စစ်ကောင်စီအား နိုင်ငံခြား တိုင်းပြည်များ၏ ဖိတ်ကြားမှု NUG ၏ တရားဝင်မှုကို ထိခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

စစ်ကောင်စီအား နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံအချို့က တရားဝင်ဖိတ်ကြားမှုများနှင့် အ ကျိုးစီးပွားများအတွက် သဘောတူညီချက်များ ရရှိနေခြင်းသည် NUG ၏ တရားဝင် အစိုးရဖြစ်မှုကို ထိခိုက်စေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြောဆိုလိုက်သည်။

နိုင်ငံအချို့က စစ်ကောင်စီအား အသိအမှတ်ပြုသော သဘောဆောင်သည့် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ NUG က “နိုင်ငံအချို့၏ တရားဝင် ဖိတ်ကြားမှုဖြင့် စစ်ကောင်စီက အချို့သော နိုင်ငံတကာ အစည်းအဝေးများ တွင် တက်ရောက်ခွင့်ရနေပြီး အချို့နိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေး သဘောတူညီချက်များပင် ရရှိနေကြောင်း တွေ့ရသော ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် တစ်ခု တည်းသော တရားဝင်ဖြစ်မှုကို ထိခိုက်မှုများရှိလာကြောင်း တွေ့ရသည်” ဟု စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတ္တမ အကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) သို့ တက် ရောက် မိန့်ခွန်းပြောခဲ့သည်။

ထိုအစည်းအဝေးသို့ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံအပြင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက် တစ်သမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး ချုပ်များ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည် ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ခေါင်းစဉ်ဖြင့် တရုတ်သံအမတ် ချန်ဟိုင်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က မြန်မာနိုင်ငံတွင် အကောင်အထည် ဖော် မည့် စီမံကိန်း ၂၁ ခုကို အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ရေး ထိုးခဲ့ကြသည်ဟု စစ်ကောင်စီနှင့် တရုတ်သံရုံးတို့က ထုတ်ပြန်ထားသည်။

စီမံကိန်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၆ သန်းကျော်ကို တရုတ်အစိုးရက စစ်ကောင်စီအား ပေးအပ် မည် ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး စီမံကိန်းများ၊ ခရီး သွား၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စသည့် စီမံကိန်းများ ပါဝင်သည်ဟု သိရသည်။

ထိုအခြေအနေများအောက်တွင် NUG ၏ တရားဝင် အစိုးရဖြစ်မှုကို ထိခိုက်လာသည့်အပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် နိုင်ငံတကာကို အားကိုး၍ မရတော့သည့်အတွက် စုပေါင်းညီညွတ်မှုအားဖြင့် စစ်ကောင်စီကို တွန်းလှန်ကြရန် NUG က ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

NUG က “ဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား ကြားဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်လှသော စစ် ကောင်စီ၏ တိုက်ခိုက်မှုများမှ ပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး ၍ မရတော့ပါ။ ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြည်လည်ဆန်းစစ်ကြည့်ပါက တမျိုးသား စည်းလုံး ညီညွတ် မှု၊ စုပေါင်းဆောင်ရွက်မှုတို့ ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှု များကို အဆုံးသတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သိသာထင်ရှားနေပြီဖြစ်သည်” ဟု ပြောသည်။

ထို့ကြောင့် စစ်ကောင်စီအား အမြစ်ပြတ် ခုခံတွန်းလှန်သွားရန်နှင့် ပြည်သူလူထု အားလုံး၏ ညီမျှမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများအား အပြည့်အ၀ ကာကွယ် စောင့်ရှောက်ပေးမည့် ငြိမ်းချမ်း သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်အတွက် ပြည်သူ တရပ်လုံးက စည်းလုံးညီညွတ် စွာ ဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် NUG က တိုက်တွန်းထားသည်။

*** ZAWGYI ***
စစ္ေကာင္စီအား ႏိုင္ငံျခား တိုင္းျပည္မ်ား၏ ဖိတ္ၾကားမႈ NUG ၏ တရားဝင္မႈကို ထိခိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္။

စစ္ေကာင္စီအား ႏိုင္ငံတကာ အစည္းအေဝးမ်ား တက္ေရာက္ရန္ ႏိုင္ငံအခ်ိဳ႕က တရားဝင္ဖိတ္ၾကားမႈမ်ားႏွင့္ အ က်ိဳးစီးပြားမ်ားအတြက္ သေဘာတူညီခ်က္မ်ား ရရွိေနျခင္းသည္ NUG ၏ တရားဝင္ အစိုးရျဖစ္မႈကို ထိခိုက္ေစသည္ဟု အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG က ေျပာဆိုလိုက္သည္။

ႏိုင္ငံအခ်ိဳ႕က စစ္ေကာင္စီအား အသိအမွတ္ျပဳေသာ သေဘာေဆာင္သည့္ ေဆာင္႐ြက္မႈမ်ားႏွင့္ ပတ္သက္၍ NUG က “ႏိုင္ငံအခ်ိဳ႕၏ တရားဝင္ ဖိတ္ၾကားမႈျဖင့္ စစ္ေကာင္စီက အခ်ိဳ႕ေသာ ႏိုင္ငံတကာ အစည္းအေဝးမ်ား တြင္ တက္ေရာက္ခြင့္ရေနၿပီး အခ်ိဳ႕ႏိုင္ငံမ်ားႏွင့္ စစ္ေရး၊ စီးပြားေရး သေဘာတူညီခ်က္မ်ားပင္ ရရွိေနေၾကာင္း ေတြ႕ရေသာ ေၾကာင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ၏ ျပည္သူမ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ထားသည့္ တစ္ခု တည္းေသာ တရားဝင္ျဖစ္မႈကို ထိခိုက္မႈမ်ားရွိလာေၾကာင္း ေတြ႕ရသည္” ဟု စက္တင္ဘာလ ၁၃ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းေျပာဆိုထားသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၉ ရက္ေန႔က စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သတၱမ အႀကိမ္ မဟာမဲေခါင္ေဒသခြဲ ထိပ္သီးအစည္းအေဝး (7th Greater Mekong Subregion Summit) သို႔ တက္ ေရာက္ မိန႔္ခြန္းေျပာခဲ့သည္။

ထိုအစည္းအေဝးသို႔ အိမ္ရွင္ ကေမာၻဒီးယားႏိုင္ငံအျပင္ တ႐ုတ္ ျပည္သူ႔ သမၼတႏိုင္ငံ၊ လာအိုျပည္သူ႔ ဒီမိုကရက္ တစ္သမၼတ ႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံတို႔မွ ဝန္ႀကီး ခ်ဳပ္မ်ား၊ မဟာမဲေခါင္ေဒသခြဲႏိုင္ငံမ်ားမွ ဝန္ႀကီးမ်ား၊ အဆင့္ျမင့္အရာရွိႀကီးမ်ား၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္ဥကၠ႒ ႏွင့္ ဖြံ႕ၿဖိဳးမႈ မိတ္ဖက္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္ မ်ား၊ ပုဂၢလိကက႑မွ ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကသည္ ဟု သိရသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၀ ရက္ေန႔က မဲေခါင္-လန္ခ်န္း အထူးရန္ပုံေငြ ေခါင္းစဥ္ျဖင့္ တ႐ုတ္သံအမတ္ ခ်န္ဟိုင္ႏွင့္ စစ္ေကာင္စီ၏ ႏိုင္ငံျခားေရး ဝန္ႀကီး ဦး၀ဏၰေမာင္လြင္တို႔က ျမန္မာႏိုင္ငံတြင္ အေကာင္အထည္ ေဖာ္ မည့္ စီမံကိန္း ၂၁ ခုကို အြန္လိုင္းမွ တစ္ဆင့္ လက္မွတ္ေရး ထိုးခဲ့ၾကသည္ဟု စစ္ေကာင္စီႏွင့္ တ႐ုတ္သံ႐ုံးတို႔က ထုတ္ျပန္ထားသည္။

စီမံကိန္း ၂၁ ခုအတြက္ အေမရိကန္ ေဒၚလာ ၆ သန္းေက်ာ္ကို တ႐ုတ္အစိုးရက စစ္ေကာင္စီအား ေပးအပ္ မည္ ျဖစ္ၿပီး အဆိုပါစီမံကိန္းမ်ားမွာ လူ႔စြမ္းအားအရင္းအျမစ္ဆိုင္ရာလုပ္ငန္းမ်ား၊ တိရစာၦန္ေရာဂါကာကြယ္ေဆး ထုတ္လုပ္ေရး စီမံကိန္းမ်ား၊ ခရီး သြား၊ ကုန္သြယ္ေရး၊ ဘ႑ာေရး၊ ယဥ္ေက်းမႈ၊ သဘာဝပတ္ဝန္းက်င္ စသည့္ စီမံကိန္းမ်ား ပါဝင္သည္ဟု သိရသည္။

ထိုအေျခအေနမ်ားေအာက္တြင္ NUG ၏ တရားဝင္ အစိုးရျဖစ္မႈကို ထိခိုက္လာသည့္အျပင္ စစ္ေကာင္စီ၏ တိုက္ခိုက္မႈမ်ားမွ ကာကြယ္ေပးရန္ ႏိုင္ငံတကာကို အားကိုး၍ မရေတာ့သည့္အတြက္ စုေပါင္းညီၫြတ္မႈအားျဖင့္ စစ္ေကာင္စီကို တြန္းလွန္ၾကရန္ NUG က ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထားသည္။

NUG က “ဒီမိုကေရစီလႈပ္ရွားမႈကိုယ္စား ၾကားဝင္ေဆာင္႐ြက္ေပးႏိုင္ရန္ႏွင့္ ရက္စက္ၾကမ္းၾကဳတ္လွေသာ စစ္ ေကာင္စီ၏ တိုက္ခိုက္မႈမ်ားမွ ျပည္သူလူထုအား ကူညီကာကြယ္ေပးရန္ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို အားကိုး ၍ မရေတာ့ပါ။ ၿပီးခဲ့သည့္ ခုႏွစ္လတာ ကာလကို ျပည္လည္ဆန္းစစ္ၾကည့္ပါက တမ်ိဳးသား စည္းလုံး ညီၫြတ္ မႈ၊ စုေပါင္းေဆာင္႐ြက္မႈတို႔ ျဖင့္သာလွ်င္ စစ္ေကာင္စီေၾကာင့္ ေပၚေပါက္ခဲ့ေသာ အာဏာသိမ္းရန္ ႀကိဳးပမ္းမႈ မ်ားကို အဆုံးသတ္ႏိုင္လိမ့္မည္ ျဖစ္ေၾကာင္း သိသာထင္ရွားေနၿပီျဖစ္သည္” ဟု ေျပာသည္။

ထို႔ေၾကာင့္ စစ္ေကာင္စီအား အျမစ္ျပတ္ ခုခံတြန္းလွန္သြားရန္ႏွင့္ ျပည္သူလူထု အားလုံး၏ ညီမွ်မႈ၊ လြတ္လပ္မႈ၊ အားလုံးပါဝင္မႈႏွင့္ ဒီမိုကေရစီ အခြင့္အေရးမ်ားအား အျပည့္အ၀ ကာကြယ္ ေစာင့္ေရွာက္ေပးမည့္ ၿငိမ္းခ်မ္း ေသာ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ရန္အတြက္ ျပည္သူ တရပ္လုံးက စည္းလုံးညီၫြတ္ စြာ ျဖင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ NUG က တိုက္တြန္းထားသည္။