PDF များကို ထောက်ပံ့သည်ဟု ဆိုကာ CDM ဝန်ထမ်း အမျိုးသမီး တစ်ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။

မကွေးတိုင်း မင်းတုန်းမြို့ ကျန်းမာရေးဌာနက CDM ဝန်ထမ်းအမျိုးသမီး တစ်ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေက မကွေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

မစုဝေလွင်မှာ အဖမ်းမခံရမီ တစ်ရက်က သူမ၏ ကျပ်သိန်း၂၀ ကျော်ရှိသည့် Wave money အကောင့် ရုတ်တရက်ပိတ်ခံရပြီး နောက်ရက်တွင် ဓာတ်ပုံဖြင့်တိုက်ဆိုင်စစ်ဆေးပြီးဖမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။

Wave money အကောင့်ထဲက ငွေများသည် PDF များကိုထောက်ပံရန် ဆက်သွယ်ဆောင်ရွက်နေသည်ဟု စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူ တစ်ဦး က ပြောသည်။

”PDF တွေထောက်ပံ့ဖို့မဟုတ်ဘူးလားဆိုတဲ့ ပြောတာတွေကြားရတယ်” ဟု မစုဝေလွင်နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

မင်းတုန်းမြို့ ကျန်းမာရေးဌာနက CDM ဝန်ထမ်း မစုဝေလွင်သည် မကွေးမြို့သို့ အဖမ်းမခံရခင် တပတ်ခန့်က ရောက်ရှိနေခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆရာမ၏ မိဘများ မကွေးသို့လိုက်ရန်ပြင်ဆင်နေပြီး မည်သည့်နေရာတွင် ချုပ် ထားသည်ကိုစုံစမ်းနေကြောင်းသိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းကလည်း မင်းတုန်းမြို့က ဆယ်ကျော်သက်လူငယ် ၈ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ် တစ်ခုရှိခဲ့သည်။

*** ZAWGYI ***
PDF မ်ားကို ေထာက္ပံ့သည္ဟု ဆိုကာ CDM ဝန္ထမ္း အမ်ိဳးသမီး တစ္ဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၂ ရက္။

မေကြးတိုင္း မင္းတုန္းၿမိဳ႕ က်န္းမာေရးဌာနက CDM ဝန္ထမ္းအမ်ိဳးသမီး တစ္ဦးကို စက္တင္ဘာလ ၁၁ ရက္ေန႔ ညေနက မေကြးၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္။

မစုေဝလြင္မွာ အဖမ္းမခံရမီ တစ္ရက္က သူမ၏ က်ပ္သိန္း၂၀ ေက်ာ္ရွိသည့္ Wave money အေကာင့္ ႐ုတ္တရက္ပိတ္ခံရၿပီး ေနာက္ရက္တြင္ ဓာတ္ပုံျဖင့္တိုက္ဆိုင္စစ္ေဆးၿပီးဖမ္းခံရျခင္းျဖစ္ေၾကာင္းသိရသည္။

Wave money အေကာင့္ထဲက ေငြမ်ားသည္ PDF မ်ားကိုေထာက္ပံရန္ ဆက္သြယ္ေဆာင္႐ြက္ေနသည္ဟု စြပ္စြဲ ခ်က္ျဖင့္ ဖမ္းဆီးသြားျခင္း ျဖစ္ေၾကာင္း နီးစပ္သူ တစ္ဦး က ေျပာသည္။

”PDF ေတြေထာက္ပံ့ဖို႔မဟုတ္ဘူးလားဆိုတဲ့ ေျပာတာေတြၾကားရတယ္” ဟု မစုေဝလြင္ႏွင့္ နီးစပ္သူ တစ္ဦး က ေျပာသည္။

မင္းတုန္းၿမိဳ႕ က်န္းမာေရးဌာနက CDM ဝန္ထမ္း မစုေဝလြင္သည္ မေကြးၿမိဳ႕သို႔ အဖမ္းမခံရခင္ တပတ္ခန႔္က ေရာက္ရွိေနျခင္း ျဖစ္သည္။

စက္တင္ဘာလ ၁၂ ရက္ေန႔တြင္ ဆရာမ၏ မိဘမ်ား မေကြးသို႔လိုက္ရန္ျပင္ဆင္ေနၿပီး မည္သည့္ေနရာတြင္ ခ်ဳပ္ ထားသည္ကိုစုံစမ္းေနေၾကာင္းသိရသည္။

စက္တင္ဘာလ ၃ ရက္ေန႔ ညပိုင္းကလည္း မင္းတုန္းၿမိဳ႕က ဆယ္ေက်ာ္သက္လူငယ္ ၈ ဦး ဖမ္းဆီးခံရသည့္ ျဖစ္စဥ္ တစ္ခုရွိခဲ့သည္။