စစ်ကောင်စီနှင့် ညှိနှိုင်းရေးကိစ္စ KBC အစည်းအဝေး အဆင့်ဆင့်ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အတွင်းရေးမှူးကို ဖမ်းဆီးဖို့ ထုတ်ပြန်ထားသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် ညှိနှိုင်းရမည့် ကိစ္စ KBC အတွင်း သဘောထားရယူမည့် အစည်းအဝေးအဆင့်ဆင့်ကို လုပ်ဆောင် နေသည်ဟု KBC က ပြောသည်။

KBC အဖွဲ့ချုပ်အတွင်း ကိုယ်စားလှယ်များအားလုံးပါဝင်သည့် အုပ်ချုပ်စီမံအစည်းအဝေးကျင်းပပြီး ထိုအစည်း အဝေးမှ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်သွားမည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က ယခုကဲ့သို့ ပြောသည်။

“အခုတရားစွဲဆိုထားတဲ့ တပ်မတော်နဲ့ ညှိနှိုင်းဖို့က အလုပ်အမှုဆောင်အစည်းအဝေးနဲ့ပဲ ကျနော်တို့ ဆုံးဖြတ်လို့ မရတော့ဘူး။ မရ ဘူးဆိုတော့ ကျနော်တို့က အုပ်ချုုပ်စီမံ အရေးပေါ် အစည်းအဝေးခေါ်ပြီးမှ ဘာဆက် လုပ် ရမယ်ဆိုတာ ညှိနှိုင်းဖို့ လိုတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ဒီညှိနှိုင်းဖို့ဆိုတာက ကျနော်တို့အတွက် အောက်အဆင့်လောက်နဲ့ပဲ ဆုံးဖြတ်လို့မရဘူးဆိုတော့ ကိုယ်စားလှယ်များအားလုံးပါဝင်တဲ့ အုပ်ချုပ်စီမံ အဲ့ဒီ အ ဆင့်နဲ့ ဆုံးဖြတ်ပြီးမှ အဲ့ဒီ ဘုတ်အဖွဲ့က ညှိနှိုင်းပြီးမှ ပြီးသွားအောင်လုပ်ဖို့ ညွန်ကြားမယ်ဆိုရင်လည်း ကျနော်တို့ က လုပ်သွားမယ်။ သို့မဟုတ်ရင် တစ်ခုခု ဘာဆက်လုပ်ရမယ်ဆိုတာတော့ အဲ့ဒီဘုတ်အစည်းအဝေးကို ခေါ် ပြီးမှ ပဲ အဖြေတော့ထွက်မယ်ထင်တယ်။ အဲ့ဒီအချိန်မှပဲ ကျနော်တို့အဖြူအမည်း သိရမယ်ထင်တယ်။”

KBC ၏ အသင်းတော်များကို ဆုတောင်းရန် ဖြန့်ဝေထားသည့်စာထဲတွင် “စစ်အာဏာရှင်”ဆိုသည့် အသုံးအနှုန်းပါ ခဲ့သည့် အပေါ် စစ်ဆေးဖို့ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းအချိန်က KBC ရုံးကို ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

KBC အသင်းချုပ်၏ ဆုတောင်းခံချက်စာကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် တူးမိုင်၏ လက်မှတ်နှင့် အသင်းတော်များကို ဖြန့်ဝေထားခြင်းဖြစ်သည့် အတွက် ၎င်းကိုတွေ့ဆုံ စစ်ဆေးမေးမြန်းရန် KBC အဖွဲ့ချုပ်ရုံးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု KBC တာဝန်ရှိသူက ပြောသည်။

KBC အတွင်းရေးမှူး ဆရာတော်တူးမိုင်ကို စစ်ကောင်စီတပ်က ၅၀၅ (က) ဖြင့် အမှုဖွင့်တိုင်ကြားထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ “အဲ့ဒါလည်း ပြောတော့ ပြောတာပဲ။ ကျနော်တို့ ဒီတိတိကျကျတော့ စာတွေ လက်ခံရရှိ တာလည်း မရှိပါဘူး။ ဟိုနေ့က ရဲစခန်းကလည်း လာမေးသွားတာပဲ ရှိတယ်။ တရားစွဲဆိုဖို့ ကိစ္စတွေ ဘာတွေက တော့ မပြောပြဘူးပေါ့။ ကျနော်တို့ ကချင်နှစ်ခြင်းရဲ့ ခေါင်းဆောင်တစ်ဦးကို အဲ့လို အလွယ်တကူ လူမသိပဲနဲ့ တိတ်တဆိတ်တော့ လာဖမ်းမယ်မထင်ပါဘူး။” ဟု ဒေါက်တာခလမ်ဆမ်ဆွန် က ပြောသည်။

အစပိုင်းတွင် ထိုကိစ္စနှင့် ပတ်သက်၍ KBC အနေဖြင့် ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ၊ PCG က တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ပြန်လည်ဆွေးနွေးမှုများ လုပ်ဆောင်ရန်စီစဉ်နေရာမှ စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှရမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည့်အတွက် အခက်အခဲများ ရှိနေရခြင်းဖြစ်သည်ဟု KBC နှင့် နီးစပ်သူများ က ဆိုကြသည်။

ဩဂုတ်လ ၇ ရက်နေ့က အသင်းတော်များကို ဖြန့်ဝေခဲ့သည့် KBC ၏ ဆုတောင်းခံချက် စာထဲတွင် အချက် ၈ ချက် ပါဝင်ပြီး အဓိကအားဖြင့် ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်နေသူများ၊ စစ်ရှောင်များ၊ နိုင်ငံ့ခေါင်းဆောင်များ အတွက် ဆုတောင်းကြရန်၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ကြုံနေရသည့် အခက်အခဲ များ၊ အာဏာရှင်များ ကျဆုံးရေးနှင့် စစ်မှန်ပြီး တရားမျှသည့် နိုင်ငံဖြစ်လာရန် ဆုတောင်းကြဖို့ ဆိုသည့် အချက် များ ပါဝင်သည်။

*** ZAWGYI ***
စစ္ေကာင္စီႏွင့္ ညႇိႏႈိင္းေရးကိစၥ KBC အစည္းအေဝး အဆင့္ဆင့္က်င္းပ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ရဲ႕ အတြင္းေရးမႉးကို ဖမ္းဆီးဖို႔ ထုတ္ျပန္ထားသည့္ကိစၥႏွင့္ ပတ္သက္၍ စစ္ေကာင္စီႏွင့္ ညႇိႏႈိင္းရမည့္ ကိစၥ KBC အတြင္း သေဘာထားရယူမည့္ အစည္းအေဝးအဆင့္ဆင့္ကို လုပ္ေဆာင္ ေနသည္ဟု KBC က ေျပာသည္။

KBC အဖြဲ႕ခ်ဳပ္အတြင္း ကိုယ္စားလွယ္မ်ားအားလုံးပါဝင္သည့္ အုပ္ခ်ဳပ္စီမံအစည္းအေဝးက်င္းပၿပီး ထိုအစည္း အေဝးမွ ဆုံးျဖတ္ခ်က္အတိုင္း အေကာင္အထည္ေဖာ္သြားမည္ဟု ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ဥကၠ႒ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္က ယခုကဲ့သို႔ ေျပာသည္။

“အခုတရားစြဲဆိုထားတဲ့ တပ္မေတာ္နဲ႔ ညႇိႏႈိင္းဖို႔က အလုပ္အမႈေဆာင္အစည္းအေဝးနဲ႔ပဲ က်ေနာ္တို႔ ဆုံးျဖတ္လို႔ မရေတာ့ဘူး။ မရ ဘူးဆိုေတာ့ က်ေနာ္တို႔က အုပ္ခ်ဳုပ္စီမံ အေရးေပၚ အစည္းအေဝးေခၚၿပီးမွ ဘာဆက္ လုပ္ ရမယ္ဆိုတာ ညႇိႏႈိင္းဖို႔ လိုတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ က်ေနာ္တို႔ ဒီညႇိႏႈိင္းဖို႔ဆိုတာက က်ေနာ္တို႔အတြက္ ေအာက္အဆင့္ေလာက္နဲ႔ပဲ ဆုံးျဖတ္လို႔မရဘူးဆိုေတာ့ ကိုယ္စားလွယ္မ်ားအားလုံးပါဝင္တဲ့ အုပ္ခ်ဳပ္စီမံ အဲ့ဒီ အ ဆင့္နဲ႔ ဆုံးျဖတ္ၿပီးမွ အဲ့ဒီ ဘုတ္အဖြဲ႕က ညႇိႏႈိင္းၿပီးမွ ၿပီးသြားေအာင္လုပ္ဖို႔ ၫြန္ၾကားမယ္ဆိုရင္လည္း က်ေနာ္တို႔ က လုပ္သြားမယ္။ သို႔မဟုတ္ရင္ တစ္ခုခု ဘာဆက္လုပ္ရမယ္ဆိုတာေတာ့ အဲ့ဒီဘုတ္အစည္းအေဝးကို ေခၚ ၿပီးမွ ပဲ အေျဖေတာ့ထြက္မယ္ထင္တယ္။ အဲ့ဒီအခ်ိန္မွပဲ က်ေနာ္တို႔အျဖဴအမည္း သိရမယ္ထင္တယ္။”

KBC ၏ အသင္းေတာ္မ်ားကို ဆုေတာင္းရန္ ျဖန႔္ေဝထားသည့္စာထဲတြင္ “စစ္အာဏာရွင္”ဆိုသည့္ အသုံးအႏႈန္းပါ ခဲ့သည့္ အေပၚ စစ္ေဆးဖို႔ ဩဂုတ္လ ၂၆ ရက္ေန႔ ညေနပိုင္းအခ်ိန္က KBC ႐ုံးကို ရဲတပ္ဖြဲ႕ဝင္ေလးဦးႏွင့္ ရပ္ကြက္ အုပ္ခ်ဳပ္ ေရးမႉးတို႔ေရာက္ရွိလာခဲ့ျခင္း ျဖစ္သည္။

KBC အသင္းခ်ဳပ္၏ ဆုေတာင္းခံခ်က္စာကို ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ KBC အတြင္းေရးမႉး သိကၡာေတာ္ရ ဆရာေတာ္ တူးမိုင္၏ လက္မွတ္ႏွင့္ အသင္းေတာ္မ်ားကို ျဖန႔္ေဝထားျခင္းျဖစ္သည့္ အတြက္ ၎ကိုေတြ႕ဆုံ စစ္ေဆးေမးျမန္းရန္ KBC အဖြဲ႕ခ်ဳပ္႐ုံးကို စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာခဲ့ျခင္း ျဖစ္သည္ဟု KBC တာဝန္ရွိသူက ေျပာသည္။

KBC အတြင္းေရးမႉး ဆရာေတာ္တူးမိုင္ကို စစ္ေကာင္စီတပ္က ၅၀၅ (က) ျဖင့္ အမႈဖြင့္တိုင္ၾကားထားသည္ဟု သတင္းမ်ားထြက္ေပၚေနသည္။

ထိုကိစၥႏွင့္ ပတ္သက္၍ “အဲ့ဒါလည္း ေျပာေတာ့ ေျပာတာပဲ။ က်ေနာ္တို႔ ဒီတိတိက်က်ေတာ့ စာေတြ လက္ခံရရွိ တာလည္း မရွိပါဘူး။ ဟိုေန႔က ရဲစခန္းကလည္း လာေမးသြားတာပဲ ရွိတယ္။ တရားစြဲဆိုဖို႔ ကိစၥေတြ ဘာေတြက ေတာ့ မေျပာျပဘူးေပါ့။ က်ေနာ္တို႔ ကခ်င္ႏွစ္ျခင္းရဲ႕ ေခါင္းေဆာင္တစ္ဦးကို အဲ့လို အလြယ္တကူ လူမသိပဲနဲ႔ တိတ္တဆိတ္ေတာ့ လာဖမ္းမယ္မထင္ပါဘူး။” ဟု ေဒါက္တာခလမ္ဆမ္ဆြန္ က ေျပာသည္။

အစပိုင္းတြင္ ထိုကိစၥႏွင့္ ပတ္သက္၍ KBC အေနျဖင့္ ျပည္နယ္စစ္ေကာင္စီ ဥကၠ႒၊ PCG က တာဝန္ရွိသူမ်ားႏွင့္ ညႇိႏႈိင္းကာ ျပန္လည္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္စီစဥ္ေနရာမွ စစ္ေကာင္စီတပ္ႏွင့္ ေဆြးေႏြးမွရမည္ဆိုသည့္ သတင္းမ်ား ထြက္ေပၚလာခဲ့သည့္အတြက္ အခက္အခဲမ်ား ရွိေနရျခင္းျဖစ္သည္ဟု KBC ႏွင့္ နီးစပ္သူမ်ား က ဆိုၾကသည္။

ဩဂုတ္လ ၇ ရက္ေန႔က အသင္းေတာ္မ်ားကို ျဖန႔္ေဝခဲ့သည့္ KBC ၏ ဆုေတာင္းခံခ်က္ စာထဲတြင္ အခ်က္ ၈ ခ်က္ ပါဝင္ၿပီး အဓိကအားျဖင့္ ကိုဗစ္-၁၉ ေၾကာင့္ ဒုကၡေရာက္ေနသူမ်ား၊ စစ္ေရွာင္မ်ား၊ ႏိုင္ငံ့ေခါင္းေဆာင္မ်ား အတြက္ ဆုေတာင္းၾကရန္၊ လက္ရွိ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ႀကဳံေနရသည့္ အခက္အခဲ မ်ား၊ အာဏာရွင္မ်ား က်ဆုံးေရးႏွင့္ စစ္မွန္ၿပီး တရားမွ်သည့္ ႏိုင္ငံျဖစ္လာရန္ ဆုေတာင္းၾကဖို႔ ဆိုသည့္ အခ်က္ မ်ား ပါဝင္သည္။