သဲကုန်းတွင် လက်လုပ်မိုင်း စမ်းသပ်စဉ် ပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ထဲက ဆင်တဲကုန်းကျေးရွာတွင် လက်လုပ်မိုင်းစမ်းသပ်နေစဉ် ပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်လောက်တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဆင်တဲကုန်းရွာက ကြက်မွေးမြူရေးခြံတွင် လက် လုပ်မိုင်း စမ်းသပ်ပြုလုပ်နေစဉ် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်သားတွေ စစ်ဆေးကြတယ်။ ပြီးတော့ လက်လုပ်မိုင်း လုပ်နေရင်းက ပေါက်ကွဲတာ လို့ ပြောတယ်။ လက်လုပ်ရီမုဒ်မိုင်းပေါ့။ ပစ္စည်းတွေလည်း ဖမ်းမိတယ်လို့ သိရတယ်” ဟု ဒေသခံများက ပြော သည်။

ပေါက်ကွဲမှုကြောင့် အုတ်ဆွဲကျေးရွာက ကိုရန်ကျော် အသက် ၂၄ နှစ်သေဆုံးပြီး၊ ကြက်ခြံပိုင်ရှင် ဦးအုန်းဟန် အသက် ၃၇ နှစ်နှင့် လိပ်ပြာသိန်းသောင်းကျေးရွာနေ ကိုဇင်လင်းထက် အသက် ၂၄ နှစ် တို့ ဒဏ်ရာရရှိကာ လက် ရှိတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

ယင်းပေါက်ကွဲမှုအပြီးမှာ ခြံအတွင်းက လက်လုပ်မိုင်း ၅ လုံး၊ ဒီတိုနေတာ ၃၀ ခု၊ ယမ်းကြိုး(အမြန်) ၂၇ မီတာနှင့် ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ရကြောင်း ဒေသခံ န.စ.က အဖွဲ့က သတင်း ထုတ်ပြန် ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း သဲကုန်းမြို့နယ်ထဲက ကြို့ရပ်သာကျေးရွာတွင် လက်လုပ်မိုင်း ပြုလုပ် စဉ် ပေါက်ကွဲမှုကြောင့် ညီအစ်ကို နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

*** ZAWGYI ***
သဲကုန္းတြင္ လက္လုပ္မိုင္း စမ္းသပ္စဥ္ ေပါက္ကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္ထဲက ဆင္တဲကုန္းေက်း႐ြာတြင္ လက္လုပ္မိုင္းစမ္းသပ္ေနစဥ္ ေပါက္ကြဲမႈေၾကာင့္ ၁ ဦး ေသဆုံးၿပီး ၂ဦး ဒဏ္ရာအျပင္းအထန္ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၆ ရက္ေန႔၊ ည ၈ နာရီခြဲ အခ်ိန္ေလာက္တြင္ ျပည္ခ႐ိုင္၊ သဲကုန္းၿမိဳ႕နယ္ ဆင္တဲကုန္း႐ြာက ၾကက္ေမြးျမဴေရးၿခံတြင္ လက္ လုပ္မိုင္း စမ္းသပ္ျပဳလုပ္ေနစဥ္ မေတာ္တဆ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ေပါက္ကြဲမႈျဖစ္ၿပီးေတာ့ စစ္သားေတြ စစ္ေဆးၾကတယ္။ ၿပီးေတာ့ လက္လုပ္မိုင္း လုပ္ေနရင္းက ေပါက္ကြဲတာ လို႔ ေျပာတယ္။ လက္လုပ္ရီမုဒ္မိုင္းေပါ့။ ပစၥည္းေတြလည္း ဖမ္းမိတယ္လို႔ သိရတယ္” ဟု ေဒသခံမ်ားက ေျပာ သည္။

ေပါက္ကြဲမႈေၾကာင့္ အုတ္ဆြဲေက်း႐ြာက ကိုရန္ေက်ာ္ အသက္ ၂၄ ႏွစ္ေသဆုံးၿပီး၊ ၾကက္ၿခံပိုင္ရွင္ ဦးအုန္းဟန္ အသက္ ၃၇ ႏွစ္ႏွင့္ လိပ္ျပာသိန္းေသာင္းေက်း႐ြာေန ကိုဇင္လင္းထက္ အသက္ ၂၄ ႏွစ္ တို႔ ဒဏ္ရာရရွိကာ လက္ ရွိတြင္ ေဆးကုသမႈ ခံယူေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယင္းေပါက္ကြဲမႈအၿပီးမွာ ၿခံအတြင္းက လက္လုပ္မိုင္း ၅ လုံး၊ ဒီတိုေနတာ ၃၀ ခု၊ ယမ္းႀကိဳး(အျမန္) ၂၇ မီတာႏွင့္ ေဖာက္ခြဲရာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္းမ်ားကို ေတြ႕ရွိခဲ့ရေၾကာင္း ေဒသခံ န.စ.က အဖြဲ႕က သတင္း ထုတ္ျပန္ ခဲ့သည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၄ ရက္ေန႔ကလည္း သဲကုန္းၿမိဳ႕နယ္ထဲက ႀကိဳ႕ရပ္သာေက်း႐ြာတြင္ လက္လုပ္မိုင္း ျပဳလုပ္ စဥ္ ေပါက္ကြဲမႈေၾကာင့္ ညီအစ္ကို ႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။