ဧရာဝတီတိုင်း ငါးကန်လုပ်သား ၅ ဦးအား PDF ဟု ဆိုကာ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းတွင် အမျိုးသမီးနှစ်ဦး အပါအဝင် ငါးကန် လုပ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဝင်များ ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြော သည်။

ဇလွန်မြို့နယ်၊ ဇော်ဂျီကွင်း ကျေးရွာအုပ်စု တလိုင်းပုန်းကျေးရွာရှိ ဦးကျော်ငြိမ်းပိုင်ဆိုင်သည့် ငါးကန်ထဲတွင် အလုပ်လုပ်နေသူ အမျိုးသား ၃ဦး နှင့် အမျိုးသမီး၂ ဦး ကို စစ်တပ်က စက်တင်ဘာလ ၁၄ ရက်နေ့ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ငါးကန်လုပ်သားတွေ ဘယ်လို PDF ဖြစ်ရတာလဲ။ မပြောတတ်ဘူး ဦးကျော်ငြိမ်းကိုလည်း လိုက်ဖမ်းနေတယ်။ သူက ကန်မှာနေတာ မဟုတ်ဘူးလေ။ အဖမ်းခံရတဲ့သူ နာမည်တွေတော့ မသိဘူး” ဟု ဒေသခံ ငါးမွေးမြူ ရေး လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ဦးကျော်ငြိမ်း ပိုင်ငါးကန်တွင် အကြမ်းဖက်များ ပုန်းကွယ်ခိုအောင်းနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ လက်လုပ်သေနတ် ၈ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းတို့ ၅ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ကျေးလက်ဒေသ နေထိုင်သူများတွင် လေးဂွ၊ ဓားမှိန်း၊ ဒူးလေး စသည့်တို့ ကိုင်ဆောင်သည့် ဓလေ့ရှိတတ် ကြောင်း တောတောင် အင်းအိုင် နှင့် နီးသည့် ဒေသများတွင် စရိုက်ကျည် ခေါ် ခဲသီး သံဘောစိ တို့ဖြင့်ပစ်သည့် ငှက်ပစ်၊ အမဲပစ် သည့် သေနတ်အချို့လည်း ရှိသည်ဟု ဒေသခံ ဦးသိန်းဝင်း အသက် ၆၀ အရွယ်ရှိသူ ဒေသခံ ဦးသိန်းဝင်း က ပြောသည်။

“ဖမ်းမိသမျှကို PDF တွေ အကြမ်းဖက်သူတွေလို့ စစ်ကောင်စီက ခေါင်းစဉ်တပ်နေတယ်။ ဘယ်သူကိုမဆို ဘာ လက်နက်နဲ့ တွေ့တွေ့ဖမ်းပြီး PDF တံဆိပ်ကပ်မယ့် အခြေအနေ ဖြစ်နေတယ်” ဟု ဒေသခံလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်သူ ဦးသိန်းဝင်း က မှတ်ချက်ပြု ပြောဆိုသည်။

ထို့အပြင် စက်တင်ဘာ ၁၄ ရက်နေ့က ဖျာပုံမြို့မှ ငါးဒိုင်လုပ်ငန်းလုပ်ကိုင်သူ ကိုသန်းဝင်းအောင်ကိုလည်း ဂက်စ် ပစ္စတို ၁ လက်၊ ဂျင်ကလိ ၈ ချောင်း၊ ဓား ၉ ချောင်း၊ သံဘောစိ ၄၅ လုံး၊ ဖန်ဂေါ်လီ ၂၀ လုံး၊ လေးဂွ ၂ လက် တို့ နှင့် အတူ ဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

*** ZAWGYI ***
ဧရာဝတီတိုင္း ငါးကန္လုပ္သား ၅ ဦးအား PDF ဟု ဆိုကာ ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ဇလြန္ၿမိဳ႕နယ္အတြင္းတြင္ အမ်ိဳးသမီးႏွစ္ဦး အပါအဝင္ ငါးကန္ လုပ္သား ၅ ဦးကို ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ PDF ဝင္မ်ား ဟု စြပ္စြဲကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာ သည္။

ဇလြန္ၿမိဳ႕နယ္၊ ေဇာ္ဂ်ီကြင္း ေက်း႐ြာအုပ္စု တလိုင္းပုန္းေက်း႐ြာရွိ ဦးေက်ာ္ၿငိမ္းပိုင္ဆိုင္သည့္ ငါးကန္ထဲတြင္ အလုပ္လုပ္ေနသူ အမ်ိဳးသား ၃ဦး ႏွင့္ အမ်ိဳးသမီး၂ ဦး ကို စစ္တပ္က စက္တင္ဘာလ ၁၄ ရက္ေန႔ ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ငါးကန္လုပ္သားေတြ ဘယ္လို PDF ျဖစ္ရတာလဲ။ မေျပာတတ္ဘူး ဦးေက်ာ္ၿငိမ္းကိုလည္း လိုက္ဖမ္းေနတယ္။ သူက ကန္မွာေနတာ မဟုတ္ဘူးေလ။ အဖမ္းခံရတဲ့သူ နာမည္ေတြေတာ့ မသိဘူး” ဟု ေဒသခံ ငါးေမြးျမဴ ေရး လုပ္ကိုင္သူ တစ္ဦးက ေျပာသည္။

ဦးေက်ာ္ၿငိမ္း ပိုင္ငါးကန္တြင္ အၾကမ္းဖက္မ်ား ပုန္းကြယ္ခိုေအာင္းေနေၾကာင္း သတင္းအရ ဝင္ေရာက္ရွာေဖြရာ လက္လုပ္ေသနတ္ ၈ လက္၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ၎တို႔ ၅ ဦးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။

ေက်းလက္ေဒသ ေနထိုင္သူမ်ားတြင္ ေလးဂြ၊ ဓားမွိန္း၊ ဒူးေလး စသည့္တို႔ ကိုင္ေဆာင္သည့္ ဓေလ့ရွိတတ္ ေၾကာင္း ေတာေတာင္ အင္းအိုင္ ႏွင့္ နီးသည့္ ေဒသမ်ားတြင္ စ႐ိုက္က်ည္ ေခၚ ခဲသီး သံေဘာစိ တို႔ျဖင့္ပစ္သည့္ ငွက္ပစ္၊ အမဲပစ္ သည့္ ေသနတ္အခ်ိဳ႕လည္း ရွိသည္ဟု ေဒသခံ ဦးသိန္းဝင္း အသက္ ၆၀ အ႐ြယ္ရွိသူ ေဒသခံ ဦးသိန္းဝင္း က ေျပာသည္။

“ဖမ္းမိသမွ်ကို PDF ေတြ အၾကမ္းဖက္သူေတြလို႔ စစ္ေကာင္စီက ေခါင္းစဥ္တပ္ေနတယ္။ ဘယ္သူကိုမဆို ဘာ လက္နက္နဲ႔ ေတြ႕ေတြ႕ဖမ္းၿပီး PDF တံဆိပ္ကပ္မယ့္ အေျခအေန ျဖစ္ေနတယ္” ဟု ေဒသခံလည္းျဖစ္၊ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းလည္း ျဖစ္သူ ဦးသိန္းဝင္း က မွတ္ခ်က္ျပဳ ေျပာဆိုသည္။

ထို႔အျပင္ စက္တင္ဘာ ၁၄ ရက္ေန႔က ဖ်ာပုံၿမိဳ႕မွ ငါးဒိုင္လုပ္ငန္းလုပ္ကိုင္သူ ကိုသန္းဝင္းေအာင္ကိုလည္း ဂက္စ္ ပစၥတို ၁ လက္၊ ဂ်င္ကလိ ၈ ေခ်ာင္း၊ ဓား ၉ ေခ်ာင္း၊ သံေဘာစိ ၄၅ လုံး၊ ဖန္ေဂၚလီ ၂၀ လုံး၊ ေလးဂြ ၂ လက္ တို႔ ႏွင့္ အတူ ဖမ္းဆီးမိေၾကာင္း ရဲတပ္ဖြဲ႕ ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။