ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်၊ ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲတွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည့် အတွက် ဒေသခံပြည်သူ ၂၇၀၀ ကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တို့အကြား ရက်သတ္တပတ် တစ်ပတ်နီးပါးခန့် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်ပြန်ရေးမဖြစ်နိုင်သည့် အပြင် ယခု ရောက်ရှိနေသည့် နေရာတွင်လည်း လုံခြုံမှု မရှိဟု စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

“ဒီနေ့လည်း လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတော့ အကုန်လုံး လန့်နေကြတာ။ ပစ္စည်းတွေလည်း သိမ်း ထားတယ်။ တခြားနေရာတစ်ခုကို ပြေးရမယ်ဆိုလည်း အဆင်သင့် ဖြစ်အောင်ပါရှင့်။ ဒါပေမယ့် ကျမတို့ ဘယ် ကို ဆက်ပြီး ထွက်ပြေးရမှန်းလည်း မသိဘူး။ တချို့လည်း အမျိုးတွေ အသိတွေ ရှိတဲ့တခြားရွာတွေကို ထွက် ပြေးတဲ့လူတွေလည်း ရှိပါတယ်ရှင့်။ အခုဆို သူတို့ ကျမတို့ရဲ့ နောင်လျဲန်ရွာကို ပြေးလာတာက ၅ ရက် ၆ ရက် ရှိပြီ” ဟု စစ်ရှောင်များအား အကူအညီ ပေးနေသည့် နောင်လျဲန်ကျေးရွာက ရှမ်းအမျိုးသမီးတစ်ဦး က ပြော သည်။

စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်ချက်ရှိနေသည့်အပြင် စစ်ရှောင်ဦးရေများသည့် အတွက် နေရာစရာအခက်အခဲ၊ စောင်၊ မိုးကာများလည်း လိုအပ်နေသည်ဟု အကူအညီနေသည့် အဆိုပါ အမျိုး သမီး က ဆက်ပြောသည်။

“အစားအသောက်လည်း ခက်ခဲတယ် လေရှင့်။ မိုးတွင်းဆိုတော့ မိုးကာတို့လည်း လိုတယ်ရှင့်။ ဒီမှာနေတာလည်း မလုံခြုံဘူးလေနော်။ ဒီမှာက စာရင်း အရဆိုရင် ၂၁၀၀ ကျော်ပြီရှင့်။ ဘုန်းကြီးကျောင်းမှာရော၊ စာသင်ကျောင်း ထဲမှာရောနေနေရတယ်။ တဲတွေ နေ ရာစရာတွေမရှိတော့ သူတို့စီးလာတဲ့ ထော်လာဂျီတွေပေါ်မှာလည်း အိပ် ကြတယ်” ဟု ပြောသည်။

နောင်လျဲန်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတွင် နေထိုင်နေသူမှာ လူဦးရေ ၂၁၀၀ ရှိပြီး အချို့ မှာ နောင်လျော်၊ မန်ကောင်းမူးနှင့် အခြားစစ်ဘေးလွှတ်ကင်းသည့် ကျေးရွာများသို့လည်း ထွက်ပြေးသွားသူများ ရှိသည်ဟု အကူအညီပေးနေသူများက ဆိုသည်။

မိုင်းကိုင်မြို့နယ် ဝမ်လုံ၊ ဝမ်ကမ်း၊ ဝမ်ကောင်း၊ ဝမ်လင်း၊ ဝန်ကျန့်၊ ပန်လင်း၊ နမ့်မော်အုတ်၊ နောင် မွန်း၊ နမ့်အွမ်၊ နောင်နန်း စသည့် ကျေးရွာများက ပြည်သူများသည် နောင်လျဲန်ကျေးရွာက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စု ပျဥ်ဝင့်နဲ့ ဟွေမွန်ကျေးရွာ၊ ဟိုခိုင်းကျေးရွာနား တဝိုက်တွင် တိုက်ပွဲ များ ဖြစ်ပွားနေသည့်အတွက် တုံလောကျေးရွာအုပ်စု၊ မတ်ချိနုတ်ကျေးရွာတွင်လည်း စစ်ရှောင်ပြည်သူ ၇၀၀ ခန့် ရောက်ရှိနေသည် ဟု ဒေသခံများက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တို့အကြား ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းတွင်သာမကပဲ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း အစရှိသည့် မြို့နယ်များထဲတွင်လည်း တိုက်ပွဲများ မကြာခဏ ထွက်ပြေးနေရပြီး ရှမ်းမြောက် စစ်ရှောင်ပြည်သူအများစုလည်း နေရပ်မပြန်နိုင်သေးပဲ ရှိနေသည်။

* ZAWGYI*
ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ၾကား တိုက္ပြဲျဖစ္၊ ေဒသခံ ၃၀၀၀ နီးပါး ေနရပ္စြန႔္ခြာ ထြက္ေျပးရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၉ ရက္။

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္ထဲတြင္ ရွမ္းတိုင္းရင္းသား လက္နက္ကိုင္ႏွစ္ဖြဲ႕တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္ေနသည့္ အတြက္ ေဒသခံျပည္သူ ၂၇၀၀ ေက်ာ္ ေနရပ္စြန႔္ခြာၿပီး စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

ရွမ္းျပည္တပ္မေတာ္ (ေတာင္ပိုင္း) RCSS/SSA ႏွင့္ ရွမ္းျပည္တပ္မေတာ္ (ေျမာက္ပိုင္း) SSPP/SSA တို႔အၾကား ရက္သတၱပတ္ တစ္ပတ္နီးပါးခန႔္ ျဖစ္ပြားလာသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား ေနရပ္ျပန္ေရးမျဖစ္ႏိုင္သည့္ အျပင္ ယခု ေရာက္ရွိေနသည့္ ေနရာတြင္လည္း လုံၿခဳံမႈ မရွိဟု စစ္ေရွာင္မ်ားအား ကူညီေပးေနသူမ်ားက ေျပာသည္။

“ဒီေန႔လည္း လက္နက္ႀကီးသံေတြ ဆက္တိုက္ၾကားရေတာ့ အကုန္လုံး လန႔္ေနၾကတာ။ ပစၥည္းေတြလည္း သိမ္း ထားတယ္။ တျခားေနရာတစ္ခုကို ေျပးရမယ္ဆိုလည္း အဆင္သင့္ ျဖစ္ေအာင္ပါရွင့္။ ဒါေပမယ့္ က်မတို႔ ဘယ္ ကို ဆက္ၿပီး ထြက္ေျပးရမွန္းလည္း မသိဘူး။ တခ်ိဳ႕လည္း အမ်ိဳးေတြ အသိေတြ ရွိတဲ့တျခား႐ြာေတြကို ထြက္ ေျပးတဲ့လူေတြလည္း ရွိပါတယ္ရွင့္။ အခုဆို သူတို႔ က်မတို႔ရဲ႕ ေနာင္လ်ဲန္႐ြာကို ေျပးလာတာက ၅ ရက္ ၆ ရက္ ရွိၿပီ” ဟု စစ္ေရွာင္မ်ားအား အကူအညီ ေပးေနသည့္ ေနာင္လ်ဲန္ေက်း႐ြာက ရွမ္းအမ်ိဳးသမီးတစ္ဦး က ေျပာ သည္။

စစ္ေရွာင္မ်ားအတြက္ စားနပ္ရိကၡာႏွင့္ ေဆးဝါးမ်ား လိုအပ္ခ်က္ရွိေနသည့္အျပင္ စစ္ေရွာင္ဦးေရမ်ားသည့္ အတြက္ ေနရာစရာအခက္အခဲ၊ ေစာင္၊ မိုးကာမ်ားလည္း လိုအပ္ေနသည္ဟု အကူအညီေနသည့္ အဆိုပါ အမ်ိဳး သမီး က ဆက္ေျပာသည္။

“အစားအေသာက္လည္း ခက္ခဲတယ္ ေလရွင့္။ မိုးတြင္းဆိုေတာ့ မိုးကာတို႔လည္း လိုတယ္ရွင့္။ ဒီမွာေနတာလည္း မလုံၿခဳံဘူးေလေနာ္။ ဒီမွာက စာရင္း အရဆိုရင္ ၂၁၀၀ ေက်ာ္ၿပီရွင့္။ ဘုန္းႀကီးေက်ာင္းမွာေရာ၊ စာသင္ေက်ာင္း ထဲမွာေရာေနေနရတယ္။ တဲေတြ ေန ရာစရာေတြမရွိေတာ့ သူတို႔စီးလာတဲ့ ေထာ္လာဂ်ီေတြေပၚမွာလည္း အိပ္ ၾကတယ္” ဟု ေျပာသည္။

ေနာင္လ်ဲန္ေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္းတြင္ ေနထိုင္ေနသူမွာ လူဦးေရ ၂၁၀၀ ရွိၿပီး အခ်ိဳ႕ မွာ ေနာင္ေလ်ာ္၊ မန္ေကာင္းမူးႏွင့္ အျခားစစ္ေဘးလႊတ္ကင္းသည့္ ေက်း႐ြာမ်ားသို႔လည္း ထြက္ေျပးသြားသူမ်ား ရွိသည္ဟု အကူအညီေပးေနသူမ်ားက ဆိုသည္။

မိုင္းကိုင္ၿမိဳ႕နယ္ ဝမ္လုံ၊ ဝမ္ကမ္း၊ ဝမ္ေကာင္း၊ ဝမ္လင္း၊ ဝန္က်န႔္၊ ပန္လင္း၊ နမ့္ေမာ္အုတ္၊ ေနာင္ မြန္း၊ နမ့္အြမ္၊ ေနာင္နန္း စသည့္ ေက်း႐ြာမ်ားက ျပည္သူမ်ားသည္ ေနာင္လ်ဲန္ေက်း႐ြာက ဘုန္းႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္း ထဲတြင္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

ထို႔အျပင္ မိုင္းကိုင္ၿမိဳ႕နယ္၊ ဟိုခဲေက်း႐ြာအုပ္စု ပ်ဥ္ဝင့္နဲ႔ ေဟြမြန္ေက်း႐ြာ၊ ဟိုခိုင္းေက်း႐ြာနား တဝိုက္တြင္ တိုက္ပြဲ မ်ား ျဖစ္ပြားေနသည့္အတြက္ တုံေလာေက်း႐ြာအုပ္စု၊ မတ္ခ်ိႏုတ္ေက်း႐ြာတြင္လည္း စစ္ေရွာင္ျပည္သူ ၇၀၀ ခန႔္ ေရာက္ရွိေနသည္ ဟု ေဒသခံမ်ားက ေျပာသည္။

မိုင္းကိုင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ ရွမ္းတိုင္းရင္းသားလက္နက္ကိုင္ ႏွစ္ဖြဲ႕၏ တာဝန္ရွိသူမ်ားကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

ရွမ္းျပည္တပ္မေတာ္ (ေတာင္ပိုင္း) RCSS/SSA ႏွင့္ ရွမ္းျပည္တပ္မေတာ္ (ေျမာက္ပိုင္း) SSPP/SSA တို႔အၾကား ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္အတြင္းတြင္သာမကပဲ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေက်ာက္မဲ၊ သီေပါ၊ နမၼတူ၊ နမ့္ခမ္း အစရွိသည့္ ၿမိဳ႕နယ္မ်ားထဲတြင္လည္း တိုက္ပြဲမ်ား မၾကာခဏ ထြက္ေျပးေနရၿပီး ရွမ္းေျမာက္ စစ္ေရွာင္ျပည္သူအမ်ားစုလည္း ေနရပ္မျပန္ႏိုင္ေသးပဲ ရွိေနသည္။