ဧည့်စာရင်း မတိုင်သူများအား ဖမ်းဆီးပြီး ခံဝန်ဖြင့် ပြန်လွှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ရန်ကုန် လှိုင်မြို့နယ်တွင် ဧည့်စာရင်း မတိုင်ထားသဖြင့် ဖမ်းဆီးခံခဲ့ရသူ အယောက် ၃၀ ကျော်ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခံဝန်ဖြင့် ပြန်လွှတ် ပေးခဲ့ကြောင်း ရပ်ကွက် အတွင်း နေထိုင်သူများ က ပြောသည်။

လှိုင်မြို့နယ်၊ ၅ ရပ်ကွက်အတွင်း စက်တင်ဘာ ၁၂ ရက်၊ ည ၁၁ နာ ရီကျော်က စစ်ကောင်စီက ဧည့်စာရင်းဝင် ရောက်စစ်ဆေးခဲ့ပြီး ဧည့်စာရင်း မတိုင်ထားသူ အမျိူးသမီးများ အပါအဝင် အိမ်ထောင်ဦးစီးဆိုသူ ၃၈ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“လှေခါးတံခါးသော့ဖျက်ဖို့ သံချောင်းဖြတ်တဲ့ဟာတွေပါ တစ်ခါတည်းပါတယ်။ ရဲတွေကတော့ ဒါစစ်တပ်က တိုက်ရိုက်လုပ်တာ သူတို့မလုပ်ရဘူးလို့ ပြောတယ်။ ခံဝန်ထိုးတာ ဘာညာလည်း တပ်ကပဲလုပ်တာ” ဟု ၅ ရပ် ကွက်တွင် နေထိုင်သူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ဧည့်စာရင်းစစ်မည်ဆိုပါက ရပ်ကွက်အတွင်း တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို အကြောင်းကြားပြီး ဝင်ရောက်စစ်ဆေးကြောင်း ယခုအကြိမ်သည် မည်သူ့ကိုမှ အကြောင်းမကြားဘဲ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ဧည့်စာရင်းမတိုင်မိသူများကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရိုက်နှက်ခြင်းမျိုးမရှိဘဲ နောင်တွင် ဧည့်စာရင်း တိုင်ကြားပါမည်ဟု ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု လှိုင်မြို့နယ်၊ ၅ ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လှိုင် ၅ ရပ်ကွက်သည် အပိုင်း ၁၊ ၂ ရှိပြီး နှစ်ပိုင်းစလုံးကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရပ်ကွက်တွင်နေထိုင်သူ များက ပြောသည်။

ရပ်ကွက်နေ ပြည်သူများသည် သီရိမင်္ဂလာဈေးတွင် ဈေးရောင်းချသူများပါပြီး ၎င်းတို့အများစုသည် သန်းခေါင် စာရင်း မရှိကြဘူးဟု ရပ်ကွက်နေပြည်သူအချို့၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်အတွင်း စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ခဲ့ကာ ဧည့်စာ ရင်း မတိုင်ထားသူ အယောက် ၁၀၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးသွားခဲ့ပြီး၊ တစ်ယောက်လျှင် ဒဏ်ငွေ ငါးသောင်းစီ ရိုက်ပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

အထူးသဖြင့် လှိုင်မြို့နယ်သည် စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ခုခံဆန့်ကျင်သည့် မြို့နယ်တစ်ခုအဖြစ် အသိများပြီး ဒလန်သုတ်သင်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကြောင့် လှိုင် ၁ ရပ်ကွက်၊ ၇ ရပ်ကွက်၊ ၁၃ ရပ်ကွက်၊ ၁၆ ရပ်ကွက်များသည် စစ်ကောင်စီ၏ အငြိုးထားစောင့်ကြည့်ခြင်းကို ခံနေရသည့် နေရာလည်း ဖြစ်သည်။

*** ZAWGYI ***
ဧည့္စာရင္း မတိုင္သူမ်ားအား ဖမ္းဆီးၿပီး ခံဝန္ျဖင့္ ျပန္လႊတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

ရန္ကုန္ လႈိင္ၿမိဳ႕နယ္တြင္ ဧည့္စာရင္း မတိုင္ထားသျဖင့္ ဖမ္းဆီးခံခဲ့ရသူ အေယာက္ ၃၀ ေက်ာ္ကို စက္တင္ဘာ ၁၃ ရက္ေန႔တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ခံဝန္ျဖင့္ ျပန္လႊတ္ ေပးခဲ့ေၾကာင္း ရပ္ကြက္ အတြင္း ေနထိုင္သူမ်ား က ေျပာသည္။

လႈိင္ၿမိဳ႕နယ္၊ ၅ ရပ္ကြက္အတြင္း စက္တင္ဘာ ၁၂ ရက္၊ ည ၁၁ နာ ရီေက်ာ္က စစ္ေကာင္စီက ဧည့္စာရင္းဝင္ ေရာက္စစ္ေဆးခဲ့ၿပီး ဧည့္စာရင္း မတိုင္ထားသူ အမ်ိဴးသမီးမ်ား အပါအဝင္ အိမ္ေထာင္ဦးစီးဆိုသူ ၃၈ ဦး ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္း ျဖစ္သည္။

“ေလွခါးတံခါးေသာ့ဖ်က္ဖို႔ သံေခ်ာင္းျဖတ္တဲ့ဟာေတြပါ တစ္ခါတည္းပါတယ္။ ရဲေတြကေတာ့ ဒါစစ္တပ္က တိုက္႐ိုက္လုပ္တာ သူတို႔မလုပ္ရဘူးလို႔ ေျပာတယ္။ ခံဝန္ထိုးတာ ဘာညာလည္း တပ္ကပဲလုပ္တာ” ဟု ၅ ရပ္ ကြက္တြင္ ေနထိုင္သူ အသက္ ၃၀ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။

ယခင္က ဧည့္စာရင္းစစ္မည္ဆိုပါက ရပ္ကြက္အတြင္း တာဝန္ရွိသူမ်ားႏွင့္ ရပ္မိရပ္ဖမ်ားကို အေၾကာင္းၾကားၿပီး ဝင္ေရာက္စစ္ေဆးေၾကာင္း ယခုအႀကိမ္သည္ မည္သူ႔ကိုမွ အေၾကာင္းမၾကားဘဲ စစ္ေဆးခဲ့ျခင္း ျဖစ္သည္ဟု ဆိုၾကသည္။

ဧည့္စာရင္းမတိုင္မိသူမ်ားကို ဖမ္းဆီးထိန္းသိမ္းထားစဥ္အတြင္း ႐ိုက္ႏွက္ျခင္းမ်ိဳးမရွိဘဲ ေနာင္တြင္ ဧည့္စာရင္း တိုင္ၾကားပါမည္ဟု ခံဝန္ထိုးခိုင္းကာ ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္သည္ဟု လႈိင္ၿမိဳ႕နယ္၊ ၅ ရပ္ကြက္တြင္ ေနထိုင္သူ အသက္ ၃၀ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။

လႈိင္ ၅ ရပ္ကြက္သည္ အပိုင္း ၁၊ ၂ ရွိၿပီး ႏွစ္ပိုင္းစလုံးကို ဝင္ေရာက္စစ္ေဆးခဲ့ေၾကာင္း ရပ္ကြက္တြင္ေနထိုင္သူ မ်ားက ေျပာသည္။

ရပ္ကြက္ေန ျပည္သူမ်ားသည္ သီရိမဂၤလာေဈးတြင္ ေဈးေရာင္းခ်သူမ်ားပါၿပီး ၎တို႔အမ်ားစုသည္ သန္းေခါင္ စာရင္း မရွိၾကဘူးဟု ရပ္ကြက္ေနျပည္သူအခ်ိဳ႕၏ ေျပာျပခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း လႈိင္ၿမိဳ႕နယ္၊ ၁၃ ရပ္ကြက္အတြင္း စစ္ေကာင္စီက ဧည့္စာရင္းဝင္စစ္ခဲ့ကာ ဧည့္စာ ရင္း မတိုင္ထားသူ အေယာက္ ၁၀၀ ဝန္းက်င္ခန႔္ကို ဖမ္းဆီးသြားခဲ့ၿပီး၊ တစ္ေယာက္လွ်င္ ဒဏ္ေငြ ငါးေသာင္းစီ ႐ိုက္ၿပီး ေနာက္တစ္ရက္တြင္ ျပန္လႊတ္ေပးခဲ့သည္။

အထူးသျဖင့္ လႈိင္ၿမိဳ႕နယ္သည္ စစ္အာဏာရွင္စနစ္ကို ျပင္းျပင္းထန္ထန္ ခုခံဆန႔္က်င္သည့္ ၿမိဳ႕နယ္တစ္ခုအျဖစ္ အသိမ်ားၿပီး ဒလန္သုတ္သင္ျခင္း၊ ဗုံးခြဲတိုက္ခိုက္ျခင္းမ်ားေၾကာင့္ လႈိင္ ၁ ရပ္ကြက္၊ ၇ ရပ္ကြက္၊ ၁၃ ရပ္ကြက္၊ ၁၆ ရပ္ကြက္မ်ားသည္ စစ္ေကာင္စီ၏ အၿငိဳးထားေစာင့္ၾကည့္ျခင္းကို ခံေနရသည့္ ေနရာလည္း ျဖစ္သည္။