နယ်ခြားစောင့်တပ်က အမျိုးသမီးနှင့် ကလေးများကို လူသားဒိုင်းအဖြစ်သုံး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း နယ်ခြားစောင့်တပ် BGF အဖွဲ့က အမျိုးသမီးနှင့် ကလေးငယ်များအပါ အဝင် ရွာသားများကို ပေါ်တာဆွဲ၍ စစ်သုံးပစ္စည်းများ သယ်ယူရာတွင် အဓမ္မခိုင်းစေမှုများပြုလုပ်ရုံသာ မက စစ်ကြောင်းထွက်ရာတွင် လူသားဒိုင်းအဖြစ်ပါ အသုံးပြုနေသည်ဟု ဒေသ ခံများက ပြောသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းက ကုန်းရွာကျေးရွာ၊ ပျဉ်းမပင်ဆိပ်ကျေးရွာ၊ ကြသောင်းဆိပ်ကျေးရွာနှင့် ကြိုးဝိုင်းကျေးရွာများက ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် ရွာသားများကို စစ်သုံးပစ္စည်းများ၊ ရိက္ခာများ သယ်ယူရာနှင့် တပ်ချိန်းရာတွင် အတင်းအဓမ္မစေခိုင်းခဲ့သည်ဟု ရွာသားများက ပြောသည်။

ဘီးလင်းမြို့နယ်က အမည်မဖော်လိုသူ ဒေသခံတစ်ဦး က အမျိုးသမီး နှင့် ကလေးများကို လူသားဒိုင်းအဖြစ်အ သုံးပြုခဲ့ကြောင်း ပြောပြသည်။

“အမျိုးသမီးနဲ့ ကလေးတွေကို အဓမ္မခိုင်းတာ၊ အကာ အကွယ်ယူတာပေါ့” ဟု ပြောသည်။ “သူတို့က အကာကွယ်ယူကြတာ။ အမျိုးသမီး နှစ်ယောက်ကြားမှာ သူတို့စစ်သား တစ်ယောက်၊ အဲ့လိုမျိုး တစ် ယောက်စီခြားပြီး တန်းစီပြီးသွားခိုင်းတာ။ KNU က ပစ်ခတ်ချင်ရင်တောင် ရမ်းမပစ်ရဲတော့အောင် လူထုကို ဓါး စာခံလုပ်တာပဲ။”

စစ်ကောင်စီ လက်အောက်ခံ BGF တပ်ရင်း ၁၀၁၃၊ တပ်ခွဲ-၂ က “ပေါ်တာဆွဲကာ အဓမ္မခိုင်းစေခြင်းခံခဲ့ရသော အမျိုးသမီးများနှင့် ကလေးသူငယ်များမှာ ကုန်းရွာကျေးရွာမှ (၃၅) ဦး၊ ပျဉ်းမပင်ဆိပ်ကျေးရွာမှ(၃၀)ဦး၊ ကြ သောင်းဆိပ်ကျေးရွာမှ(၆၇)ဦး၊ ကြိုးဝိုင်းကျေးရွာမှ(၁၀၀) ဦးကျော်ဖြစ်ကာ အသက်မပြည့်သေးသော ၁၈ နှစ် အောက် (၁၂) ဦး ပါဝင်ကြောင်း” KNU-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနက စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ BGF တပ်ရင်း-၁၀၁၃၊ တပ်ခွဲ(၂) တပ်စုမှူး ဗိုလ်ကတုံး ဦးဆောင်သည့် အဖွဲ့သည် ကေ အဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာမှ အမျိုးသမီးများနှင့် အသက် မပြည့်သေးသည့် ကလေးသူငယ်များအပါအဝင် ရွာသား အယောက် ၃၀၀ ယောက် အား စက်တင်ဘာလ ၂၀ ရက်နေ့ တပ်ချိန်းရာ တွင် ပေါ်တာဆွဲ၍ စားနပ်ရိက္ခာ နှင့် စစ်သုံးပစ္စည်းများအား သယ်ယူရာတွင် အတင်းအဓမ္မ ခိုင်းစေခဲ့သည်ဟု KNU-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနက ပြောသည်။

အဆိုပါဒေသများအတွင်းက ရွာသားများသည် စစ်ကောင်စီနှင့် BGF-တပ်ဖွဲ့များ၏ အနိုင်ကျင့်ဖိနှိပ်မှုများ ကို ယခင်ကတည်းက ကာလကြာရှည်စွာ ခံစားခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် ကျေးရွာအတွင်းမှ အမျိုးသားများသည် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့၏ ကျေးရွာအတွင်း ဝင် ရောက်မလာမှီ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြသဖြင့် ယခုကဲ့သို့ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အဓမ္မဖမ်းဆီးခိုင်းစေခြင်း ဖြစ်ကြောင်း သထုံခရိုင် KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃၊ တပ်ခွဲ(၂) ကြ သောင်းဆိပ်စခန်း သို့ တပ်ချိန်းရန်နှင့် ရိက္ခာပို့ရန် မြစ်ကျိုးကျေးရွာမှ ထော်လာဂျီ (၅) စီး၊ (ယာဥ်မောင်းများ အပါ အဝင်)နှင့် ကျေးရွာက ရပ်မိရပ်ဖ ၆ ဦး ကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားမှုများရှိ ခဲ့သည်။

ဓါတ်ပုံ – Karen National Union

*** ZAWGYI ***
နယ္ျခားေစာင့္တပ္က အမ်ိဳးသမီးႏွင့္ ကေလးမ်ားကို လူသားဒိုင္းအျဖစ္သုံး

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္။

မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္အတြင္း နယ္ျခားေစာင့္တပ္ BGF အဖြဲ႕က အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ားအပါ အဝင္ ႐ြာသားမ်ားကို ေပၚတာဆြဲ၍ စစ္သုံးပစၥည္းမ်ား သယ္ယူရာတြင္ အဓမၼခိုင္းေစမႈမ်ားျပဳလုပ္႐ုံသာ မက စစ္ေၾကာင္းထြက္ရာတြင္ လူသားဒိုင္းအျဖစ္ပါ အသုံးျပဳေနသည္ဟု ေဒသ ခံမ်ားက ေျပာသည္။

သထုံခ႐ိုင္၊ ဘီးလင္းၿမိဳ႕နယ္အတြင္းက ကုန္း႐ြာေက်း႐ြာ၊ ပ်ဥ္းမပင္ဆိပ္ေက်း႐ြာ၊ ၾကေသာင္းဆိပ္ေက်း႐ြာႏွင့္ ႀကိဳးဝိုင္းေက်း႐ြာမ်ားက ကေလးငယ္ႏွင့္အမ်ိဳးသမီးမ်ားအပါအဝင္ ႐ြာသားမ်ားကို စစ္သုံးပစၥည္းမ်ား၊ ရိကၡာမ်ား သယ္ယူရာႏွင့္ တပ္ခ်ိန္းရာတြင္ အတင္းအဓမၼေစခိုင္းခဲ့သည္ဟု ႐ြာသားမ်ားက ေျပာသည္။

ဘီးလင္းၿမိဳ႕နယ္က အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က အမ်ိဳးသမီး ႏွင့္ ကေလးမ်ားကို လူသားဒိုင္းအျဖစ္အ သုံးျပဳခဲ့ေၾကာင္း ေျပာျပသည္။

“အမ်ိဳးသမီးနဲ႔ ကေလးေတြကို အဓမၼခိုင္းတာ၊ အကာ အကြယ္ယူတာေပါ့” ဟု ေျပာသည္။ “သူတို႔က အကာကြယ္ယူၾကတာ။ အမ်ိဳးသမီး ႏွစ္ေယာက္ၾကားမွာ သူတို႔စစ္သား တစ္ေယာက္၊ အဲ့လိုမ်ိဳး တစ္ ေယာက္စီျခားၿပီး တန္းစီၿပီးသြားခိုင္းတာ။ KNU က ပစ္ခတ္ခ်င္ရင္ေတာင္ ရမ္းမပစ္ရဲေတာ့ေအာင္ လူထုကို ဓါး စာခံလုပ္တာပဲ။”

စစ္ေကာင္စီ လက္ေအာက္ခံ BGF တပ္ရင္း ၁၀၁၃၊ တပ္ခြဲ-၂ က “ေပၚတာဆြဲကာ အဓမၼခိုင္းေစျခင္းခံခဲ့ရေသာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားမွာ ကုန္း႐ြာေက်း႐ြာမွ (၃၅) ဦး၊ ပ်ဥ္းမပင္ဆိပ္ေက်း႐ြာမွ(၃၀)ဦး၊ ၾက ေသာင္းဆိပ္ေက်း႐ြာမွ(၆၇)ဦး၊ ႀကိဳးဝိုင္းေက်း႐ြာမွ(၁၀၀) ဦးေက်ာ္ျဖစ္ကာ အသက္မျပည့္ေသးေသာ ၁၈ ႏွစ္ ေအာက္ (၁၂) ဦး ပါဝင္ေၾကာင္း” KNU-ဘီးလင္း သတင္းႏွင့္ျပန္ၾကားေရးဌာနက စက္တင္ဘာလ ၂၃ ရက္ေန႔က ထုတ္ျပန္ထားသည္။

စစ္ေကာင္စီ လက္ေအာက္ခံ BGF တပ္ရင္း-၁၀၁၃၊ တပ္ခြဲ(၂) တပ္စုမႉး ဗိုလ္ကတုံး ဦးေဆာင္သည့္ အဖြဲ႕သည္ ေက အဲန္ယူ-သထုံခ႐ိုင္၊ ဘီးလင္းၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ (၄) ႐ြာမွ အမ်ိဳးသမီးမ်ားႏွင့္ အသက္ မျပည့္ေသးသည့္ ကေလးသူငယ္မ်ားအပါအဝင္ ႐ြာသား အေယာက္ ၃၀၀ ေယာက္ အား စက္တင္ဘာလ ၂၀ ရက္ေန႔ တပ္ခ်ိန္းရာ တြင္ ေပၚတာဆြဲ၍ စားနပ္ရိကၡာ ႏွင့္ စစ္သုံးပစၥည္းမ်ားအား သယ္ယူရာတြင္ အတင္းအဓမၼ ခိုင္းေစခဲ့သည္ဟု KNU-ဘီးလင္း သတင္းႏွင့္ျပန္ၾကားေရးဌာနက ေျပာသည္။

အဆိုပါေဒသမ်ားအတြင္းက ႐ြာသားမ်ားသည္ စစ္ေကာင္စီႏွင့္ BGF-တပ္ဖြဲ႕မ်ား၏ အႏိုင္က်င့္ဖိႏွိပ္မႈမ်ား ကို ယခင္ကတည္းက ကာလၾကာရွည္စြာ ခံစားခဲ့ရသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ ေက်း႐ြာအတြင္းမွ အမ်ိဳးသားမ်ားသည္ စစ္ေကာင္စီတပ္ဖြဲ႕မ်ား ၎တို႔၏ ေက်း႐ြာအတြင္း ဝင္ ေရာက္မလာမွီ ေဘးလြတ္ရာသို႔ ေရွာင္တိမ္းေနၾကသျဖင့္ ယခုကဲ့သို႔ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားကို အဓမၼဖမ္းဆီးခိုင္းေစျခင္း ျဖစ္ေၾကာင္း သထုံခ႐ိုင္ KNU တာဝန္ရွိသူတစ္ဦးက ေျပာသည္။

စက္တင္ဘာလ ၁၄ ရက္ေန႔ကလည္း အာဏာသိမ္းစစ္ေကာင္စီ လက္ေအာက္ခံ BGF-၁၀၁၃၊ တပ္ခြဲ(၂) ၾက ေသာင္းဆိပ္စခန္း သို႔ တပ္ခ်ိန္းရန္ႏွင့္ ရိကၡာပို႔ရန္ ျမစ္က်ိဳးေက်း႐ြာမွ ေထာ္လာဂ်ီ (၅) စီး၊ (ယာဥ္ေမာင္းမ်ား အပါ အဝင္)ႏွင့္ ေက်း႐ြာက ရပ္မိရပ္ဖ ၆ ဦး ကိုလည္း လူသားဒိုင္းအျဖစ္ အဓမၼေခၚေဆာင္သြားမႈမ်ားရွိ ခဲ့သည္။

ဓါတ္ပုံ – Karen National Union