ကိုဗစ်ကာကွယ်ဆေးများကို လူထုများအား ဦးစားပေးထိုးပေးမည်ဟု AA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

စစ်ကောင်စီမှပေးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားသည့် နယ် မြေများရှိ ပြည်သူများအား ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း AA ၏ပြောရေးဆိုခွင့်ရှိသူ က စက် တင်ဘာ ၂၁ ရက်နေ့တွင် ပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ် ၆ မြို့နယ် ဖြစ်သည့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့ တောင်နှင့် မောင်တောမြို့နယ်တို့ကို ဆေးထိုးပေးမည့်မြို့နယ်များအဖြစ် ကနဦးလျာထားပြီး ရရှိလာမည့် ကာ ကွယ်ဆေး အရေအတွက် ပေါ်မူတည်၍ ထိုးနှံပေးသွားမည်ဟု AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။

“ကျနော်တို့ အဖွဲ့ဝင်တွေထက် ပြည်သူတွေကို အဓိကဦးစားပေးပြီး သက်ကြီးရွယ်အိုများ၊ ပရဟိတအဖွဲ့များနဲ့ လူထုနဲ့ ထိတွေ့ ဆက်ဆံမှုရှိသူများကို ဦးစားပေးထိုးနှံသွားနိုင်ဖို့ စဉ်းစားထားတယ်။ ULA/AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ ကျနော်တို့ အစီအစဉ်နဲ့ပဲ ဒီကာကွယ်ဆေးတွေကို ထိုးပေးသွားဖို့အတွက် စီစဉ်ထားပါ တယ်” ဟု ခိုင်သုခ က ပြောသည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော် AA ကိုပေးမည့် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေး အလုံးရေ ၁၃၆၀၀၀ လုံးမှာ စက်တင်ဘာ၂၁ ရက်နေ့တွင် ရခိုင်သို့ရောက်ရှိလာမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောဆိုထားသည်။

ရခိုင်သို့ ရောက်ရှိမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် ဦးစားပေးအုပ်စုများထဲမှ ၁၆ အုပ်စုတွင် ရက္ခိုင့်တပ် တော် AA ၏ တပ်ဖွဲ့ ဝင်များ ပါဝင်ကြောင်း စက်တင်ဘာ၂၀ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက သတင်းဌာနများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ တစ်သိန်း တစ်သောင်း ကျော်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနu သတင်းထုတ်ပြန်ထားသည်။

*** ZAWGYI ***
ကိုဗစ္ကာကြယ္ေဆးမ်ားကို လူထုမ်ားအား ဦးစားေပးထိုးေပးမည္ဟု AA ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

စစ္ေကာင္စီမွေပးမည့္ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားကို ရကၡိဳင့္တပ္ေတာ္ AA ထိန္းခ်ဳပ္ထားသည့္ နယ္ ေျမမ်ားရွိ ျပည္သူမ်ားအား ဦးစားေပးထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း AA ၏ေျပာေရးဆိုခြင့္ရွိသူ က စက္ တင္ဘာ ၂၁ ရက္ေန႔တြင္ ေျပာသည္။

ရခိုင္ျပည္အတြင္းက ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ ျဖစ္သည့္ မင္းျပား၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ရေသ့ ေတာင္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္တို႔ကို ေဆးထိုးေပးမည့္ၿမိဳ႕နယ္မ်ားအျဖစ္ ကနဦးလ်ာထားၿပီး ရရွိလာမည့္ ကာ ကြယ္ေဆး အေရအတြက္ ေပၚမူတည္၍ ထိုးႏွံေပးသြားမည္ဟု AA ၏ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ က ေျပာသည္။

“က်ေနာ္တို႔ အဖြဲ႕ဝင္ေတြထက္ ျပည္သူေတြကို အဓိကဦးစားေပးၿပီး သက္ႀကီး႐ြယ္အိုမ်ား၊ ပရဟိတအဖြဲ႕မ်ားနဲ႔ လူထုနဲ႔ ထိေတြ႕ ဆက္ဆံမႈရွိသူမ်ားကို ဦးစားေပးထိုးႏွံသြားႏိုင္ဖို႔ စဥ္းစားထားတယ္။ ULA/AA ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြမွာေတာ့ က်ေနာ္တို႔ အစီအစဥ္နဲ႔ပဲ ဒီကာကြယ္ေဆးေတြကို ထိုးေပးသြားဖို႔အတြက္ စီစဥ္ထားပါ တယ္” ဟု ခိုင္သုခ က ေျပာသည္။

စစ္ေကာင္စီက ရကၡိဳင့္တပ္ေတာ္ AA ကိုေပးမည့္ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm အမ်ိဳးအစား ကိုဗစ္-၁၉ ကာ ကြယ္ေဆး အလုံးေရ ၁၃၆၀၀၀ လုံးမွာ စက္တင္ဘာ၂၁ ရက္ေန႔တြင္ ရခိုင္သို႔ေရာက္ရွိလာမည္ ျဖစ္ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ လက္ေထာက္ၫြန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ေျပာဆိုထားသည္။

ရခိုင္သို႔ ေရာက္ရွိမည့္ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးမည့္ ဦးစားေပးအုပ္စုမ်ားထဲမွ ၁၆ အုပ္စုတြင္ ရကၡိဳင့္တပ္ ေတာ္ AA ၏ တပ္ဖြဲ႕ ဝင္မ်ား ပါဝင္ေၾကာင္း စက္တင္ဘာ၂၀ ရက္ေန႔တြင္ ျပည္နယ္စစ္ေကာင္စီ သတင္းႏွင့္ ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဦးလွသိန္းက သတင္းဌာနမ်ားကို ေျပာဆိုထားသည္။

ရခိုင္ျပည္နယ္တြင္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလမွစ၍ COVID-19 ကာကြယ္ေဆးထိုးႏွံၿပီးသူ တစ္သိန္း တစ္ေသာင္း ေက်ာ္ရွိေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနu သတင္းထုတ္ျပန္ထားသည္။