ရန်ကုန်တွင် ပေါက်ကွဲမှုများ ဖြစ်၊ လူအချို့ ပစ်ခတ် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ရန်ကုန်-သန်လျင် ရထား လမ်းပိုင်းဘေးရှိ ရဲကင်းတစ်ခု စက်တင်ဘာ ၉ ရက် (ယနေ့) နေ့လည်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူတစ်ချို့ကို ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ က ပြောသည်။

“သူတို့အပစ်ခံရပြီး ခဏကြာတော့စစ်ခွေးတွေရောက်လာပြီး ပစ်ဖမ်းနေတာ။ လူတချို့ထိထားတာ တော့ တွေ့ တယ်” ဟု မျက်မြင် တွေ့ရှိခဲ့သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရထား သံလမ်းဘေးရှိ ရဲကင်း ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့်တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ လမ်းမကြီးအချို့တွင် လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ် ခဲ့သည်။

ထို့နောက် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက် ဖြစ် ပေါ်ခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း မော်တော်ဆိုင် ကယ် Taxi ကယ်ရီ မောင်းနှင်သူ အမျိုးသား တစ်ဦး က “ကျနော်တို့လည်း ပစ်ဖမ်းနေတယ်ကြားလို့ ကယ်ရီမဆွဲတော့ပဲ ပြန်လာတာ။ ပြန်လာပြီးမှ အုန်းခနဲ ၂ ချက် ပေါက်သံ ထပ် ကြားရတယ်။ သိမ်ချောင်းဖက်မှာ ထင်တယ်” ဟု ပြော သည်။

ထို့အတူ စမ်းချောင်းမြို့နယ်အတွင်း လှည့်ကင်းပတ်နေသည့် စစ်ကောင်စီယာဉ်လည်း ဗုံးပစ်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး သွားခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အချို့သို့ ဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း စမ်းချောင်းမြို့နယ် အတွင်း နေထိုင်သူများ က ဆိုသည်။

စက်တင်ဘာလ ၇ ရက်က NUG ၏ ပြည်သူ့တော်လှန်ရေးကို လှည်းနေလှေအောင်းမြင်းဇောင်းပါ မကျန် ဆင်နွဲ ကြရန် ကြေငြာခဲ့ပြီးနောက် ရန်ကုန်မြို့က အနှံ့အပြားတွင် ဗုံးကွဲမှုများ၊ သေနတ်သံများ၊ ညဘက်ဖမ်းဆီးမှုများ ယခင်ကထက် ဆက်တိုက် ဖြစ်လာနေသည်ဟု မြို့ခံများက ပြောသည်။

*** ZAWGYI ***
ရန္ကုန္တြင္ ေပါက္ကြဲမႈမ်ား ျဖစ္၊ လူအခ်ိဳ႕ ပစ္ခတ္ ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ရန္ကုန္-သန္လ်င္ ရထား လမ္းပိုင္းေဘးရွိ ရဲကင္းတစ္ခု စက္တင္ဘာ ၉ ရက္ (ယေန႔) ေန႔လည္ပိုင္းက ပစ္ခတ္တိုက္ခိုက္ခံၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လူတစ္ခ်ိဳ႕ကို ပစ္ခတ္ ဖမ္းဆီးခဲ့ေၾကာင္း ေဒသခံမ်ား က ေျပာသည္။

“သူတို႔အပစ္ခံရၿပီး ခဏၾကာေတာ့စစ္ေခြးေတြေရာက္လာၿပီး ပစ္ဖမ္းေနတာ။ လူတခ်ိဳ႕ထိထားတာ ေတာ့ ေတြ႕ တယ္” ဟု မ်က္ျမင္ ေတြ႕ရွိခဲ့သူ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး က ေျပာသည္။

ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းၿမိဳ႕နယ္ ရထား သံလမ္းေဘးရွိ ရဲကင္း ပစ္ခတ္တိုက္ခိုက္ခံရသျဖင့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္အခ်ိဳ႕ ဒဏ္ရာရရွိခဲ့သည္။

ထို႔ေၾကာင့္ေတာင္ဒဂုံၿမိဳ႕နယ္ႏွင့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္းရွိ လမ္းမႀကီးအခ်ိဳ႕တြင္ လမ္းသြားလမ္းလာမ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ ခဲ့သည္။

ထို႔ေနာက္ မြန္းလြဲ ၃ နာရီဝန္းက်င္ခန႔္ကလည္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ အတြင္း ေပါက္ကြဲမႈႏွစ္ႀကိမ္ ဆက္တိုက္ ျဖစ္ ေပၚခဲ့သည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ အတြင္း ေမာ္ေတာ္ဆိုင္ ကယ္ Taxi ကယ္ရီ ေမာင္းႏွင္သူ အမ်ိဳးသား တစ္ဦး က “က်ေနာ္တို႔လည္း ပစ္ဖမ္းေနတယ္ၾကားလို႔ ကယ္ရီမဆြဲေတာ့ပဲ ျပန္လာတာ။ ျပန္လာၿပီးမွ အုန္းခနဲ ၂ ခ်က္ ေပါက္သံ ထပ္ ၾကားရတယ္။ သိမ္ေခ်ာင္းဖက္မွာ ထင္တယ္” ဟု ေျပာသည္။

ထို႔အတူ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း လွည့္ကင္းပတ္ေနသည့္ စစ္ေကာင္စီယာဥ္လည္း ဗုံးပစ္ခံရၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ႏွစ္ဦးေသဆုံး သြားခဲ့သျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ရပ္ကြက္အခ်ိဳ႕သို႔ ဝင္ေရာက္ပစ္ခတ္မႈမ်ား ျပဳလုပ္ေနေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ အတြင္း ေနထိုင္သူမ်ား က ဆိုသည္။

စက္တင္ဘာလ ၇ ရက္က NUG ၏ ျပည္သူ႔ေတာ္လွန္ေရးကို လွည္းေနေလွေအာင္းျမင္းေဇာင္းပါ မက်န္ ဆင္ႏြဲ ၾကရန္ ေၾကျငာခဲ့ၿပီးေနာက္ ရန္ကုန္ၿမိဳ႕က အႏွံ႔အျပားတြင္ ဗုံးကြဲမႈမ်ား၊ ေသနတ္သံမ်ား၊ ညဘက္ဖမ္းဆီးမႈမ်ား ယခင္ကထက္ ဆက္တိုက္ ျဖစ္လာေနသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။