UEC စာများ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် UEC အသစ်၏ စာနှစ်စောင်အား နေပြည်တော် အထူးတရားရုံး၌ တရားရင်ဆိုင်နေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပေးပို့ခဲ့သော်လည်း ၎င်းက လက်မခံခဲ့ကြောင်း သူမ၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစာသည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင်ရှိသည့် NLD ပါတီရုံးချုပ်ရှိ ပါတီအလုပ်အမှုဆောင် အဖွဲ့ကို လိပ် မူပေးပို့ အကြောင်းကြားထားသည့် စာဖြစ်၍ ပါတီ၏ စည်းမျဉ်းအရ တစ်ဦးတည်းဆုံးဖြတ်၍မရဘဲ ပါတီ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ဆုံတွေ့ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်က ထိုစာ များကို လက်မခံခဲ့ခြင်း ဖြစ်သည်ဟု သူမ၏ ရှေ့နေအဖွဲ့ဝင်တစ်ဦး က ပြောသည်။

“ရန်ကုန်က ရှေ့နေတယောက်က စာအိတ်နှစ်အိတ်ကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးတယ်။ စာက NLD ပါတီကို အစစ်ဆေးခံဖို့ အကြောင်းကြားတဲ့ စာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြော သည်။

စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အသစ်သည် နိုင်ငံရေးပါတီများ ပိုင်ဆိုင်မှု နှင့် ငွေကြေးများကို စစ်ဆေးသွားမည်ဖြစ်၍ ပြင်ဆင်ထားရန် နိုင်ငံရေးပါတီများကို သြဂုတ်လ ၁၃ ရက် နေ့က အသိပေးထုတ်ပြန်ထားပြီး NLD ပါတီသို့လည်း အကြောင်းကြားစာများပေးပို့ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များက စစ်ကောင်စီက အသစ် ဖွဲ့ထားသည့် ရွေးကောက်ပွဲ ကော်မရှင်သည် တရားမဝင်၍ ပါတီအနေဖြင့် စစ်ဆေးမှုကို လက်ခံသွားမှာ မဟုတ် ကြောင်း မီဒီယာများကို ပြောကြားထားသည်။

ရွေးကောက်ပွဲကော်မရှင်အသစ်၏ ထုတ်ပြန်ချက်တွင် ပါတီများ၏ ဝင်ကြေး၊ လစဉ်ကြေး အလှူငွေများ အပါ အဝင် ငွေကြေးရရှိမှုပုံစံနှင့် ရငွေ၊ သုံးငွေစာရင်း၊ ပါတီပိုင် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေနှင့် အမြတ်စာရင်း၊ ပါတီပိုင် ပစ္စည်းစာရင်း၊ ပါတီများမှ ဝယ်ယူထားသည့် ပစ္စည်းစာရင်းများကို စစ်ဆေးသွားမည် ဖြစ်ကြောင်းပါ ရှိ သည်။

နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးခြင်းသည် ဆယ်နှစ်ကျော်အတွင်း ပထမဆုံး အကြိမ် ဖြစ်ကာ CRPH၊ NUG တို့နှင့် နိုင်ငံရေးပါတီများ ဆက်သွယ်မှု ရှိမရှိကိုလည်း အဓိက စစ်ဆေးမှာဖြစ်သည့်အတွက် NLD ပါတီ ဖျက်သိမ်းရေး လမ်းကြောင်းကို ဦးတည်ထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မီဒီယာ များအား ပြောဆိုထားမှုလည်း ရှိသည်။

*** ZAWGYI ***
UEC စာမ်ား ေဒၚေအာင္ဆန္းစုၾကည္ လက္မခံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။

စစ္ေကာင္စီက ျပန္လည္ဖြဲ႕စည္းထားသည့္ UEC အသစ္၏ စာႏွစ္ေစာင္အား ေနျပည္ေတာ္ အထူးတရား႐ုံး၌ တရားရင္ဆိုင္ေနရသည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ေပးပို႔ခဲ့ေသာ္လည္း ၎က လက္မခံခဲ့ေၾကာင္း သူမ၏ ေရွ႕ေနအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

အဆိုပါစာသည္ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္တြင္ရွိသည့္ NLD ပါတီ႐ုံးခ်ဳပ္ရွိ ပါတီအလုပ္အမႈေဆာင္ အဖြဲ႕ကို လိပ္ မူေပးပို႔ အေၾကာင္းၾကားထားသည့္ စာျဖစ္၍ ပါတီ၏ စည္းမ်ဥ္းအရ တစ္ဦးတည္းဆုံးျဖတ္၍မရဘဲ ပါတီ၏ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္မ်ားႏွင့္ ဆုံေတြ႕ၿပီးမွသာ ဆုံးျဖတ္ႏိုင္မည္ဟုဆိုကာ ေဒၚေအာင္ဆန္းစုၾကည္က ထိုစာ မ်ားကို လက္မခံခဲ့ျခင္း ျဖစ္သည္ဟု သူမ၏ ေရွ႕ေနအဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

“ရန္ကုန္က ေရွ႕ေနတေယာက္က စာအိတ္ႏွစ္အိတ္ကို ေဒၚေအာင္ဆန္းစုၾကည္ကိုေပးတယ္။ စာက NLD ပါတီကို အစစ္ေဆးခံဖို႔ အေၾကာင္းၾကားတဲ့ စာျဖစ္တယ္” ဟု ေဒၚေအာင္ဆန္းစုၾကည္ ၏ ေရွ႕ေနအဖြဲ႕ဝင္တစ္ဦးက ေျပာ သည္။

စစ္ေကာင္စီက ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ UEC အသစ္သည္ ႏိုင္ငံေရးပါတီမ်ား ပိုင္ဆိုင္မႈ ႏွင့္ ေငြေၾကးမ်ားကို စစ္ေဆးသြားမည္ျဖစ္၍ ျပင္ဆင္ထားရန္ ႏိုင္ငံေရးပါတီမ်ားကို ၾသဂုတ္လ ၁၃ ရက္ ေန႔က အသိေပးထုတ္ျပန္ထားၿပီး NLD ပါတီသို႔လည္း အေၾကာင္းၾကားစာမ်ားေပးပို႔ခဲ့ျခင္း ျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္မ်ားက စစ္ေကာင္စီက အသစ္ ဖြဲ႕ထားသည့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္သည္ တရားမဝင္၍ ပါတီအေနျဖင့္ စစ္ေဆးမႈကို လက္ခံသြားမွာ မဟုတ္ ေၾကာင္း မီဒီယာမ်ားကို ေျပာၾကားထားသည္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္၏ ထုတ္ျပန္ခ်က္တြင္ ပါတီမ်ား၏ ဝင္ေၾကး၊ လစဥ္ေၾကး အလႉေငြမ်ား အပါ အဝင္ ေငြေၾကးရရွိမႈပုံစံႏွင့္ ရေငြ၊ သုံးေငြစာရင္း၊ ပါတီပိုင္ စီးပြားေရးလုပ္ငန္းမ်ားမွ ဝင္ေငြႏွင့္ အျမတ္စာရင္း၊ ပါတီပိုင္ ပစၥည္းစာရင္း၊ ပါတီမ်ားမွ ဝယ္ယူထားသည့္ ပစၥည္းစာရင္းမ်ားကို စစ္ေဆးသြားမည္ ျဖစ္ေၾကာင္းပါ ရွိ သည္။

ႏိုင္ငံေရးပါတီမ်ားကို ေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆးျခင္းသည္ ဆယ္ႏွစ္ေက်ာ္အတြင္း ပထမဆုံး အႀကိမ္ ျဖစ္ကာ CRPH၊ NUG တို႔ႏွင့္ ႏိုင္ငံေရးပါတီမ်ား ဆက္သြယ္မႈ ရွိမရွိကိုလည္း အဓိက စစ္ေဆးမွာျဖစ္သည့္အတြက္ NLD ပါတီ ဖ်က္သိမ္းေရး လမ္းေၾကာင္းကို ဦးတည္ထားေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူအခ်ိဳ႕က မီဒီယာ မ်ားအား ေျပာဆိုထားမႈလည္း ရွိသည္။