ပုသိမ်ထောင်တွင် ထောင်လန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ပုသိမ်အကျဉ်းထောင်၏ ထောင်လှန့် လေ့ကျင့်မှုအား ထောင်ဆူမှုဟုထင်ကာ ပြည်သူအချို့ထိတ်လန့်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက် ရှိ ပုသိမ်ထောင်တွင် စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီ ဝန်းကျင်အချိန်က ဒို့အရေး၊ ဒို့အရေး အော်သံများ ထွက်ပေါ်လာပြီးနောက် ဥသြဆွဲသံများ ထပ်မံကြားရသည့် အတွက် ထိတ်လန့် စိုးရိမ်ခဲ့ကြောင်း ထောင်အနီးက ရပ်ကွက်များတွင် နေထိုင်သူများက ပြောသည်။

“ရုတ်တရက် ဒို့အရေး အော်သံကြားတယ်။ ဥသြစွဲသံတွေက နာရီဝက်လောက် ကြာတယ်။ ထောင်ထဲက နိုင်ငံ ရေးသမားတွေနဲ့ ထောင်သားတွေ ဆန္ဒပြတယ် ထောင်မီးလောင်တယ် ထင်မိတာ။ စစ်တပ်က ပစ်သတ်ကြမှာကို လည်း စိုးရိမ်မိတာ” ဟု ပုသိမ်မြို့ခံ ဦးဆန်းဝင်း က ပြောသည်။

ပုသိမ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူကမူ ထောင်ဆူခြင်း မဟုတ်ပဲ ထောင်လှန့်သည့် လေ့ကျင့်ခန်းပြုလုပ်ခြင်း သာ ဖြစ်သည်ဟု ပြောသည်။

အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ထောင်လှန့်သည့် လေ့ကျင့်ခန်း နှင့် အကျဉ်းထောင်အတွင်း ရှာဖွေစစ်ဆေးရေး လေ့ကျင့်ခန်းများ လုပ်ကြောင်း ကိုဗစ်-၁၉ ကာလအတွင်း၌ ရပ်နားထားပြီး ယခုမှ ပြန်လည်လုပ်ဆောင်ခြင်း ဖြစ် ကြောင်း သိရသည်။

“ဖြစ်တဲ့အချိန်ကာလရယ် သိပ်မကြာတာရယ် နောက်ထပ် ထောင်ထဲက ဘာသံမှ ဆက်မကြားတော့တာရယ် တစ် နေ့လုံး စစ်ကောင်စီဘက်က ဘာလှုပ်ရှားမှု မှမရှိတာရယ်ကြောင့် ထောင်လှန့်တာ ဖြစ်မယ်” ဟု ထောင် တွင်း အတွေ့အကြုံရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး က ပြောသည်။

ပုသိမ်အကျဉ်းထောင်တွင် ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ က ထောင်တွင်းဆန္ဒပြသဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီး အဆောင်အချို့ မီးလောင်ခဲ့သည်။

ထို့အပြင် ၂၀၁၉ ခုနှစ် မေလကလည်း လွတ်ငြိမ်ချမ်းသာခွင့်နှင့် ပတ်သက်၍ ထောင်အာဏာပိုင်များအား မျှတမှု မရှိဟုဆိုကာ ဆူပူ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ပုသိမ်အကျဉ်းထောင်သည် မြို့အလယ်ရပ်ကွက်ဖြစ်သည့် အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ အိမ်ယာ၊ မရမ်း ချိုလမ်း နှင့် ဘူတာလမ်းတို့ အကြားတွင် တည်ရှိသည်။

*** ZAWGYI ***
ပုသိမ္ေထာင္တြင္ ေထာင္လန႔္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

ပုသိမ္အက်ဥ္းေထာင္၏ ေထာင္လွန႔္ ေလ့က်င့္မႈအား ေထာင္ ဆူမႈ ဟုထင္ကာ ျပည္သူအခ်ိဳ႕ထိတ္လန႔္ခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။

ဧရာဝတီတိုင္း ေဒသႀကီး ပုသိမ္ၿမိဳ႕၊ အမွတ္ ၄ ရပ္ကြက္ ရွိ ပုသိမ္ေထာင္တြင္ စက္တင္ဘာလ ၁၂ ရက္ေန႔၊ နံနက္ ၅ နာရီ ဝန္းက်င္အခ်ိန္က ဒို႔အေရး၊ ဒို႔အေရး ေအာ္သံမ်ား ထြက္ေပၚလာၿပီးေနာက္ ဥၾသဆြဲသံမ်ား ထပ္မံၾကားရသည့္ အတြက္ ထိတ္လန႔္ စိုးရိမ္ခဲ့ေၾကာင္း ေထာင္အနီးက ရပ္ကြက္မ်ားတြင္ ေနထိုင္သူမ်ားက ေျပာသည္။

“႐ုတ္တရက္ ဒို႔အေရး ေအာ္သံၾကားတယ္။ ဥၾသစြဲသံေတြက နာရီဝက္ေလာက္ ၾကာတယ္။ ေထာင္ထဲက ႏိုင္ငံ ေရးသမားေတြနဲ႔ ေထာင္သားေတြ ဆႏၵျပတယ္ ေထာင္မီးေလာင္တယ္ ထင္မိတာ။ စစ္တပ္က ပစ္သတ္ၾကမွာကို လည္း စိုးရိမ္မိတာ” ဟု ပုသိမ္ၿမိဳ႕ခံ ဦးဆန္းဝင္း က ေျပာသည္။

ပုသိမ္ အက်ဥ္းဦးစီးဌာန တာဝန္ရွိသူကမူ ေထာင္ဆူျခင္း မဟုတ္ပဲ ေထာင္လွန႔္သည့္ ေလ့က်င့္ခန္းျပဳလုပ္ျခင္း သာ ျဖစ္သည္ဟု ေျပာသည္။

အပတ္စဥ္ တနဂၤေႏြေန႔တိုင္းတြင္ ေထာင္လွန႔္သည့္ ေလ့က်င့္ခန္း ႏွင့္ အက်ဥ္းေထာင္အတြင္း ရွာေဖြစစ္ေဆးေရး ေလ့က်င့္ခန္းမ်ား လုပ္ေၾကာင္း ကိုဗစ္-၁၉ ကာလအတြင္း၌ ရပ္နားထားၿပီး ယခုမွ ျပန္လည္လုပ္ေဆာင္ျခင္း ျဖစ္ ေၾကာင္း သိရသည္။

“ျဖစ္တဲ့အခ်ိန္ကာလရယ္ သိပ္မၾကာတာရယ္ ေနာက္ထပ္ ေထာင္ထဲက ဘာသံမွ ဆက္မၾကားေတာ့တာရယ္ တစ္ ေန႔လုံး စစ္ေကာင္စီဘက္က ဘာလႈပ္ရွားမႈ မွမရွိတာရယ္ေၾကာင့္ ေထာင္လွန႔္တာ ျဖစ္မယ္” ဟု ေထာင္ တြင္း အေတြ႕အႀကဳံရွိသည့္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း တစ္ဦး က ေျပာသည္။

ပုသိမ္အက်ဥ္းေထာင္တြင္ ၁၉၈၈ ခုႏွစ္ ၾသဂုတ္လ ၂၄ ရက္ေန႔ က ေထာင္တြင္းဆႏၵျပသျဖင့္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ ၿပီး အေဆာင္အခ်ိဳ႕ မီးေလာင္ခဲ့သည္။

ထို႔အျပင္ ၂၀၁၉ ခုႏွစ္ ေမလကလည္း လြတ္ၿငိမ္ခ်မ္းသာခြင့္ႏွင့္ ပတ္သက္၍ ေထာင္အာဏာပိုင္မ်ားအား မွ်တမႈ မရွိဟုဆိုကာ ဆူပူ ဆႏၵျပမႈ ျဖစ္ပြားခဲ့သည္။

ပုသိမ္အက်ဥ္းေထာင္သည္ ၿမိဳ႕အလယ္ရပ္ကြက္ျဖစ္သည့္ အမွတ္ ၄ ရပ္ကြက္၊ ျပည္ေတာ္သာ အိမ္ယာ၊ မရမ္း ခ်ိဳလမ္း ႏွင့္ ဘူတာလမ္းတို႔ အၾကားတြင္ တည္ရွိသည္။