ကျောက်ထု PDF က စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

စက်တင်ဘာ ၉ရက်နေ့ (ယနေ့) နံနက်ပိုင်းက ကျောက်ထု မှ ပခုက္ကူဘက်သို့သွားသည့် စစ်ကောင်စီကား ၄ စီး ကို ပုံတောင်ပုံညာတောင်ကြောတွင် ကျောက်ထု PDF က မိုင်းဆွဲတိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

“စစ်ကောင်စီဘက်မှ အထိအခိုက်ရှိပေမယ့် တိုက်ပွဲအခြေအနေအရ အကျအဆုံးကို အတည်မပြုနိုင်ခြင်း တော့ မရှိဘူး” ဟု ကျောက်ထု PDF က ဆိုထားသည်။

၎င်း ကျောက်ထု PDF ဘက်မှ ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြကြောင်းလည်း ပြောသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ရေစကြိုမြို့နယ် ဆန်းသစ်ရွာ တောင်ဘက်တွင် စက်တင်ဘာလ ၈ ရက်နေ့က PDF တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“မိုင်းလဲကွဲပြီးရော ယာဉ်ပေါ်ပါတဲ့ သူတွေက ရမ်းသမ်းပစ်တယ်။ မိုင်းကပြင်းတော့ စစ်ကောင်စီဘက်က သေ ဆုံးမှု ရှိနိုင်တယ်” ဟု ဆန်းသစ်ရွာက ဒေသခံ တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့၊ ည ၉ နာရီဝန်းကျင်ကလည်း မကွေးတိုင်း ဂန့်ဂေါမြို့တွင် ကင်းလှည့်နေသည့် စစ် ကောင်စီ လက်နက်ကိုင် ယာဉ်တန်းကို YDF က ကြားဖြတ် ပစ်ခတ်ရာတွင် စစ်ကောင်စီ လက်နက်ကိုင် ၉ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ယောဒေသကာကွယ်ရေး တပ်ဖွဲ့ YDF က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်း အတာ ဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြရန်၊ ပြည်သူတစ်ရပ်လုံး ပြည်သူတော်လှန် ရေးဆင်းနွဲရန် ကြေငြာပြီးနောက်ပိုင်း မကွေးတိုင်းက နေရာအနှံအပြားတွင် PDF များ၏ တိုက်ခိုက်မှုများ ခပ်စိပ် စိပ် ဖြစ်လာခဲ့သည်။

*** ZAWGYI ***
ေက်ာက္ထု PDF က စစ္ေကာင္စီ ယာဥ္တန္းကို မိုင္းဆြဲ တိုက္ခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

စက္တင္ဘာ ၉ရက္ေန႔ (ယေန႔) နံနက္ပိုင္းက ေက်ာက္ထု မွ ပခုကၠဴဘက္သို႔သြားသည့္ စစ္ေကာင္စီကား ၄ စီး ကို ပုံေတာင္ပုံညာေတာင္ေၾကာတြင္ ေက်ာက္ထု PDF က မိုင္းဆြဲတိုက္ခဲ့ၿပီး ႏွစ္ဖက္ထိေတြ႕မႈ ျဖစ္ပြားခဲ့သည္ဟု ၎အဖြဲ႕က သတင္းထုတ္ျပန္သည္။

“စစ္ေကာင္စီဘက္မွ အထိအခိုက္ရွိေပမယ့္ တိုက္ပြဲအေျခအေနအရ အက်အဆုံးကို အတည္မျပဳႏိုင္ျခင္း ေတာ့ မရွိဘူး” ဟု ေက်ာက္ထု PDF က ဆိုထားသည္။

၎ ေက်ာက္ထု PDF ဘက္မွ ရဲေဘာ္မ်ားအားလုံး အထိအခိုက္မရွိ ဆုတ္ခြာႏိုင္ခဲ့ၾကေၾကာင္းလည္း ေျပာသည္။

မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕နယ္မွ ထြက္လာသည့္ စစ္ေကာင္စီယာဥ္တန္းကို ေရစႀကိဳၿမိဳ႕နယ္ ဆန္းသစ္႐ြာ ေတာင္ဘက္တြင္ စက္တင္ဘာလ ၈ ရက္ေန႔က PDF တပ္ဖြဲ႕မ်ားက မိုင္းဆြဲတိုက္ခိုက္ခဲ့ၾကျခင္း ျဖစ္သည္ဟု ေဒသခံတစ္ဦး က ေျပာသည္။

“မိုင္းလဲကြဲၿပီးေရာ ယာဥ္ေပၚပါတဲ့ သူေတြက ရမ္းသမ္းပစ္တယ္။ မိုင္းကျပင္းေတာ့ စစ္ေကာင္စီဘက္က ေသ ဆုံးမႈ ရွိႏိုင္တယ္” ဟု ဆန္းသစ္႐ြာက ေဒသခံ တစ္ဦးက ေျပာသည္။

စက္တင္ဘာလ ၇ ရက္ေန႔၊ ည ၉ နာရီဝန္းက်င္ကလည္း မေကြးတိုင္း ဂန႔္ေဂါၿမိဳ႕တြင္ ကင္းလွည့္ေနသည့္ စစ္ ေကာင္စီ လက္နက္ကိုင္ ယာဥ္တန္းကို YDF က ၾကားျဖတ္ ပစ္ခတ္ရာတြင္ စစ္ေကာင္စီ လက္နက္ကိုင္ ၉ ဦးခန႔္ ေသဆုံးၿပီး ဒဏ္ရာရရွိသူမ်ားလည္းရွိသည္ဟု ေယာေဒသကာကြယ္ေရး တပ္ဖြဲ႕ YDF က ထုတ္ျပန္ထားသည္။

စက္တင္ဘာ ၇ ရက္က အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ၏ စစ္အုပ္ခ်ဳပ္ေရးကို တစ္ႏိုင္ငံလုံးအတိုင္း အတာ ျဖင့္ လွည္းေနေလွေအာင္း ျမင္းေစာင္းမက်န္ တြန္းလွန္ တိုက္ဖ်က္ၾကရန္၊ ျပည္သူတစ္ရပ္လုံး ျပည္သူေတာ္လွန္ ေရးဆင္းႏြဲရန္ ေၾကျငာၿပီးေနာက္ပိုင္း မေကြးတိုင္းက ေနရာအႏွံအျပားတြင္ PDF မ်ား၏ တိုက္ခိုက္မႈမ်ား ခပ္စိပ္ စိပ္ ျဖစ္လာခဲ့သည္။