရအတြက္ကေတာ့ က်န္း မာေရးဌာနက ထုတ္ျပန္ထားတာထက္ အမ်ားႀကီးမ်ားႏိုင္ပါတယ္” ဟု ကိုဗစ္ႏွင့္ ပတ္သက္၍ ကူညီေပးေနသည့္ လူမႈကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ျပည္နယ္အတြင္း ကိုဗစ္ကူးစက္မႈႏွင့္ ေသဆုံးမႈ စံခ်ိန္တင္ျမင့္တက္ခဲ့သည့္ ဇူလိုင္လအတြင္းတြင္ တစ္ရက္လွ်င္ ကိုဗစ္အတည္ျပဳလူနာ ၅၀၀ ေက်ာ္ေတြ႕ရွိခဲ့သည့္အျပင္ ေသဆုံးမႈလည္း တစ္ရက္လွ်င္ ၅၀ အထက္ရွိခဲ့သည္ဟု လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႕တာဝန္ရွိသူမ်ား၏ ေျပာျပခ်က္အရ သိရသည္။

COVID-19 အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး သီးျခားေဆာင္ ၃ ႏွင့္ သီးျခားေဆာင္ ၁ (Isolative Ward-3, Isolative Ward-1) ႏွင့္ ေမာ္လၿမိဳင္တကၠသိုလ္ (၁၀) ၿမိဳ႕နယ္ေဆာင္တို႔အျပင္ ၿမိဳ႕နယ္အသီးသီးတို႔တြင္လည္း ေဆးကုသေပးေနသည္ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

စက္တင္ဘာလ ၅ ရက္ေန႔အထိစာရင္းမ်ားအရ မြန္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ကူးစက္ခံရသူ ၁၂၀၀၀ ေက်ာ္ရွိ ၿပီး ေသဆုံးလူနာဦးေရ ၁၁၀၀ ေက်ာ္ ရွိသည္။