ဘီးလင်းတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့်သည် စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အသက် ၈ နှစ်အရွယ် မြေးဖြစ်သူနှင့်အတူ နေအိမ်တွင်ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နှင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးမြင့်သည် ပြင်းထန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံး သွားခဲ့သည်။ ၎င်းမြေးဖြစ်သူမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဦးမျိူးမြင့်ကတော့ အဲနေရာမှာပဲ ဆုံးသွားတယ်၊ သူ့မြေးကတော့ ဒဏ်ရာရသွားတယ်၊ ဘာကြောင့် ဒီလိုလုပ်ခံ ရလဲ ပစ်သွားတဲ့လူတွေက ဘယ်သူတွေလဲ ဆိုတာကတော့ ဘာမှမကြားမိသေးဘူး၊ စစ်တပ်ကနေ စစ်ဆေးမှုတွေ လုပ်နေတာတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးမျိုးမြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေါက်ရပ်ကျေးရွာက ဒေသခံများ က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ် နည်းတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် လူသေဆုံးမှုများရှိနေသည့်အပြင် ယခုကဲ့သို့သော အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိလာခဲ့သည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေး (ဒလန်)ဟု သတ်မှတ်ခံရသူများ ပစ်သတ်ခံ ရမှု ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။

*** ZAWGYI ***
ဘီးလင္းတြင္ အမ်ိဳးသားတစ္ဦး ေသနတ္ပစ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၇ ရက္။

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ေဒါက္ရပ္ေက်း႐ြာေန ဦးမ်ိဳးျမင့္သည္ စက္တင္ဘာ ၄ ရက္ေန႔ ညေနပိုင္း အခ်ိန္ခန႔္က အသက္ ၈ ႏွစ္အ႐ြယ္ ေျမးျဖစ္သူႏွင့္အတူ ေနအိမ္တြင္ရွိေနစဥ္ အမည္မသိ ေသနတ္သမားႏွစ္ဦးက ဆိုင္ကယ္ႏွင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးမ်ိဳးျမင့္သည္ ျပင္းထန္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံး သြားခဲ့သည္။ ၎ေျမးျဖစ္သူမွာ ေျခေထာက္တြင္ ဒဏ္ရာရရွိခဲ့ၿပီး ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

“ဦးမ်ိဴးျမင့္ကေတာ့ အဲေနရာမွာပဲ ဆုံးသြားတယ္၊ သူ႔ေျမးကေတာ့ ဒဏ္ရာရသြားတယ္၊ ဘာေၾကာင့္ ဒီလိုလုပ္ခံ ရလဲ ပစ္သြားတဲ့လူေတြက ဘယ္သူေတြလဲ ဆိုတာကေတာ့ ဘာမွမၾကားမိေသးဘူး၊ စစ္တပ္ကေန စစ္ေဆးမႈေတြ လုပ္ေနတာေတာ့ရွိတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ဦးမ်ိဳးျမင့္ ပစ္သတ္ခံရသည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေက်း႐ြာအတြင္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနသည္ဟုလည္း ေဒါက္ရပ္ေက်း႐ြာက ေဒသခံမ်ား က ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဘီးလင္းၿမိဳ႕နယ္ နည္းတူ မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တို႔တြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာခဲ့သည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္နယ္အတြင္း၌ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈ ေၾကာင့္ လူေသဆုံးမႈမ်ားရွိေနသည့္အျပင္ ယခုကဲ့သို႔ေသာ အမည္မသိေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ လူေသဆုံးခဲ့ရသည့္ ျဖစ္စဥ္မ်ားလည္း ရွိလာခဲ့သည္။

အထူးသျဖင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပး (ဒလန္)ဟု သတ္မွတ္ခံရသူမ်ား ပစ္သတ္ခံ ရမႈ ဆက္တိုက္ျဖစ္ပြားလွ်က္ရွိသည္။