မဇ္ဈိမ အယ်ဒီတာချုပ်ဟောင်း ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် မဇ္ဈိမသတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်း ကိုမျိုးသန့် အပါအဝင် အမျိုးသား ၃ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်တင်ဘာ လ ၁၅ ရက်နေ့ ညက ဖမ်းဆီးသွားသည် ဟု မိသားစုဝင်များက ပြောသည်။

ကိုမျိုးသန့် အဖမ်းခံရသည့် ညတွင် ကန်ကြီးထောင့်မြို့ ၏ NLD မြို့နယ်စည်းရုံးရေးမှူးဟောင်း ကိုဇော်ဇော်နိုင် နှင့် ကန်ကြီးထောင့်မြို့၊ မြို့မရပ်ကွက် နေထိုင်သူ ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ကိုမြတ် မင်းတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

“စစ်သားတွေ ရဲတွေ ဝင်လာပြီး အဒေါ်တွေကို ဖမ်းမယ်ဆိုပြီး လုပ်လို့ သူက အဖမ်းခံလိုက်တာ။ ဘာလို့ ဖမ်းတာ လဲမသိသေးဘူး” ဟု ကိုမျိုးသန့် ၏ ဇနီးဖြစ်သူ က ပြောသည်။

တိုင်ကြားမှုရှိ၍ စစ်ဆေးမေး မြန်းရန်ဆိုပြီး လာရောက်ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဖမ်းဆီးသည့် အဖွဲ့ကို ဦးဆောင် သူက ပြောသွားကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိရသည်။

“ဒလန်တွေက အနီ NLD တွေရယ် အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြသူရယ်ဆိုရင် စစ်တပ်ကို သတင်းပေး ကြတော့ စစ်တပ်ကလည်း ဖမ်းနေတာပဲလေ။ ကိုမျိုးသန့်က ဆန္ဒပြတာမှာ ပါတာမျိုး မတွေ့မိဘူး” ဟု ကန်ကြီး ထောင့်ကြီး ဒေသခံ ဦးခင်ဝင်း က ပြောသည်။

ကိုမျိုးသန့်သည် မဇ္ဈိမ သတင်းဌာနတွင် သတင်း အယ်ဒီတာချုပ် အဖြစ် ၈ နှစ်ခန့် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုအခါ ထိုသတင်းဌာနတွင် လုပ်ကိုင်ခြင်း မရှိတော့ကြောင်း ဧရာဝတီတိုင်းအခြေစိုက် မဇ္ဈိမ သတင်းဌာနက သတင်း ထောက် တစ်ဦး က ပြောသည်။

“လက်ရှိအနေအထားမှာ ဖမ်းထားခံသူတွေ ရဲစခန်းမှာမရှိဘူး။ ပုသိမ်က စစ်တပ်ထဲ ခေါ်စစ်နေပုံ ရတယ်” ဟု ရဲ တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကန်ကြီးထောင့် မြို့နယ်တွင် စစ်ကောင်စီ သတင်းပေး “ဒလန်” မောင်မောင်မြင့် အသတ်ခံပြီး နောက် ဖမ်းဆီး စစ် ဆေးမေးခံရသူ ၃၀ ဦးကျော်ခန့် ရှိနေပြီး ပြန်လွတ်လာသူ ၁၀ ဦး ဝန်းကျင်ခန့်သာ ရှိသေးသည်ဟု ကန်ကြီးထောင့် ဒေသခံများ က ပြောသည်။

*** ZAWGYI ***
မဇၩိမ အယ္ဒီတာခ်ဳပ္ေဟာင္း ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္တြင္ မဇၩိမသတင္းဌာန၏ အယ္ဒီတာခ်ဳပ္ေဟာင္း ကိုမ်ိဳးသန႔္ အပါအဝင္ အမ်ိဳးသား ၃ ဦးအား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စက္တင္ဘာ လ ၁၅ ရက္ေန႔ ညက ဖမ္းဆီးသြားသည္ ဟု မိသားစုဝင္မ်ားက ေျပာသည္။

ကိုမ်ိဳးသန႔္ အဖမ္းခံရသည့္ ညတြင္ ကန္ႀကီးေထာင့္ၿမိဳ႕ ၏ NLD ၿမိဳ႕နယ္စည္း႐ုံးေရးမႉးေဟာင္း ကိုေဇာ္ေဇာ္ႏိုင္ ႏွင့္ ကန္ႀကီးေထာင့္ၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္ ေနထိုင္သူ ပုသိမ္တကၠသိုလ္ ေက်ာင္းသားသမဂၢ ေခါင္းေဆာင္ေဟာင္း ကိုျမတ္ မင္းတို႔ကိုလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားခဲ့သည္။

“စစ္သားေတြ ရဲေတြ ဝင္လာၿပီး အေဒၚေတြကို ဖမ္းမယ္ဆိုၿပီး လုပ္လို႔ သူက အဖမ္းခံလိုက္တာ။ ဘာလို႔ ဖမ္းတာ လဲမသိေသးဘူး” ဟု ကိုမ်ိဳးသန႔္ ၏ ဇနီးျဖစ္သူ က ေျပာသည္။

တိုင္ၾကားမႈရွိ၍ စစ္ေဆးေမး ျမန္းရန္ဆိုၿပီး လာေရာက္ဖမ္းဆီးျခင္း ျဖစ္သည္ဟု ဖမ္းဆီးသည့္ အဖြဲ႕ကို ဦးေဆာင္ သူက ေျပာသြားေၾကာင္း စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အခ်ိဳ႕၏ ေျပာျပခ်က္အရ သိရသည္။

“ဒလန္ေတြက အနီ NLD ေတြရယ္ အာဏာသိမ္းတာကို ဆန႔္က်င္ ဆႏၵျပသူရယ္ဆိုရင္ စစ္တပ္ကို သတင္းေပး ၾကေတာ့ စစ္တပ္ကလည္း ဖမ္းေနတာပဲေလ။ ကိုမ်ိဳးသန႔္က ဆႏၵျပတာမွာ ပါတာမ်ိဳး မေတြ႕မိဘူး” ဟု ကန္ႀကီး ေထာင့္ႀကီး ေဒသခံ ဦးခင္ဝင္း က ေျပာသည္။

ကိုမ်ိဳးသန႔္သည္ မဇၩိမ သတင္းဌာနတြင္ သတင္း အယ္ဒီတာခ်ဳပ္ အျဖစ္ ၈ ႏွစ္ခန႔္ လုပ္ကိုင္ခဲ့သူျဖစ္ၿပီး ယခုအခါ ထိုသတင္းဌာနတြင္ လုပ္ကိုင္ျခင္း မရွိေတာ့ေၾကာင္း ဧရာဝတီတိုင္းအေျခစိုက္ မဇၩိမ သတင္းဌာနက သတင္း ေထာက္ တစ္ဦး က ေျပာသည္။

“လက္ရွိအေနအထားမွာ ဖမ္းထားခံသူေတြ ရဲစခန္းမွာမရွိဘူး။ ပုသိမ္က စစ္တပ္ထဲ ေခၚစစ္ေနပုံ ရတယ္” ဟု ရဲ တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦး က ေျပာသည္။

ကန္ႀကီးေထာင့္ ၿမိဳ႕နယ္တြင္ စစ္ေကာင္စီ သတင္းေပး “ဒလန္” ေမာင္ေမာင္ျမင့္ အသတ္ခံၿပီး ေနာက္ ဖမ္းဆီး စစ္ ေဆးေမးခံရသူ ၃၀ ဦးေက်ာ္ခန႔္ ရွိေနၿပီး ျပန္လြတ္လာသူ ၁၀ ဦး ဝန္းက်င္ခန႔္သာ ရွိေသးသည္ဟု ကန္ႀကီးေထာင့္ ေဒသခံမ်ား က ေျပာသည္။