ကင်းစခန်းအနီး ဆဲဆိုသူကို သေနတ်ဖောက်ခြောက်လှန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ဧရာ၀တီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ အနီးတွင် စစ်ကောင်စီ ကင်းစခန်းကို ဆဲဆိုသူအား တာဝန် ကျ စစ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ပုသိမ်မြို့ တစ်ဘက်ကမ်း၊ အမှတ် ၉ ရပ်ကွက် ပုသိမ်တံတားမြစ်ကူး တံတားသစ် အဆင်း သင်္ဘောကျဥ်း နယ်မြေ ရဲစခန်းရှေ့ စစ်ကောင်စီကင်းစခန်းရှိ တပ်ဖွဲ့ဝင်များကို အမျိုးသားတစ်ဦးက ဆဲဆိုသည့်အတွက် ပစ်ခတ်မှု ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ကျရဲအရာရှိ တစ်ဦး က ပြောသည်။

“အရက်မူးပြီး လာဆဲတာ ဖြစ်မယ်။ အဲဒါကို ခြောက်လှန့်ပြီး မိုးပေါ်ထောင် ပစ်လိုက်တာပါ” ဟု သင်္ဘောကျဥ်း နယ်မြေရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့ ည ၉နာရီ အချိန်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကင်းစခန်းဘက်က သေနတ်သံ နှစ်ချက်ကြားရသည့်အတွက် မည်သူမှ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြကြောင်း ယင်းလမ်းတွင် နေထိုင်သူ အချို့က ပြောသည်။

စစ်ကောင်စီကင်းစခန်းရှိ တပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့သည့် အမျိုးသားကို ယနေ့အချိန်ထိ ဖမ်းမိဟန် မရှိကြောင်းနှင့် ဆဲဆိုသူမှာ မည်သူဖြစ်သည်ကိုလည်း မသိရသေးဘူးဟု အဆိုပါလမ်းအတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။

ဇွန်လ အတွင်းကလည်း ပုသိမ်မြို့ တဂေါင်းဘုရားတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကိုလာရောက် ဆဲဆိုသည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ကာ လိုက်လံ ဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီး၍ မရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်တစ်ဘက်ကမ်း သင်္ဘောကျဥ်း နယ်မြေ ရဲစခန်းကို ဇူလိုင်လအတွင်း တစ်ရက်တည်းမှာပင် အမည်မသိ သူအချို့က ဗုံးနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဆိုသသည်။

သို့သော်လည်း ထိုဖောက်ခွဲမှုတွင် ထိခိုက် သေဆုံး ဒဏ်ရာရရှိမှု မရှိခဲ့ဘူးဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ကင္းစခန္းအနီး ဆဲဆိုသူကို ေသနတ္ေဖာက္ေျခာက္လွန႔္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္။

ဧရာ၀တီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕ အနီးတြင္ စစ္ေကာင္စီ ကင္းစခန္းကို ဆဲဆိုသူအား တာဝန္ က် စစ္သားက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္။

ပုသိမ္ၿမိဳ႕ တစ္ဘက္ကမ္း၊ အမွတ္ ၉ ရပ္ကြက္ ပုသိမ္တံတားျမစ္ကူး တံတားသစ္ အဆင္း သေဘၤာက်ဥ္း နယ္ေျမ ရဲစခန္းေရွ႕ စစ္ေကာင္စီကင္းစခန္းရွိ တပ္ဖြဲ႕ဝင္မ်ားကို အမ်ိဳးသားတစ္ဦးက ဆဲဆိုသည့္အတြက္ ပစ္ခတ္မႈ ျဖစ္ ပြားခဲ့ျခင္း ျဖစ္သည္ဟု တာဝန္က်ရဲအရာရွိ တစ္ဦး က ေျပာသည္။

“အရက္မူးၿပီး လာဆဲတာ ျဖစ္မယ္။ အဲဒါကို ေျခာက္လွန္႔ၿပီး မိုးေပၚေထာင္ ပစ္လိုက္တာပါ” ဟု သေဘၤာက်ဥ္း နယ္ေျမရဲစခန္းမွ တာဝန္ရွိ ရဲအရာရွိ တစ္ဦးက ေျပာသည္။

စက္တင္ဘာ ၇ ရက္ေန႔ ည ၉နာရီ အခ်ိန္ခန႔္က ပစ္ခတ္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ကင္းစခန္းဘက္က ေသနတ္သံ ႏွစ္ခ်က္ၾကားရသည့္အတြက္ မည္သူမွ အိမ္ထဲက အိမ္ျပင္ မထြက္ရဲၾကေၾကာင္း ယင္းလမ္းတြင္ ေနထိုင္သူ အခ်ိဳ႕က ေျပာသည္။

စစ္ေကာင္စီကင္းစခန္းရွိ တပ္ဖြဲ႕ဝင္မ်ားကို ဆဲဆိုခဲ့သည့္ အမ်ိဳးသားကို ယေန႔အခ်ိန္ထိ ဖမ္းမိဟန္ မရွိေၾကာင္းႏွင့္ ဆဲဆိုသူမွာ မည္သူျဖစ္သည္ကိုလည္း မသိရေသးဘူးဟု အဆိုပါလမ္းအတြင္းေနထိုင္သူ တစ္ဦးက ေျပာသည္။

ဇြန္လ အတြင္းကလည္း ပုသိမ္ၿမိဳ႕ တေဂါင္းဘုရားတြင္ တပ္စြဲထားသည့္ စစ္တပ္စခန္းကိုလာေရာက္ ဆဲဆိုသည့္ အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ ပစ္ခတ္ကာ လိုက္လံ ဖမ္းဆီးခဲ့ေသာ္လည္း ဖမ္းဆီး၍ မရခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ပုသိမ္တစ္ဘက္ကမ္း သေဘၤာက်ဥ္း နယ္ေျမ ရဲစခန္းကို ဇူလိုင္လအတြင္း တစ္ရက္တည္းမွာပင္ အမည္မသိ သူအခ်ိဳ႕က ဗုံးႏွစ္လုံး ေဖာက္ခြဲတိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္လည္း ရွိခဲ့သည္ဟု ဆိုသသည္။

သို႔ေသာ္လည္း ထိုေဖာက္ခြဲမႈတြင္ ထိခိုက္ ေသဆုံး ဒဏ္ရာရရွိမႈ မရွိခဲ့ဘူးဟု ေဒသခံမ်ားက ေျပာသည္။