ငပုတော ဒေသခံနှစ်ဦး PDF ဟု စွပ်စွဲကာ ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့ နယ် က ဒေသခံ ရွာသား နှစ်ဦးကို PDF ဟု ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ငပုတောမြို့နယ်၊ ငရုတ်ကောင်း ကမ်းခြေမြို့ ဒေသရှိ သစ်ရောင်းရွာ၌ နေထိုင်သူ ဦးလှမြင့် နှင့် အသက် ၂၀ အရွယ် လူငယ် ၁ ဦး တို့ကို စက်တင်ဘာလ ၈ ရက်နေ့က စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

“ဒီမနက် ၈ နာရီလောက်က စစ်သားတွေ ရွာထဲဝင်လာပြီး ဦးလှမြင့် နဲ့ ဦးငကျိတ်ကို လာဖမ်းတာမှာ ဦးကျိတ်ကို မတွေ့လို့ အသက် ၂၀ လောက်ရှိတဲ့ ဦးကျိတ်သားကို ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

စစ်ကောင်စီက ရှာဖွေနေသည့် လွတ်မြောက်နေသူ ဦးငကျိတ် သည် NLD ပါ တီဝင် တစ်ဦးဖြစ်ပြီး ၎င်းက ယနေ့ အချိန်ထိ ထွက်ပြေးပုန်းရှောင်နေရသည်။

ယခုဖမ်းခံထားသူ နှစ်ဦးကို သစ်ရောင်းရွာ အနီးရှိ ကွမ်းသီးတောရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ် ကောင်စီ ယာယီ တပ်စခန်း၌ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံများက ပြောသည်။

“ရိုက်နှက် စစ်မေးနေတယ်လို့ သိရတယ်။ အရမ်းစိုးရိမ်နေမိတယ်။ အခုထိ အဆက်အသွယ် မရသေးဘူး” ဟု ဖမ်းဆီးခံရသူများ၏ ဆွေမျိုးသားချင်း တစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်များက ငရုတ်ကောင်း ကမ်းခြေမြို့ ဒေသရှိ သစ်ရောင်းရွာတွင် PDF များရှိနေဟု စွပ်စွဲပြော ဆို ကာ ကျေးရွာအတွင်းရှိ ယောင်္ကျားများကို စုစည်းခိုင်းပြီး ထိုသူ နှစ်ဦးကို ဖမ်းဆီး ရိုက်နှက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

*** ZAWGYI ***
ငပုေတာ ေဒသခံႏွစ္ဦး PDF ဟု စြပ္စြဲကာ ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ငပုေတာၿမိဳ႕ နယ္ က ေဒသခံ ႐ြာသား ႏွစ္ဦးကို PDF ဟု ဆိုကာ စစ္ေကာင္စီတပ္က ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ငပုေတာၿမိဳ႕နယ္၊ င႐ုတ္ေကာင္း ကမ္းေျခၿမိဳ႕ ေဒသရွိ သစ္ေရာင္း႐ြာ၌ ေနထိုင္သူ ဦးလွျမင့္ ႏွင့္ အသက္ ၂၀ အ႐ြယ္ လူငယ္ ၁ ဦး တို႔ကို စက္တင္ဘာလ ၈ ရက္ေန႔က စစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးလိုက္ျခင္းျဖစ္သည္ဟု ေဒသခံမ်ား ကေျပာသည္။

“ဒီမနက္ ၈ နာရီေလာက္က စစ္သားေတြ ႐ြာထဲဝင္လာၿပီး ဦးလွျမင့္ နဲ႔ ဦးငက်ိတ္ကို လာဖမ္းတာမွာ ဦးက်ိတ္ကို မေတြ႕လို႔ အသက္ ၂၀ ေလာက္ရွိတဲ့ ဦးက်ိတ္သားကို ဖမ္းသြားတာ” ဟု ေဒသခံတစ္ဦး က ေျပာသည္။

စစ္ေကာင္စီက ရွာေဖြေနသည့္ လြတ္ေျမာက္ေနသူ ဦးငက်ိတ္ သည္ NLD ပါ တီဝင္ တစ္ဦးျဖစ္ၿပီး ၎က ယေန႔ အခ်ိန္ထိ ထြက္ေျပးပုန္းေရွာင္ေနရသည္။

ယခုဖမ္းခံထားသူ ႏွစ္ဦးကို သစ္ေရာင္း႐ြာ အနီးရွိ ကြမ္းသီးေတာ႐ြာ စာသင္ေက်ာင္းတြင္ တပ္စြဲထားသည့္ စစ္ ေကာင္စီ ယာယီ တပ္စခန္း၌ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

“႐ိုက္ႏွက္ စစ္ေမးေနတယ္လို႔ သိရတယ္။ အရမ္းစိုးရိမ္ေနမိတယ္။ အခုထိ အဆက္အသြယ္ မရေသးဘူး” ဟု ဖမ္းဆီးခံရသူမ်ား၏ ေဆြမ်ိဳးသားခ်င္း တစ္ဦး က ေျပာသည္။

စစ္ေကာင္စီတပ္မ်ားက င႐ုတ္ေကာင္း ကမ္းေျခၿမိဳ႕ ေဒသရွိ သစ္ေရာင္း႐ြာတြင္ PDF မ်ားရွိေနဟု စြပ္စြဲေျပာ ဆို ကာ ေက်း႐ြာအတြင္းရွိ ေယာက်ၤားမ်ားကို စုစည္းခိုင္းၿပီး ထိုသူ ႏွစ္ဦးကို ဖမ္းဆီး ႐ိုက္ႏွက္ ေခၚေဆာင္သြားျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။