ဘိုကလေး Mytel တာဝါတိုင် မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

ဘိုကလေးမြို့နယ်အတွင်းရှိ Mytel မိုင်တဲတာဝါတိုင် တစ်ခု စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်က မီးရှို့ဖျက်ဆီးခံရကြောင်း မြို့ခံများက ပြောသည်။

“တာဝါတိုင် မီးရှို့ခံရလို့ ဆိုလာပြား၊ ဝါယာကြိုးတွေနဲ့ ထရန်စဖော်မာပုံးတွေပါ ပျက်စီးသွားတယ် ရှို့တဲ့သူတွေ ကို ရဲကဖမ်းမမိသေးဘူး” ဟု ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့ခံ ဦးအောင်ကြီး က ပြောသည်။

မီးလောင်ပျက်စီးသွားသည့် တာဝါတိုင်မှာ စိန်ဟိုင်းကျေးရွာရှိ တာဝါတိုင်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်ကလည်း မော်လမြိုင်ကျွန်းမြို့ နယ် မယ်တလိုင်း ကျေးရွာအုပ်စု ဝါးရုံစုကျေးရွာက Mytel မိုင်တဲတာဝါတိုင် မီးရှို့ခံရသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်ကျွန်း မြို့နယ်ရှိ Mytel မိုင်တဲ တာဝါတိုင်အား စတင် မီးရှို့သည့် အချိန်တွင်ပင် မီးရှို့သူများအား ဖမ်း ဆီးနိုင်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်းနှင့် ကျူးလွန်သူ တစ်ဦးကို ဖမ်းမိကြောင်း မော်လမြိုင်ကျွန်း မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။

“မိုင်တဲ တာဝါတိုင်ဝန်းထဲမှာ အဝတ်ဖြတ်စာတွေ သွယ်တန်းချထားပြီး ဒီဇယ်နဲ့ ဓာတ်ဆီရောလောင်းပြီး မီးရှို့ဖို့ လုပ်နေချိန်မှာ မိတာ” ဟု တာဝန်ရှိရဲအရာရှိ တစ်ဦးက ပြောသည်။

မီးရှို့ရန်လုပ်သူ ၃ ဦးဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပလွန်စာကျေးရွာနေ အသက် ၁၈ နှစ်ရှိ ကိုဟိန်းဇေယျာ အောင်အား ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ သံပိုက်တစ်ချောင်း၊ ဒီဇယ်ပုံးလွတ်တစ်လုံး နှင့်အတူ ဖမ်းဆီးရမိ ကြောင်း သိရသည်။

ထွက်ပြေး လွတ်မြောက်သွားသူ ၂ ဦးအား ဖမ်းဆီးရမိရေးနှင့် အမှုဖွင့် အရေးယူနိုင်ရေး အတွက် ကိုဟိန်းဇေယျာ အောင်အား မော်လမြိုင်ကျွန်း ရဲတပ်ဖွဲ့က စစ်ဆေးဆောင် ရွက်နေကြောင်း သိရသည်။

*** ZAWGYI ***
ဘိုကေလး Mytel တာဝါတိုင္ မီးရႈိ႕ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။

ဘိုကေလးၿမိဳ႕နယ္အတြင္းရွိ Mytel မိုင္တဲတာဝါတိုင္ တစ္ခု စက္တင္ဘာလ ၁၅ ရက္ေန႔ နံနက္ ၃ နာရီ အခ်ိန္ခန႔္က မီးရႈိ႕ဖ်က္ဆီးခံရေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။

“တာဝါတိုင္ မီးရႈိ႕ခံရလို႔ ဆိုလာျပား၊ ဝါယာႀကိဳးေတြနဲ႔ ထရန္စေဖာ္မာပုံးေတြပါ ပ်က္စီးသြားတယ္ ရႈိ႕တဲ့သူေတြ ကို ရဲကဖမ္းမမိေသးဘူး” ဟု ဧရာဝတီတိုင္း ေဒသႀကီး၊ ဘိုကေလးၿမိဳ႕ခံ ဦးေအာင္ႀကီး က ေျပာသည္။

မီးေလာင္ပ်က္စီးသြားသည့္ တာဝါတိုင္မွာ စိန္ဟိုင္းေက်း႐ြာရွိ တာဝါတိုင္ျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၂ ရက္ေန႔ နံနက္ ၂ နာရီ အခ်ိန္ခန႔္ကလည္း ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ နယ္ မယ္တလိုင္း ေက်း႐ြာအုပ္စု ဝါး႐ုံစုေက်း႐ြာက Mytel မိုင္တဲတာဝါတိုင္ မီးရႈိ႕ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေမာ္လၿမိဳင္ကြၽန္း ၿမိဳ႕နယ္ရွိ Mytel မိုင္တဲ တာဝါတိုင္အား စတင္ မီးရႈိ႕သည့္ အခ်ိန္တြင္ပင္ မီးရႈိ႕သူမ်ားအား ဖမ္း ဆီးႏိုင္ခဲ့သျဖင့္ ပ်က္စီးဆုံးရႈံးမႈ မရွိေၾကာင္းႏွင့္ က်ဴးလြန္သူ တစ္ဦးကို ဖမ္းမိေၾကာင္း ေမာ္လၿမိဳင္ကြၽန္း ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူ က ေျပာသည္။

“မိုင္တဲ တာဝါတိုင္ဝန္းထဲမွာ အဝတ္ျဖတ္စာေတြ သြယ္တန္းခ်ထားၿပီး ဒီဇယ္နဲ႔ ဓာတ္ဆီေရာေလာင္းၿပီး မီးရႈိ႕ဖို႔ လုပ္ေနခ်ိန္မွာ မိတာ” ဟု တာဝန္ရွိရဲအရာရွိ တစ္ဦးက ေျပာသည္။

မီးရႈိ႕ရန္လုပ္သူ ၃ ဦးျဖစ္ၿပီး ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ပလြန္စာေက်း႐ြာေန အသက္ ၁၈ ႏွစ္ရွိ ကိုဟိန္းေဇယ်ာ ေအာင္အား ဆိုင္ကယ္တစ္စီး၊ ဖုန္းတစ္လုံး၊ သံပိုက္တစ္ေခ်ာင္း၊ ဒီဇယ္ပုံးလြတ္တစ္လုံး ႏွင့္အတူ ဖမ္းဆီးရမိ ေၾကာင္း သိရသည္။

ထြက္ေျပး လြတ္ေျမာက္သြားသူ ၂ ဦးအား ဖမ္းဆီးရမိေရးႏွင့္ အမႈဖြင့္ အေရးယူႏိုင္ေရး အတြက္ ကိုဟိန္းေဇယ်ာ ေအာင္အား ေမာ္လၿမိဳင္ကြၽန္း ရဲတပ္ဖြဲ႕က စစ္ေဆးေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။