သီပေါရှိ ကျေးရွာအချို့ အစားအစာနှင့် ဆေးဝါးပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ် ဆွန်လုံအုပ်စုအတွင်းက ဒေသခံပြည်သူများ စားသောက်ကုန်နှင့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု ဒေသခံများနှင့် ဒေသအတွင်း လွှတ်တော်ကိုယ်စားလှယ် အမတ်က ပြောသည်။

သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာအုပ်စု တာပုလဲကျေးရွာ၊ ပန်ခါးကျေးရွာနှင့် မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိ စဉ့် အင်ကျေးရွာနှင့် စဉ့်အင်ဘူတာ က ပြည်သူများ စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် စားသောက်ကုန်နှင့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု စဉ့်အင် ကျေးရွာ က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဟုတ်တယ် သမီးတို့ဆီမှာ စားသောက်ကုန်တွေပြတ်နေတာ ကြာပြီ။ လာရင်လည်း နည်းနည်းပဲလာတော့ တယ်။ မလောက်ဘူး။ သမီးတို့ဒီမှာက သံပုရာသီး အဓိကစိုက်တယ်။ အခုက အဲ့ဒါလည်း ဝယ်မယ့်လူမရှိတော့ ဘူး။ မရောင်းရဘူး။ အဓိကလိုတာကို ပြောဆိုရင်တော့ ဆန်ပဲ အဓိကလိုနေတာ။ အလှူရှင်တွေလည်း မရောက် ဘူး။ မနေ့ကတော့ နည်းနည်း လာလှူတာရှိတယ်” ဟု ပြောသည်။

ဒေသခံအများထဲတွင် အချို့မှာ ယခုလက်ရှိအချိန်တွင် ဆန်ပြုတ်စားနေကြရသည်ဟု ဒေသခံများက ပြောသည်။

စဉ့်အင်ကျေးရွာက ဒေသခံက “ဆန်ပြုတ်စားရတယ်ဆိုတာက တချို့အိမ်ပေါ့ဗျာ ကြပ်တည်းတာကိုး၊ စီးပွား ရေးက ကြပ်တည်းတော့ အလုပ်အကိုင်က မဖြစ်တော့ ချွေတာပြီးတချို့ကျတော့လည်း ဆန်ပြုတ်စားရတယ်။ တော်တော်လေး ခက်ခဲ့ပါတယ်။ တာပုလဲတို့၊ ပန်ခါးတို့ကြတော့ စဉ်အင်ရွာထက် သွားလာရေး ပိုခက်ခဲတယ်။ အရင်တုန်းက မီးရာထားရှိတုန်းကတော့ မီးရထားနဲ့သွားရလာရတာကိုး။ အခုက ရေလမ်းနဲ့ပဲ စက်လှေလေးနဲ့ သွားနေရတာ။ အဲ့ဒီဘက်ကျတော့ တောထဲကိုလည်း ဝင်လို့မရဘူး။ နယ်မြေသိပ်မကောင်းဘူး” ဟု ဆက် ပြော သည်။

ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ နှင့် COVID-19 ကပ်ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ကန့်သတ်မှုများကြောင့် စားရေးသောက်ရေး အခက်အခဲဖြစ်လာရခြင်း ဖြစ်သည်ဟု ပြောသည်။

စဉ့်အင်ဘူတာအနီး နေထိုင်သူ အမျိုးသားတစ်ဦးကလည်း “ရှာဖွေလုပ်ကိုင်စားသောက်ရတာ ကြပ်တည်းတာ ပေါ့နော်။ ကျနော်တို့ဒေသထွက်ကုန်က ခြံလုပ်ငန်းဆိုတော့ သံပုရာသီး၊ ကဗ္ဗလာသီးတို့ပေါ့နော်။ ကျနော်တို့ စဉ်အင် ဘေးနားကရွာက ကိုဗစ်ဖြစ်တယ်။ ဆုံးတာတွေရှိတယ်။ စျေးသွားရောင်းရင်လည်းမောင်းထုတ်တယ်။ လုပ်ကိုင်စားသောက်ရတာ တခြားကြပ်တည်းတယ်တယ်။ တောတွေဘာတွေထဲ ဝင်ပြီးမှ မီးသွေးဖုတ်မယ်၊ မျှစ် ရှာမယ်ဆိုလည်း ကျနော်တို့က ပေးမသွားတာပေါ့။ အဲ့ကြောင့် ကြပ်တည်းကြတာပေါ့။ အရောင်းအဝယ်လည်း မဖြစ်ဘူးလေ။ နောက်ပြီးသွားရေးလာရေးကလည်း ခက်ခဲတာကိုး အဲ့လိုမျိုးလေ” ဟု ပြောသည်။

မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိ စဉ့်အင်ဘူတာက ဝန်ထမ်းများသည် နွေဦးတော်လှန်ရေးအစ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်၍ စစ်အာရှင်စနစ်ကို လက်ခံသည့်အတွက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြရာ ယနေ့အချိန်ထိ ရထားခရီးစဉ်များကို ရပ်နားထားခြင်းဖြစ်သည်။ ထို့အပြင် ဒေသအတွင်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ် ရေးပြဿနာများကြောင့်လည်း ရေကြောင်းရော ကုန်ကြောင်းပါ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသည် ဟု ဒေသခံများက ဆိုသည်။

ဆွန်လုံကျေးရွာအုပ်စု နှင့် မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၃ ရွာခန့်က အိမ်ထောင်စု ၃၀၀ နီးပါး ကို စက်တင်ဘာလ ၁၃ ရက်နေ့(ယမန်နေ့)က သွားရောက်လှူဒါန်းခဲ့သည့် သီပေါမြို့နယ် SNLD လွှတ်တော် အမတ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“သူတို့က စစ်ဘေးဒဏ်သင့်လူတွေလို့ ပြောရမှာ။ သူတို့က သွားလာရေးခက်ခဲတယ် အဲ့ဒီဒေသတွေက။ ရထား လမ်းတစ်ခုကို အမှီပြုပြီးတော့ သွားလာရတဲ့ကျေးရွာတွေပေါ့နော်။ လှေနဲ့ ရေလမ်းခရီးသွားလို့ရတယ်။ ဒါပေ မယ့် စစ်ဒဏ်ကြောင့်လို့ပြောရမယ် အခြေအနေမကောင်းတော့ သွားလာခွင့်မရှိဘူး။ ရထားလမ်းကလည်း မ သွားတာကြတော့ အရမ်းခက်ခဲနေတယ်ပေါ့။ အိမ်ခြေကတောင်မှ ၃၀၀ နီးနီးလောက်ရှိတယ်။ စစ်ပွဲတွေကြောင့် မို့လို့လည်း သူတို့က စစ်ဘေးရှောင်ဖူးတယ်။ နှစ်လပိုင်း သုံးလပိုင်းတုန်းက စစ်ရှောင်ဘဝနဲ့ ပြေးခဲ့ရတယ်။ အ လုပ်လုပ်ဖို့ အဆင်မပြေဘူး။ သွားလမ်းလာလမ်းခက်ခဲတာလည်းပါတယ်။ ကိုဗစ်ကြောင့်လည်းပါတယ်။ အဓိ ကက စားနပ်ရိက္ခာနဲ့ ဆေးဝါးပဲ။ ကျန်တာတော့ သိပ်မလိုဘူး” ဟု SNLD လွှတ်တော်အမတ် က ပြောသည်။

သျှမ်းလူငယ်အဖွဲ့ TYO၊ သျှမ်းကျောင်းသားများသမဂ္ဂ နှင့် ရှမ်းပြည်သူအချို့က ပေးလှူလိုက်သည့် ကျပ်သိန်း ၃၃ သိန်းဖြင့် အဆိုပါဒေသအတွင်းက ပြည်သူများတွက် ဆန်၊ ဆီ၊ ဆား၊ ရိက္ခာနှင့် ဆေးဝါးများကို သွားရောက် လှူ ဒါန်းပေးနိုင်ခဲ့သော်လည်း ယခုလှူဒါန်းမှုသည့် တစ်အိမ်ထောင်လျှင် တစ်ပတ်စာခန့်အတွက်သာ ရှိသည့်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသေးသည်ဟု သွားရောက်လှူဒါန်းခဲ့သူ တစ်ဦးက ပြောသည်။

သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာအုပ်စု တာပုလဲကျေးရွာ၊ ပန်ခါးကျေးရွာနှင့် မန်ဆန်ကျေးရွာအုပ်စုအတွင်းရှိ စဉ့် အင်ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ သံပု ရာသီး၊ ကဗ္ဗလာသီး တို့သည့် ဒေသ၏ အဓိကထွက်ကုန်ဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာမသိမ်းခင်က ဒေသထွက်ကုန် သီးနှံများကို ရထားခြင့် လားရှိုး၊ သီပေါဘက်ကို တင်ပို့ရောင်းချခဲ့သည် ဟု ဆိုသည်။ စဉ့်အင်ဘူတာသည် သီပေါနှင့် လားရှိုးမြို့ကြားတွင် တည်ရှိရာ အနီးအနားကျေးရွာများက အဆိုပါ ဘူတာတွင် အသီးအနှံများ လာရောက်တင်ပို့ရောင်းချကြသည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ – Tai Students’ Union

*** ZAWGYI ***
သီေပါရွိ ေက်း႐ြာအခ်ိဳ႕ အစားအစာႏွင့္ ေဆးဝါးျပတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္ ဆြန္လုံအုပ္စုအတြင္းက ေဒသခံျပည္သူမ်ား စားေသာက္ကုန္ႏွင့္ ေဆးဝါးမ်ား ျပတ္လပ္ေနသည္ဟု ေဒသခံမ်ားႏွင့္ ေဒသအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ အမတ္က ေျပာသည္။

သီေပါၿမိဳ႕နယ္၊ ဆြန္လုံေက်း႐ြာအုပ္စု တာပုလဲေက်း႐ြာ၊ ပန္ခါးေက်း႐ြာႏွင့္ မန္ဆန္ေက်း႐ြာအုပ္စုအတြင္းရွိ စဥ့္ အင္ေက်း႐ြာႏွင့္ စဥ့္အင္ဘူတာ က ျပည္သူမ်ား စစ္ေရး၊ ႏိုင္ငံေရး အေျခအေနမ်ားအျပင္ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈမ်ားေၾကာင့္ စားေသာက္ကုန္ႏွင့္ ေဆးဝါးမ်ား ျပတ္လပ္ေနသည္ဟု စဥ့္အင္ ေက်း႐ြာ က ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။

“ဟုတ္တယ္ သမီးတို႔ဆီမွာ စားေသာက္ကုန္ေတြျပတ္ေနတာ ၾကာၿပီ။ လာရင္လည္း နည္းနည္းပဲလာေတာ့ တယ္။ မေလာက္ဘူး။ သမီးတို႔ဒီမွာက သံပုရာသီး အဓိကစိုက္တယ္။ အခုက အဲ့ဒါလည္း ဝယ္မယ့္လူမရွိေတာ့ ဘူး။ မေရာင္းရဘူး။ အဓိကလိုတာကို ေျပာဆိုရင္ေတာ့ ဆန္ပဲ အဓိကလိုေနတာ။ အလႉရွင္ေတြလည္း မေရာက္ ဘူး။ မေန႔ကေတာ့ နည္းနည္း လာလႉတာရွိတယ္” ဟု ေျပာသည္။

ေဒသခံအမ်ားထဲတြင္ အခ်ိဳ႕မွာ ယခုလက္ရွိအခ်ိန္တြင္ ဆန္ျပဳတ္စားေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

စဥ့္အင္ေက်း႐ြာက ေဒသခံက “ဆန္ျပဳတ္စားရတယ္ဆိုတာက တခ်ိဳ႕အိမ္ေပါ့ဗ်ာ ၾကပ္တည္းတာကိုး၊ စီးပြား ေရးက ၾကပ္တည္းေတာ့ အလုပ္အကိုင္က မျဖစ္ေတာ့ ေခြၽတာၿပီးတခ်ိဳ႕က်ေတာ့လည္း ဆန္ျပဳတ္စားရတယ္။ ေတာ္ေတာ္ေလး ခက္ခဲ့ပါတယ္။ တာပုလဲတို႔၊ ပန္ခါးတို႔ၾကေတာ့ စဥ္အင္႐ြာထက္ သြားလာေရး ပိုခက္ခဲတယ္။ အရင္တုန္းက မီးရာထားရွိတုန္းကေတာ့ မီးရထားနဲ႔သြားရလာရတာကိုး။ အခုက ေရလမ္းနဲ႔ပဲ စက္ေလွေလးနဲ႔ သြားေနရတာ။ အဲ့ဒီဘက္က်ေတာ့ ေတာထဲကိုလည္း ဝင္လို႔မရဘူး။ နယ္ေျမသိပ္မေကာင္းဘူး” ဟု ဆက္ ေျပာ သည္။

ေဒသအတြင္း ျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡ၊ လက္ရွိျမန္မာ့ႏိုင္ငံေရးအေျခအေန၊ လမ္းပန္းဆက္သြယ္ေရး အခက္အခဲ ႏွင့္ COVID-19 ကပ္ေရာဂါကူးစက္မႈႏွင့္ ပတ္သက္၍ ကန႔္သတ္မႈမ်ားေၾကာင့္ စားေရးေသာက္ေရး အခက္အခဲျဖစ္လာရျခင္း ျဖစ္သည္ဟု ေျပာသည္။

စဥ့္အင္ဘူတာအနီး ေနထိုင္သူ အမ်ိဳးသားတစ္ဦးကလည္း “ရွာေဖြလုပ္ကိုင္စားေသာက္ရတာ ၾကပ္တည္းတာ ေပါ့ေနာ္။ က်ေနာ္တို႔ေဒသထြက္ကုန္က ၿခံလုပ္ငန္းဆိုေတာ့ သံပုရာသီး၊ ကဗၺလာသီးတို႔ေပါ့ေနာ္။ က်ေနာ္တို႔ စဥ္အင္ ေဘးနားက႐ြာက ကိုဗစ္ျဖစ္တယ္။ ဆုံးတာေတြရွိတယ္။ ေစ်းသြားေရာင္းရင္လည္းေမာင္းထုတ္တယ္။ လုပ္ကိုင္စားေသာက္ရတာ တျခားၾကပ္တည္းတယ္တယ္။ ေတာေတြဘာေတြထဲ ဝင္ၿပီးမွ မီးေသြးဖုတ္မယ္၊ မွ်စ္ ရွာမယ္ဆိုလည္း က်ေနာ္တို႔က ေပးမသြားတာေပါ့။ အဲ့ေၾကာင့္ ၾကပ္တည္းၾကတာေပါ့။ အေရာင္းအဝယ္လည္း မျဖစ္ဘူးေလ။ ေနာက္ၿပီးသြားေရးလာေရးကလည္း ခက္ခဲတာကိုး အဲ့လိုမ်ိဳးေလ” ဟု ေျပာသည္။

မန္ဆန္ေက်း႐ြာအုပ္စုအတြင္းရွိ စဥ့္အင္ဘူတာက ဝန္ထမ္းမ်ားသည္ ေႏြဦးေတာ္လွန္ေရးအစ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က စတင္၍ စစ္အာရွင္စနစ္ကို လက္ခံသည့္အတြက္ CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့ၾကရာ ယေန႔အခ်ိန္ထိ ရထားခရီးစဥ္မ်ားကို ရပ္နားထားျခင္းျဖစ္သည္။ ထို႔အျပင္ ေဒသအတြင္း ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ၾကားက စစ္ ေရးျပႆနာမ်ားေၾကာင့္လည္း ေရေၾကာင္းေရာ ကုန္ေၾကာင္းပါ လမ္းပန္းဆက္သြယ္ေရး အခက္အခဲရွိေနသည္ ဟု ေဒသခံမ်ားက ဆိုသည္။

ဆြန္လုံေက်း႐ြာအုပ္စု ႏွင့္ မန္ဆန္ေက်း႐ြာအုပ္စုအတြင္းရွိ ေက်း႐ြာေပါင္း ၃ ႐ြာခန႔္က အိမ္ေထာင္စု ၃၀၀ နီးပါး ကို စက္တင္ဘာလ ၁၃ ရက္ေန႔(ယမန္ေန႔)က သြားေရာက္လႉဒါန္းခဲ့သည့္ သီေပါၿမိဳ႕နယ္ SNLD လႊတ္ေတာ္ အမတ္တစ္ဦးက ယခုကဲ့သို႔ ေျပာသည္။

“သူတို႔က စစ္ေဘးဒဏ္သင့္လူေတြလို႔ ေျပာရမွာ။ သူတို႔က သြားလာေရးခက္ခဲတယ္ အဲ့ဒီေဒသေတြက။ ရထား လမ္းတစ္ခုကို အမွီျပဳၿပီးေတာ့ သြားလာရတဲ့ေက်း႐ြာေတြေပါ့ေနာ္။ ေလွနဲ႔ ေရလမ္းခရီးသြားလို႔ရတယ္။ ဒါေပ မယ့္ စစ္ဒဏ္ေၾကာင့္လို႔ေျပာရမယ္ အေျခအေနမေကာင္းေတာ့ သြားလာခြင့္မရွိဘူး။ ရထားလမ္းကလည္း မ သြားတာၾကေတာ့ အရမ္းခက္ခဲေနတယ္ေပါ့။ အိမ္ေျခကေတာင္မွ ၃၀၀ နီးနီးေလာက္ရွိတယ္။ စစ္ပြဲေတြေၾကာင့္ မို႔လို႔လည္း သူတို႔က စစ္ေဘးေရွာင္ဖူးတယ္။ ႏွစ္လပိုင္း သုံးလပိုင္းတုန္းက စစ္ေရွာင္ဘဝနဲ႔ ေျပးခဲ့ရတယ္။ အ လုပ္လုပ္ဖို႔ အဆင္မေျပဘူး။ သြားလမ္းလာလမ္းခက္ခဲတာလည္းပါတယ္။ ကိုဗစ္ေၾကာင့္လည္းပါတယ္။ အဓိ ကက စားနပ္ရိကၡာနဲ႔ ေဆးဝါးပဲ။ က်န္တာေတာ့ သိပ္မလိုဘူး” ဟု SNLD လႊတ္ေတာ္အမတ္ က ေျပာသည္။

သွ်မ္းလူငယ္အဖြဲ႕ TYO၊ သွ်မ္းေက်ာင္းသားမ်ားသမဂၢ ႏွင့္ ရွမ္းျပည္သူအခ်ိဳ႕က ေပးလႉလိုက္သည့္ က်ပ္သိန္း ၃၃ သိန္းျဖင့္ အဆိုပါေဒသအတြင္းက ျပည္သူမ်ားတြက္ ဆန္၊ ဆီ၊ ဆား၊ ရိကၡာႏွင့္ ေဆးဝါးမ်ားကို သြားေရာက္ လႉ ဒါန္းေပးႏိုင္ခဲ့ေသာ္လည္း ယခုလႉဒါန္းမႈသည့္ တစ္အိမ္ေထာင္လွ်င္ တစ္ပတ္စာခန႔္အတြက္သာ ရွိသည့္အတြက္ အေရးေပၚ အကူအညီမ်ား လိုအပ္ေနေသးသည္ဟု သြားေရာက္လႉဒါန္းခဲ့သူ တစ္ဦးက ေျပာသည္။

သီေပါၿမိဳ႕နယ္၊ ဆြန္လုံေက်း႐ြာအုပ္စု တာပုလဲေက်း႐ြာ၊ ပန္ခါးေက်း႐ြာႏွင့္ မန္ဆန္ေက်း႐ြာအုပ္စုအတြင္းရွိ စဥ့္ အင္ေက်း႐ြာမ်ားတြင္ ေနထိုင္ၾကသည့္ ေဒသခံျပည္သူမ်ားသည္ စိုက္ပ်ိဳးေရးလုပ္ငန္းကို လုပ္ကိုင္ၾကရာ သံပု ရာသီး၊ ကဗၺလာသီး တို႔သည့္ ေဒသ၏ အဓိကထြက္ကုန္ျဖစ္သည္ဟု ဆိုသည္။

စစ္အာဏာမသိမ္းခင္က ေဒသထြက္ကုန္ သီးႏွံမ်ားကို ရထားျခင့္ လားရႈိး၊ သီေပါဘက္ကို တင္ပို႔ေရာင္းခ်ခဲ့သည္ ဟု ဆိုသည္။ စဥ့္အင္ဘူတာသည္ သီေပါႏွင့္ လားရႈိးၿမိဳ႕ၾကားတြင္ တည္ရွိရာ အနီးအနားေက်း႐ြာမ်ားက အဆိုပါ ဘူတာတြင္ အသီးအႏွံမ်ား လာေရာက္တင္ပို႔ေရာင္းခ်ၾကသည္ဟု ေဒသခံမ်ားက ဆိုသည္။

ဓါတ္ပုံ – Tai Students’ Union