ထားဝယ်ခရိုင်အတွင်း NLD ထောက်ခံသူ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝဗျောကျေးရွာတွင် နေထိုင်သည့် NLD ပါတီကို အားပေး ဝန်းရံသူတစ်ဦးအား လူနှစ်ဦးမှ နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၀ရက်နေ့ နံနက်ပိုင်း NLD ပါတီ ထောက်ခံသူ ဦးဂျပန်နေအား ၎င်း၏အိမ်အတွင်း အမျိုးသားနှစ်ဦး က ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နေရာတွင် သေဆုံးသွား သည်ဟု ဒေသခံရွာသားများ က ပြောသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသူ ဦးဂျပန်၏ အမျိုးသမီးမှာလည်း ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးရုံတင်ထားသည်ဟု သေဆုံးသွား သည်ဟု အသက် ၅၀ ခန့် အရွယ်ဒေသခံ ရွာသားတစ်ဦး က ပြောသည်။

“သေနတ်သံလိုမျိုးတော့ သုံးလေးချက် ကြားလိုက်တယ်။ ဒါပေမယ့် အင်ဂျင်စက်သံထင်ပြီး သွားမကြည့်ဖြစ်ခဲ့ ဘူး။ ခဏလေးနဲ့ အသံပျောက်သွားပြီး လူအော်ငြီးသံ ကြားရလို့ မသင်္ကာဖြစ်ပြီး သွားကြည့်တာ လဲကျနေတာ တွေ တွေ့တာပဲ” ဟု မျက်မြင်တွေ့ခဲ့သူ ဒေသခံရွာသားတစ်ဦး က ပြောသည်။

သေနတ်ဖြင့် လာရောက်သတ်သွားသူသည် မည်သူ၊ မည်ဝါဖြစ်သည်ကို အတိအကျမသိရဟု ရွာသားများက ပြောသည်။

သေဆုံးသူ ဦးဂျပန်သည် ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အား အထူးအားပေး ဝန်းရံသူတစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးနိုင်ရေး အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း ရှောင်တိမ်းနေခဲ့ခြင်းကြောင့် ဖမ်းမမိခဲ့ပဲ လွတ်မြောက်နေခဲ့သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံရွာသား များ က ပြောသည်။

ထားဝယ်ခရိုင်အတွင်း NLD ပါတီဝင်များနှင့် NLD ဝန်းရံသူများကို စီရင်သွားမည်ဟု ပျူစောထီးအဖွဲ့က ခြိမ်း ခြောက်ထားသည့် စာကို ဇွန်လကုန်ပိုင်းတွင် ဒေသအတွင်း ထုတ်ပြန်ဖြန့်ဝေခဲ့သည်များရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။

*** ZAWGYI ***
ထားဝယ္ခ႐ိုင္အတြင္း NLD ေထာက္ခံသူ တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၀ ရက္။

ထားဝယ္ခ႐ိုင္ ေလာင္းလုံၿမိဳ႕နယ္ ဝေဗ်ာေက်း႐ြာတြင္ ေနထိုင္သည့္ NLD ပါတီကို အားေပး ဝန္းရံသူတစ္ဦးအား လူႏွစ္ဦးမွ ေနအိမ္အတြင္း ဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္သတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာ ၁၀ရက္ေန႔ နံနက္ပိုင္း NLD ပါတီ ေထာက္ခံသူ ဦးဂ်ပန္ေနအား ၎၏အိမ္အတြင္း အမ်ိဳးသားႏွစ္ဦး က ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ ေနရာတြင္ ေသဆုံးသြား သည္ဟု ေဒသခံ႐ြာသားမ်ား က ေျပာသည္။

ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ ဦးဂ်ပန္၏ အမ်ိဳးသမီးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိၿပီး ေဆး႐ုံတင္ထားသည္ဟု ေသဆုံးသြား သည္ဟု အသက္ ၅၀ ခန႔္ အ႐ြယ္ေဒသခံ ႐ြာသားတစ္ဦး က ေျပာသည္။

“ေသနတ္သံလိုမ်ိဳးေတာ့ သုံးေလးခ်က္ ၾကားလိုက္တယ္။ ဒါေပမယ့္ အင္ဂ်င္စက္သံထင္ၿပီး သြားမၾကည့္ျဖစ္ခဲ့ ဘူး။ ခဏေလးနဲ႔ အသံေပ်ာက္သြားၿပီး လူေအာ္ၿငီးသံ ၾကားရလို႔ မသကၤာျဖစ္ၿပီး သြားၾကည့္တာ လဲက်ေနတာ ေတြ ေတြ႕တာပဲ” ဟု မ်က္ျမင္ေတြ႕ခဲ့သူ ေဒသခံ႐ြာသားတစ္ဦး က ေျပာသည္။

ေသနတ္ျဖင့္ လာေရာက္သတ္သြားသူသည္ မည္သူ၊ မည္ဝါျဖစ္သည္ကို အတိအက်မသိရဟု ႐ြာသားမ်ားက ေျပာသည္။

ေသဆုံးသူ ဦးဂ်ပန္သည္ ေ႐ြးေကာက္ပြဲကာလက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ အား အထူးအားေပး ဝန္းရံသူတစ္ဦးျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီက ဖမ္းဆီးႏိုင္ေရး အႀကိမ္ႀကိမ္ ႀကိဳးစား ခဲ့ေသာ္လည္း ေရွာင္တိမ္းေနခဲ့ျခင္းေၾကာင့္ ဖမ္းမမိခဲ့ပဲ လြတ္ေျမာက္ေနခဲ့သူ တစ္ဦး ျဖစ္သည္ဟု ေဒသခံ႐ြာသား မ်ား က ေျပာသည္။

ထားဝယ္ခ႐ိုင္အတြင္း NLD ပါတီဝင္မ်ားႏွင့္ NLD ဝန္းရံသူမ်ားကို စီရင္သြားမည္ဟု ပ်ဴေစာထီးအဖြဲ႕က ၿခိမ္း ေျခာက္ထားသည့္ စာကို ဇြန္လကုန္ပိုင္းတြင္ ေဒသအတြင္း ထုတ္ျပန္ျဖန႔္ေဝခဲ့သည္မ်ားရွိခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။