အုပ်ချုပ်ရေးမှူးများအား AA၏ အုပ်ချုပ်ရေးကိစ္စများလက်မခံရန် ပြောခြင်းမှာ အမြတ်ထုတ်ခြင်းဖြစ်ကြောင်း AA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မွတ်ဆလင် အုပ်ချုပ်ရေးမှူးများကို ရက္ခိုင့်တပ်တော် AA ၏ အုပ်ချုပ်ရေး ကိစ္စများ လက်မခံရန် စစ်တပ်က ခေါ်ပြောခြင်းသည် အမြတ်ထုတ်ခြင်းသာ ဖြစ်သည်ဟု AA ၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခ က တုန့်ပြန်ပြောဆိုလိုက်သည်။

ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က “AA ရဲ့ အုပ်ချုပ်ရေးကိစ္စကို လက်မခံဖို့၊ နောက်ပြီးတော့ မှုခင်းတွေ ဖြစ်ရင် ULA/AA ကိုမတိုင်ဖို့ ပြောဆိုတယ်လို့ ကျနော်တို့သိရတယ်၊။ ဒါဟာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ကို နှောင့်ယှက်ဖျက်စီးဖို့ ကြိုးစားတာပါပဲ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အမှုကိစ္စများကို တိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်က စက်တင်ဘာ ၆ ရက်နေ့တွင် မူဆလင်အုပ်ချုပ်ရေးမှူးများကို ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ် ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်အတွင်းက မူဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရက္ခိုင့်တပ်တော် (AA)က ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများပေးပါက လက်မခံကြရန် စစ်တပ်ကခေါ်ယူပြောကြားခဲ့ကြောင်း မွတ်ဆလင် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး က ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့၊ ခမရ ၃၇၅ တပ်ရင်း အစည်းအဝေးခန်းမသို့ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ စကစ ၉ တပ် ရင်းက တာဝန်ရှိသူများက ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်တပ်က လာရောက် တားမြစ်ပြောဆိုခြင်းမှာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက် ဖျက်စီးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ULA/AA က ဆိုသည်။

ထို့ကြောင့် အဆိုပါ တားမြစ်ချက်ကိုလည်း လုံးဝလက်ခံနိုင်စရာ မရှိဘူးဟု ခိုင်သုခက ဆက်ပြောသည်။

သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့နယ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူပြီး AA နှင့် ပတ်သက်သည့် ကိစ္စများရပ်များကို သတင်းပေးပို့ကြရန် ဖိအားပေးပြောဆိုခြင်းခဲ့များလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ ၁၀ လ နီးပါးခန့် ရှိလာနေပြီးဖြစ်ပြီး လက်ရှိတွင် စစ်တပ်က မြို့နယ်အချို့တွင် အင်အားဖြည့်တင်းကာ လှည့်လည်နေမှုများကြောင့် တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေ ကြသည်။

*** ZAWGYI ***
အုပ္ခ်ဳပ္ေရးမႉးမ်ားအား AA၏ အုပ္ခ်ဳပ္ေရးကိစၥမ်ားလက္မခံရန္ ေျပာျခင္းမွာ အျမတ္ထုတ္ျခင္းျဖစ္ေၾကာင္း AA ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ မြတ္ဆလင္ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ရကၡိဳင့္တပ္ေတာ္ AA ၏ အုပ္ခ်ဳပ္ေရး ကိစၥမ်ား လက္မခံရန္ စစ္တပ္က ေခၚေျပာျခင္းသည္ အျမတ္ထုတ္ျခင္းသာ ျဖစ္သည္ဟု AA ၏ ေျပာေရးဆိုခြင့္ ရွိသူ ခိုင္သုခ က တုန႔္ျပန္ေျပာဆိုလိုက္သည္။

ULA/AA ၏ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ က “AA ရဲ႕ အုပ္ခ်ဳပ္ေရးကိစၥကို လက္မခံဖို႔၊ ေနာက္ၿပီးေတာ့ မႈခင္းေတြ ျဖစ္ရင္ ULA/AA ကိုမတိုင္ဖို႔ ေျပာဆိုတယ္လို႔ က်ေနာ္တို႔သိရတယ္၊။ ဒါဟာ ေဒသအတြင္း တရားဥပေဒစိုးမိုးေရး ကို ေႏွာင့္ယွက္ဖ်က္စီးဖို႔ ႀကိဳးစားတာပါပဲ” ဟု ေျပာသည္။

ရကၡိဳင့္တပ္ေတာ္ ULA/AA က ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနသည့္ အမႈကိစၥမ်ားကို တိုင္ၾကားႏိုင္ေၾကာင္းႏွင့္ တရားစီရင္ေရးကိစၥရပ္မ်ားကို ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ၾသဂုတ္လ ၁ ရက္ေန႔က ထုတ္ျပန္ခဲ့ၿပီးေနာက္ စစ္တပ္က စက္တင္ဘာ ၆ ရက္ေန႔တြင္ မူဆလင္အုပ္ခ်ဳပ္ေရးမႉးမ်ားကို ယခုကဲ့သို႔ ေျပာၾကားလာျခင္း ျဖစ္ ေၾကာင္း သိရသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက မူဆလင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ရကၡိဳင့္တပ္ေတာ္ (AA)က ရဲသင္တန္း၊ အုပ္ခ်ဳပ္ေရးသင္တန္းမ်ားေပးပါက လက္မခံၾကရန္ စစ္တပ္ကေခၚယူေျပာၾကားခဲ့ေၾကာင္း မြတ္ဆလင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးတစ္ဦး က ေျပာသည္။

စစ္ေကာင္စီ တပ္ဖြဲ႕၊ ခမရ ၃၇၅ တပ္ရင္း အစည္းအေဝးခန္းမသို႔ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ေခၚယူကာ စကစ ၉ တပ္ ရင္းက တာဝန္ရွိသူမ်ားက ထိုသို႔ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ယခုကဲ့သို႔ စစ္တပ္က လာေရာက္ တားျမစ္ေျပာဆိုျခင္းမွာ ေဒသအတြင္း တရားဥပေဒစိုးမိုးေရးကို ေႏွာင့္ယွက္ ဖ်က္စီးရန္ ႀကိဳးစားေနျခင္းျဖစ္ေၾကာင္း ရကၡိဳင့္တပ္ေတာ္ ULA/AA က ဆိုသည္။

ထို႔ေၾကာင့္ အဆိုပါ တားျမစ္ခ်က္ကိုလည္း လုံးဝလက္ခံႏိုင္စရာ မရွိဘူးဟု ခိုင္သုခ က ဆက္ေျပာသည္။

ၾသဂုတ္လအတြင္းကလည္း ေက်ာက္ျဖဴၿမိဳ႕နယ္က ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားကို စစ္တပ္ကေခၚယူၿပီး AA ႏွင့္ ပတ္သက္သည့္ ကိစၥမ်ားရပ္မ်ားကို သတင္းေပးပို႔ၾကရန္ ဖိအားေပးေျပာဆိုျခင္းခဲ့မ်ားလည္း ရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ရခိုင္ျပည္အတြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔ တိုက္ပြဲမ်ားရပ္တန႔္ေနသည္မွာ ၁၀ လ နီးပါးခန႔္ ရွိလာေနၿပီးျဖစ္ၿပီး လက္ရွိတြင္ စစ္တပ္က ၿမိဳ႕နယ္အခ်ိဳ႕တြင္ အင္အားျဖည့္တင္းကာ လွည့္လည္ေနမႈမ်ားေၾကာင့္ တိုက္ပြဲျပန္ျဖစ္မည္ကို ေဒသခံမ်ားက စိုးရိမ္ေန ၾကသည္။