ပုသိမ်ရှိ ဘုန်းကြီးကျောင်းအတွင်း ဗုံးကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ပုသိမ်မြို့ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွင်း စက်တင်ဘာလ ၁၂ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်မြို့ ကမ္ဘာအေးလမ်း အမှတ် ၃ အလယ်တန်းကျောင်း နှင့် ကပ်လျှက်ရှိသည့် ဇေယျသိဒ္ဓိ ဘုန်းကြီးကျောင်း၏ အဆောင်တစ်ခု အတွင်း စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ပုသိမ်မြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက “လက်လုပ်ဗုံး စမ်းသပ်လုပ်ရင်း ပေါက်ကွဲတာ ဖြစ်နိုင်တယ်။ အနီး ဝန်းကျင်မှာ သွေးစက်တွေ တွေ့ရတယ်။ လူကိုတော့ မမိသေးဘူး ဒဏ်ရာ ပြင်းထန်ပုံရတယ်” ဟု ၎င်း က ပြော သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာတွင် သွေးကွက်များ၊ မျက်နှာကျက်တွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်စီးမှုများနှင့် PVC ပိုက်အနည်းငယ်၊ ဗုံး နှင့် ပါတ်သက်သည့် ပေါက်ကွဲ အစအနများကို စစ်ဆေးတွေ့ရှိပြီး စမ်း သပ်ရင်း ပေါက်ကွဲခြင်း ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ မင်္သကာသူများကို စစ်ဆေးနေသည့်အပြင် ဆေးခန်း နှင့် ဆေးရုံ များကို စစ်ဆေးခြင်း၊ ပုသိမ်မြို့ရှိ သင်္ကာမကင်းသည့် ရပ်ကွက်အတွင်းက နေအိမ်များ နှင့် လမ်းများတွင်လည်း ရှာဖွေ စစ်ဆေးမှုများ လုပ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

ပုသိမ်မြို့ က လမ်းပိတ်ဆို့ စစ်ဆေးခံခဲ့ရသူ အသက် ၂၀ အရွယ် ရှိ ကိုဝင်းမြင့် က “ပေါက်ကွဲမှုကြောင့် ထင်တယ် လမ်းတွေကို ပိတ်ဆို့ စစ်ဆေးတယ်။ အဓိက လူမှာဘာဒဏ်ရာရှိမလဲ အဝတ်အစား ချွတ်ပြလှန်ပြခိုင်းတယ်” ဟု ပြောသည်။

ပုသိမ်မြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေပြီး ပေါက်ကွဲကြောင့် သေဆုံးမှု မရှိသော်လည်း မေလ အတွင်းမှ စက်တင်ဘာလ အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဗုံးလုပ်သည့် အရပ်သား ၂ ဦး၊ မီတာရုံး ဝန်ထမ်း ၁ ဦး နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။

*** ZAWGYI ***
ပုသိမ္ရွိ ဘုန္းႀကီးေက်ာင္းအတြင္း ဗုံးကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

ပုသိမ္ၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းအတြင္း စက္တင္ဘာလ ၁၂ ရက္ေန႔က ဗုံးေပါက္ကြဲမႈ ျဖစ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ပုသိမ္ၿမိဳ႕ ကမာၻေအးလမ္း အမွတ္ ၃ အလယ္တန္းေက်ာင္း ႏွင့္ ကပ္လွ်က္ရွိသည့္ ေဇယ်သိဒၶိ ဘုန္းႀကီးေက်ာင္း၏ အေဆာင္တစ္ခု အတြင္း စက္တင္ဘာ ၁၂ ရက္ေန႔ ညေန ၆ နာရီ ခန႔္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

ပုသိမ္ၿမိဳ႕ ရဲတပ္ဖြဲ႕က တာဝန္ရွိသူ တစ္ဦးက “လက္လုပ္ဗုံး စမ္းသပ္လုပ္ရင္း ေပါက္ကြဲတာ ျဖစ္ႏိုင္တယ္။ အနီး ဝန္းက်င္မွာ ေသြးစက္ေတြ ေတြ႕ရတယ္။ လူကိုေတာ့ မမိေသးဘူး ဒဏ္ရာ ျပင္းထန္ပုံရတယ္” ဟု ၎ က ေျပာ သည္။

ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ ေနရာတြင္ ေသြးကြက္မ်ား၊ မ်က္ႏွာက်က္တြင္လည္း ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ ပ်က္စီးမႈမ်ားႏွင့္ PVC ပိုက္အနည္းငယ္၊ ဗုံး ႏွင့္ ပါတ္သက္သည့္ ေပါက္ကြဲ အစအနမ်ားကို စစ္ေဆးေတြ႕ရွိၿပီး စမ္း သပ္ရင္း ေပါက္ကြဲျခင္း ျဖစ္ႏိုင္သည္ဟု ရဲတပ္ဖြဲ႕ တာဝန္ရွိသူက ေျပာသည္။

စစ္ေကာင္စီက ဘုန္းႀကီးေက်ာင္းဝန္းအတြင္းရွိ မသၤကာသူမ်ားကို စစ္ေဆးေနသည့္အျပင္ ေဆးခန္း ႏွင့္ ေဆး႐ုံ မ်ားကို စစ္ေဆးျခင္း၊ ပုသိမ္ၿမိဳ႕ရွိ သကၤာမကင္းသည့္ ရပ္ကြက္အတြင္းက ေနအိမ္မ်ား ႏွင့္ လမ္းမ်ားတြင္လည္း ရွာေဖြ စစ္ေဆးမႈမ်ား လုပ္ေနသည္ဟု ၿမိဳ႕ခံအခ်ိဳ႕က ေျပာသည္။

ပုသိမ္ၿမိဳ႕ က လမ္းပိတ္ဆို႔ စစ္ေဆးခံခဲ့ရသူ အသက္ ၂၀ အ႐ြယ္ ရွိ ကိုဝင္းျမင့္ က “ေပါက္ကြဲမႈေၾကာင့္ ထင္တယ္ လမ္းေတြကို ပိတ္ဆို႔ စစ္ေဆးတယ္။ အဓိက လူမွာဘာဒဏ္ရာရွိမလဲ အဝတ္အစား ခြၽတ္ျပလွန္ျပခိုင္းတယ္” ဟု ေျပာသည္။

ပုသိမ္ၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈမ်ား မၾကာခဏ ျဖစ္ပြားေနၿပီး ေပါက္ကြဲေၾကာင့္ ေသဆုံးမႈ မရွိေသာ္လည္း ေမလ အတြင္းမွ စက္တင္ဘာလ အတြင္း ဗုံးေပါက္ကြဲမႈေၾကာင့္ ဗုံးလုပ္သည့္ အရပ္သား ၂ ဦး၊ မီတာ႐ုံး ဝန္ထမ္း ၁ ဦး ႏွင့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၄ ဦး ဒဏ္ရာ ရရွိခဲ့ၾကသည္။