PDF အားကူညီသည်ဟု ဆိုကာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင် ပလမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့နှင့် ပတ်သက် ကူညီမှု များ ရှိနေသည်ဟုဆိုကာ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လူငယ်တစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများ က ပြောသည်။

နေအိမ်တွင် နေထိုင်နေသည့် အသက် ၅၀ အရွယ် ဒေါ်ကျင်စန်းကို ပုလောက PDF များနှင့် ဆက်နွှယ် ပတ်သက် ကူညီပေးနေသူ ဖြစ်သည်ဟု စစ်ကောင်စီသတင်းပေး တစ်ဦးက စစ်ကောင်စီကို တိုင်ကြားခဲ့သည့်အတွက် ဖမ်း ဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဒေါ်ကျင်စန်း၏ အမျိုးသားမှာ PDF အဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟုဆိုကာ တိုင်ကြားခံထားရသည်။

အလားတူ ပလမြို့တွင် ဆံသဆိုင်ဖွင့်ထားသူ အသက် ၁၉ နှစ်အရွယ်ခန့်ရှိ ကိုဟိန်းရာဇာကိုလည်း ဆိုင်ကယ်ဖြင့် သွားနေစဉ် စစ်ကောင်စီတပ်များက ဆိုင်ကယ်ရပ်ခိုင်းပြီး ဖမ်းဆီးသွားခဲ့သည်။

“ပလမှာ စစ်ကားဖြတ်တဲ့အချိန်နဲ့ သူနဲ့တိုးတော့ လူငယ်မို့ ဖြစ်မယ်ထင်တယ်။ ခေါ်စစ်တာတွေ့တယ်။ နားသိပ် မကောင်းတော့ သိပ်မကြားရတာရယ် ကြောက်နေတာရယ်ကြောင့် မဖြေနိုင်လို့ ခေါ်သွားတာ ဖြစ်မယ်” ဟု မျက်မြင်တွေ့လိုက်သူ တစ်ဦးက ပြောသည်။

ဒေါ်ကျင်စန်းနှင့် ကိုဟိန်းရာဇာတို့ အဖမ်းခံရသည်မှာ တစ်ရက်တည်းဖြစ်ပြီး စက်တင်ဘာ ၁၉ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။

အဖမ်းခံရသူ ဒေါ်ကျင်စန်း၏ နေအိမ်မှ ရွှေငွေအချို့ကိုပါ ရှာဖွေယူဆောင်သွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့များ က နေအိမ်များကိုပါ မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ပလမြို့က အသက် ၅၀ အရွယ် ဒေသခံတစ်ဦး က ပြော သည်။

“စစ်ကားကြီးတစ်စီး၊ စစ်ကားငယ်တစ်စီးနဲ့လာတာ အင်အား ၃၀ကျော်လောက်ရှိမယ်။ သေနတ်ပစ်ခတ်မှုတွေ လည်းရှိတယ်။ ဝိုင်းခံရတဲ့အိမ်တွေက ဦးသိန်းစွန်ညို၊ မယုဌေး၊ ဦးမော်ဌေးတို့ အိမ်တွေ“ ဟု ပြောသည်။

ဒေါ်ကျင်စန်းကို လာရောက်ဖမ်းဆီးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးအနားရှိ နေအိမ်အချို့ကိုပါ ဝိုင်းထားပြီး၊ သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်းများလည်း ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံထားရသည့် အကြားအာရုံ ချို့ယွင်းနေသူ ကိုဟိန်းရာဇာ ကို ပလမြို့ရဲစခန်းနှင့် ပုလောမြို့ရဲစခန်းတို့တွင် သွားရောက်စုံစမ်းကြသော်လည်း အဆိုပါနေရာများတွင် မတွေ့ရဘူးဟု မိသားစုဝင်များက ပြောသည်။

ကိုဟိန်းရာဇာကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးပဲ ယခုအချိန်ထိ အဆက် အသွယ် မရသေးသည့်အတွက် စိုးရိမ်သည်ဟု ၎င်း၏ မိသားစုဝင်များ ပြောသည်။

*** ZAWGYI ***
PDF အားကူညီသည္ဟု ဆိုကာ အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီး တစ္ဦးကို ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၀ ရက္။

တနသၤာရီတိုင္း ေဒသႀကီး၊ ၿမိတ္ခ႐ိုင္ ပလၿမိဳ႕တြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ PDF အဖြဲ႕ႏွင့္ ပတ္သက္ ကူညီမႈ မ်ား ရွိေနသည္ဟုဆိုကာ အမ်ိဳးသမီး တစ္ဦးႏွင့္ အမ်ိဳးသား လူငယ္တစ္ဦးကို ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ား က ေျပာသည္။

ေနအိမ္တြင္ ေနထိုင္ေနသည့္ အသက္ ၅၀ အ႐ြယ္ ေဒၚက်င္စန္းကို ပုေလာက PDF မ်ားႏွင့္ ဆက္ႏႊယ္ ပတ္သက္ ကူညီေပးေနသူ ျဖစ္သည္ဟု စစ္ေကာင္စီသတင္းေပး တစ္ဦးက စစ္ေကာင္စီကို တိုင္ၾကားခဲ့သည့္အတြက္ ဖမ္း ဆီးခံလိုက္ရျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထို႔အျပင္ ေဒၚက်င္စန္း၏ အမ်ိဳးသားမွာ PDF အဖြဲ႕ဝင္ တစ္ဦးျဖစ္သည္ဟုဆိုကာ တိုင္ၾကားခံထားရသည္။

အလားတူ ပလၿမိဳ႕တြင္ ဆံသဆိုင္ဖြင့္ထားသူ အသက္ ၁၉ ႏွစ္အ႐ြယ္ခန႔္ရွိ ကိုဟိန္းရာဇာကိုလည္း ဆိုင္ကယ္ျဖင့္ သြားေနစဥ္ စစ္ေကာင္စီတပ္မ်ားက ဆိုင္ကယ္ရပ္ခိုင္းၿပီး ဖမ္းဆီးသြားခဲ့သည္။

“ပလမွာ စစ္ကားျဖတ္တဲ့အခ်ိန္နဲ႔ သူနဲ႔တိုးေတာ့ လူငယ္မို႔ ျဖစ္မယ္ထင္တယ္။ ေခၚစစ္တာေတြ႕တယ္။ နားသိပ္ မေကာင္းေတာ့ သိပ္မၾကားရတာရယ္ ေၾကာက္ေနတာရယ္ေၾကာင့္ မေျဖႏိုင္လို႔ ေခၚသြားတာ ျဖစ္မယ္” ဟု မ်က္ျမင္ေတြ႕လိုက္သူ တစ္ဦးက ေျပာသည္။

ေဒၚက်င္စန္းႏွင့္ ကိုဟိန္းရာဇာတို႔ အဖမ္းခံရသည္မွာ တစ္ရက္တည္းျဖစ္ၿပီး စက္တင္ဘာ ၁၉ရက္ေန႔ ေန႔လည္ ၁၂ နာရီ အခ်ိန္ခန႔္က ဖမ္းဆီးခဲ့ရျခင္း ျဖစ္သည္။

အဖမ္းခံရသူ ေဒၚက်င္စန္း၏ ေနအိမ္မွ ေ႐ႊေငြအခ်ိဳ႕ကိုပါ ရွာေဖြယူေဆာင္သြားခဲ့ကာ စစ္ေကာင္စီတပ္ဖြဲ႕မ်ား က ေနအိမ္မ်ားကိုပါ မီးရႈိ႕ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့သည္ဟု ပလၿမိဳ႕က အသက္ ၅၀ အ႐ြယ္ ေဒသခံတစ္ဦး က ေျပာ သည္။

“စစ္ကားႀကီးတစ္စီး၊ စစ္ကားငယ္တစ္စီးနဲ႔လာတာ အင္အား ၃၀ေက်ာ္ေလာက္ရွိမယ္။ ေသနတ္ပစ္ခတ္မႈေတြ လည္းရွိတယ္။ ဝိုင္းခံရတဲ့အိမ္ေတြက ဦးသိန္းစြန္ညိဳ၊ မယုေဌး၊ ဦးေမာ္ေဌးတို႔ အိမ္ေတြ“ ဟု ေျပာသည္။

ေဒၚက်င္စန္းကို လာေရာက္ဖမ္းဆီးစဥ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အနီးအနားရွိ ေနအိမ္အခ်ိဳ႕ကိုပါ ဝိုင္းထားၿပီး၊ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ပစ္ခတ္ျခင္းမ်ားလည္း ရွိခဲ့သည္ဟု ေဒသခံမ်ားက ဆိုသည္။

ဖမ္းဆီးခံထားရသည့္ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနသူ ကိုဟိန္းရာဇာ ကို ပလၿမိဳ႕ရဲစခန္းႏွင့္ ပုေလာၿမိဳ႕ရဲစခန္းတို႔တြင္ သြားေရာက္စုံစမ္းၾကေသာ္လည္း အဆိုပါေနရာမ်ားတြင္ မေတြ႕ရဘူးဟု မိသားစုဝင္မ်ားက ေျပာသည္။

ကိုဟိန္းရာဇာကို မည္သည့္ေနရာတြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည္ကို မသိရေသးပဲ ယခုအခ်ိန္ထိ အဆက္ အသြယ္ မရေသးသည့္အတြက္ စိုးရိမ္သည္ဟု ၎၏ မိသားစုဝင္မ်ား ေျပာသည္။