ဆိုင်ကယ်မရပ်သဖြင့် ပစ်ခတ်ရာ လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထားဝယ်ခရိုင်အတွင်းက လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ များက ပြောသည်။

စက်တင်ဘာလ ၁၉ရက် (ယနေ့) နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေူရွာအုပ်စု၊ ဂေါ့အင်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သူမှာ အသက် ၂၀ အရွယ် မောင်မျိုးဟိန်း ဖြစ်သည်။

ထားဝယ်ဘက်မှ အောက်ရေဖြူဘက်ကို ဆိုင်ကယ်စီးဆင်းလာသော လူငယ်နှစ်ဦးကို ဂေါ့အင်းရွာရှိ နာရေးကူညီ မှု ရုံးခန်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးရာ ဆိုင်ကယ် ရပ်မပေးသည့်အတွက်ဟု ဆိုကာ အနောက်မှ လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၀ ခန့် အရွယ် မျက်မြင်တွေ့လိုက်သူ တစ်ဦး က ပြောသည်။

“သေနတ်ထိတဲ့သူက နောက်ကစီးတဲ့သူ လက်မောင်းဆုံမှာ တစ်ချက်၊ ခြေထောက်မှာ တစ်ချက် ထိတယ်။ ဆိုင် ကယ်မောင်းတဲ့သူလည်း အဖမ်းခံရတယ်” ဟု အသက် ၃၀ ခန့် အရွယ် မျက်မြင်တွေ့လိုက်သူ တစ်ဦး က ပြော သည်။

သေနတ်ထိမှန်သူသည် ကမြောကြီးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ထားဝယ်မြို့ပေါ် စစ်တပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်ရသည်ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက အတည်ပြု ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ပုံမှန်ထွက်နေသည့် အောက်ရေဖြူကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်းကြပ်လျက်ရှိ နေသည်။

ဂေါ့အင်းကျေးရွာသည် လောင်းလုံးမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ လက်ရှိတွင် စစ်တပ်များ တပ်စွဲထား ပြီး စစ်ဆေးမှုများ အပြင်းအထန် ကြပ်မတ်နေသည့် အောက်ရေဖြူကျေးရွာနှင့် ကပ်လျက်တည်ရှိသည်။

ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင်လည်း စက်တင်ဘာ ၁၇ ရက်နေ့ ညဦးပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းလာသည့် အသက် ၁၆ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

*** ZAWGYI ***
ဆိုင္ကယ္မရပ္သျဖင့္ ပစ္ခတ္ရာ လူငယ္တစ္ဦး ျပင္းထန္စြာ ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္။

စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ထားဝယ္ခ႐ိုင္အတြင္းက လူငယ္တစ္ဦး ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံ မ်ားက ေျပာသည္။

စက္တင္ဘာလ ၁၉ရက္ (ယေန႔) နံနက္ပိုင္းက တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္ ေလာင္းလုံၿမိဳ႕နယ္၊ ေအာက္ေရျဖဴေက်ဴ႐ြာအုပ္စု၊ ေဂါ့အင္း႐ြာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ပစ္ခတ္မႈေၾကာင့္ က်ည္ထိမွန္ခဲ့သူမွာ အသက္ ၂၀ အ႐ြယ္ ေမာင္မ်ိဳးဟိန္း ျဖစ္သည္။

ထားဝယ္ဘက္မွ ေအာက္ေရျဖဴဘက္ကို ဆိုင္ကယ္စီးဆင္းလာေသာ လူငယ္ႏွစ္ဦးကို ေဂါ့အင္း႐ြာရွိ နာေရးကူညီ မႈ ႐ုံးခန္းအနီး တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက တားဆီးရာ ဆိုင္ကယ္ ရပ္မေပးသည့္အတြက္ဟု ဆိုကာ အေနာက္မွ လိုက္လံပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း အသက္ ၃၀ ခန႔္ အ႐ြယ္ မ်က္ျမင္ေတြ႕လိုက္သူ တစ္ဦး က ေျပာသည္။

“ေသနတ္ထိတဲ့သူက ေနာက္ကစီးတဲ့သူ လက္ေမာင္းဆုံမွာ တစ္ခ်က္၊ ေျခေထာက္မွာ တစ္ခ်က္ ထိတယ္။ ဆိုင္ ကယ္ေမာင္းတဲ့သူလည္း အဖမ္းခံရတယ္” ဟု အသက္ ၃၀ ခန႔္ အ႐ြယ္ မ်က္ျမင္ေတြ႕လိုက္သူ တစ္ဦး က ေျပာ သည္။

ေသနတ္ထိမွန္သူသည္ ကေျမာႀကီး႐ြာတြင္ ေနထိုင္သူျဖစ္ၿပီး ၎သည္ ထားဝယ္ၿမိဳ႕ေပၚ စစ္တပ္ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရၿပီး စိုးရိမ္ရသည္ဟု ေဆြမ်ိဳးေတာ္စပ္သူ တစ္ဦးက အတည္ျပဳ ေျပာသည္။

စစ္အာဏာရွင္ ဆန႔္က်င္ေရး သပိတ္စစ္ေၾကာင္း ပုံမွန္ထြက္ေနသည့္ ေအာက္ေရျဖဴေက်း႐ြာႏွင့္ အနီးတဝိုက္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ား တင္းၾကပ္လ်က္ရွိ ေနသည္။

ေဂါ့အင္းေက်း႐ြာသည္ ေလာင္းလုံးၿမိဳ႕၏ ေတာင္ဘက္တြင္ တည္ရွိသည္။ လက္ရွိတြင္ စစ္တပ္မ်ား တပ္စြဲထား ၿပီး စစ္ေဆးမႈမ်ား အျပင္းအထန္ ၾကပ္မတ္ေနသည့္ ေအာက္ေရျဖဴေက်း႐ြာႏွင့္ ကပ္လ်က္တည္ရွိသည္။

ေရျဖဴေက်း႐ြာအုပ္စု ကဒက္ငယ္ထိန္ေက်း႐ြာတြင္လည္း စက္တင္ဘာ ၁၇ ရက္ေန႔ ညဦးပိုင္းက စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းလာသည့္ အသက္ ၁၆ ႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးသြားသည့္ ျဖစ္စဥ္တစ္ခုလည္း ျဖစ္ပြားခဲ့သည္။