တနင်္သာရီတိုင်း တိုက်ပွဲများကြောင့် ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့အနီး KNU ထိန်းချုပ်ရာနယ်မြေအတွင်း KNU၊ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ခန့် ဘေးလွတ်ရာ ထွက်ပြေး ရှောင်တိမ်းနေရသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာ အနီးတစ်ဝိုက်ရှိ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဆားခဲနှင့် ဒူးရင်းပင်ရှောင်ကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူ အိမ်ခြေ ၃၀၀ ခန့်၊ လူဦးရေ တစ်ထောင်ကျော် ခန့် ရှိနိုင်ကြောင်း Palaw Regional Defence Force – PDRF မှ ပြန်ကြားရေးတာဝန်ခံ က သတင်းထုတ်ပြန် ထားသည်။

“ရွာကလူတွေ အကုန်လုံးလိုလို ကြောက်လန့်ပြီးပြေးနေရတယ်၊ တိုက်ပွဲမဖြစ်ခင်ထဲက ကြိုပီးရှောင်တိမ်းနေသူ တွေလဲရှိတယ်“ ဟု အသက် ၅၀ ခန့် အရွယ် ပိန္နဲတောင်ကျေးရွာသား တစ်ဦး က ပြောသည်။

ပုလောမြို့နှင့် ခြောက်မိုင်ခန့်အကွာ ဆားခဲကျေးရွာနှင့် ပိန္နဲတောင်ကျေးရွာ နယ်စပ်တွင် စက်တင်ဘာ ၇ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နေရပ်စွန့်ခွာပြီး ရှောင်တိမ်းနေသူထဲတွင် အချို့သည် မိမိသိကျွမ်းရာ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် အနီးအနားက တောင်ယာများထဲတွင် ခိုလှုံပုန်းအောင်းနေကြရပြီး အချို့သည် စစ်ဘေးရှောင်စခန်း (IDPs camp) များတွင် တိမ်း ရှောင်နေကြရကြောင်း ပိန္နဲတောင်ကျေးရွာက ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာများထဲသို့ မကြာခဏရောက်ရှိလာကာ ဖမ်းဆီးစစ်ဆေးမှုများရှိနေခြင်းနှင့် စစ် တပ်က KNUထိန်းချုပ်နယ်မြေအတွင်း ကျူးကျော် ဝင်ရောက်လာမှုများကြောင့် စိုးရိမ်ထိတ်လန့်ပြီး ကြိုတင် တိမ်းရှောင်သူ များလည်းရှိသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်သည့်အတွက် ရွာသားများသည် လက်ရှိအချိန်ထိ ၎င်းတို့၏ ကျေးရွာများသို့ မပြန်ကြသေး ဟု ဆိုသည်။

ထို့ကြောင့် စစ်ဘေးရှောင် ရွာသားများအတွက် စားနပ်ရိက္ခာနှင့် ယာယီနေထိုင်နိုင်ရန် အမိုးအကာ တာလပတ်များ အရေးတကြီး လိုအပ်နေသည်ဟု PRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒူးရင်းပင်ရှောင် နှင့် ဆားခဲကျေးရွာများသည် လူနေအိမ်ခြေများသည့် ရွာကြီးများဖြစ်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်သည့်ကျေးရွာများလည်းဖြစ်သည်။

ပိန္နဲတောင်ကျေးရွာသည် အိမ်ခြေ ၁၀၀ နီးပါးခန့် ရှိကာ ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တပ်မဟာ ၄၊ တပ်ခွဲ ၂၊ တပ်ရင်း ၇ နှင့်ထိစပ်နေသည့် ကျေးရွာဖြစ်သည်။

စက်တင်ဘာလ ၇ ရက်နေ့ က စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၄၊ PDF၊ PRDF ပူးပေါင်းအဖွဲ့ တို့ အကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၄ ဦးကျဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ပြီး KNUနှင့် PDF များဘက်က အထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

*** ZAWGYI ***
တနသၤာရီတိုင္း တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ၁၀၀၀ ေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္ ပုေလာၿမိဳ႕အနီး KNU ထိန္းခ်ဳပ္ရာနယ္ေျမအတြင္း KNU၊ ေဒသခံျပည္သူ႔ ကာကြယ္ေရးတပ္ ပူးေပါင္းအဖြဲ႕မ်ား ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူ ၁၀၀၀ ေက်ာ္ခန႔္ ေဘးလြတ္ရာ ထြက္ေျပး ေရွာင္တိမ္းေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

တိုက္ပြဲျဖစ္ပြားခဲ့သည့္ ေနရာ အနီးတစ္ဝိုက္ရွိ ေက်ာင္းနိမ့္၊ ပိႏၷဲေတာင္၊ ဆားခဲႏွင့္ ဒူးရင္းပင္ေရွာင္ေက်း႐ြာတို႔မွ စစ္ေဘးေရွာင္ျပည္သူ အိမ္ေျခ ၃၀၀ ခန႔္၊ လူဦးေရ တစ္ေထာင္ေက်ာ္ ခန႔္ ရွိႏိုင္ေၾကာင္း Palaw Regional Defence Force – PDRF မွ ျပန္ၾကားေရးတာဝန္ခံ က သတင္းထုတ္ျပန္ ထားသည္။

“႐ြာကလူေတြ အကုန္လုံးလိုလို ေၾကာက္လန႔္ၿပီးေျပးေနရတယ္၊ တိုက္ပြဲမျဖစ္ခင္ထဲက ႀကိဳပီးေရွာင္တိမ္းေနသူ ေတြလဲရွိတယ္“ ဟု အသက္ ၅၀ ခန႔္ အ႐ြယ္ ပိႏၷဲေတာင္ေက်း႐ြာသား တစ္ဦး က ေျပာသည္။

ပုေလာၿမိဳ႕ႏွင့္ ေျခာက္မိုင္ခန႔္အကြာ ဆားခဲေက်း႐ြာႏွင့္ ပိႏၷဲေတာင္ေက်း႐ြာ နယ္စပ္တြင္ စက္တင္ဘာ ၇ရက္ေန႔ နံနက္ပိုင္းက တိုက္ပြဲျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ေနရပ္စြန႔္ခြာၿပီး ေရွာင္တိမ္းေနသူထဲတြင္ အခ်ိဳ႕သည္ မိမိသိကြၽမ္းရာ မိတ္ေဆြမ်ား၊ ေဆြမ်ိဳးမ်ားႏွင့္ အနီးအနားက ေတာင္ယာမ်ားထဲတြင္ ခိုလႈံပုန္းေအာင္းေနၾကရၿပီး အခ်ိဳ႕သည္ စစ္ေဘးေရွာင္စခန္း (IDPs camp) မ်ားတြင္ တိမ္း ေရွာင္ေနၾကရေၾကာင္း ပိႏၷဲေတာင္ေက်း႐ြာက ေဒသခံမ်ားက ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕မ်ား ေက်း႐ြာမ်ားထဲသို႔ မၾကာခဏေရာက္ရွိလာကာ ဖမ္းဆီးစစ္ေဆးမႈမ်ားရွိေနျခင္းႏွင့္ စစ္ တပ္က KNUထိန္းခ်ဳပ္နယ္ေျမအတြင္း က်ဴးေက်ာ္ ဝင္ေရာက္လာမႈမ်ားေၾကာင့္ စိုးရိမ္ထိတ္လန႔္ၿပီး ႀကိဳတင္ တိမ္းေရွာင္သူ မ်ားလည္းရွိသည္ဟု ေဒသခံ ႐ြာသားမ်ားက ေျပာသည္။

စက္တင္ဘာ ၇ ရက္ေန႔ ညေနပိုင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ျပန္လည္ဆုတ္ခြာသြားေသာ္လည္း အခ်ိန္မေ႐ြး တိုက္ပြဲ ျပန္ျဖစ္ႏိုင္သည့္အတြက္ ႐ြာသားမ်ားသည္ လက္ရွိအခ်ိန္ထိ ၎တို႔၏ ေက်း႐ြာမ်ားသို႔ မျပန္ၾကေသး ဟု ဆိုသည္။

ထို႔ေၾကာင့္ စစ္ေဘးေရွာင္ ႐ြာသားမ်ားအတြက္ စားနပ္ရိကၡာႏွင့္ ယာယီေနထိုင္ႏိုင္ရန္ အမိုးအကာ တာလပတ္မ်ား အေရးတႀကီး လိုအပ္ေနသည္ဟု PRDF ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။

ဒူးရင္းပင္ေရွာင္ ႏွင့္ ဆားခဲေက်း႐ြာမ်ားသည္ လူေနအိမ္ေျခမ်ားသည့္ ႐ြာႀကီးမ်ားျဖစ္ၿပီး ကရင္လူမ်ိဳးအမ်ားဆုံး ေနထိုင္သည့္ေက်း႐ြာမ်ားလည္းျဖစ္သည္။

ပိႏၷဲေတာင္ေက်း႐ြာသည္ အိမ္ေျခ ၁၀၀ နီးပါးခန႔္ ရွိကာ ကရင္အမ်ိဳးသားအစည္းအ႐ုံး/ကရင္လြတ္ေျမာက္ေရး တပ္မေတာ္ (KNU/KNLA) တပ္မဟာ ၄၊ တပ္ခြဲ ၂၊ တပ္ရင္း ၇ ႏွင့္ထိစပ္ေနသည့္ ေက်း႐ြာျဖစ္သည္။

စက္တင္ဘာလ ၇ ရက္ေန႔ က စစ္ေကာင္စီတပ္ႏွင့္ KNU တပ္မဟာ ၄၊ PDF၊ PRDF ပူးေပါင္းအဖြဲ႕ တို႔ အၾကား ျဖစ္ ပြားခဲ့သည့္ တိုက္ပြဲတြင္ စစ္ေကာင္စီဘက္က အရာရွိႏွစ္ဦးအပါအဝင္ ၄ ဦးက်ဆုံးကာ ၃၀ ေက်ာ္ ဒဏ္ရာရခဲ့ၿပီး KNUႏွင့္ PDF မ်ားဘက္က အထိအခိုက္ တစ္စုံတစ္ရာ မရွိခဲ့ေၾကာင္း သိရသည္။