ရှမ်းမြောက် တိုက်ပွဲများကြောင့် ဘုန်းကြီးနှစ်ပါး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာတရွာတွင် လက်နက်ကြီးကျည်အချို့ ကျခဲ့သည့်အတွက် ဘုန်းကြီး နှစ်ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နေရာနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ (ယနေ့) နံနက် ၆ နာရီအချိန်မှာ ၁၁ နာရီအချိန်ထိ ဟူးကွက်ကျေးရွာအနီး TNLA, SSPP ပူးပေါင်းတပ်များနှင့် RCSS တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “တိုက်ပွဲက မနက်ကစဖြစ်တာ။ ၆ နာရီကနေ ၁၁ နာရီ လောက်ထိဖြစ်တယ်။ နေအိမ်တချို့ကို RC က မီးရှို့တာလည်းရှိတယ်။ အဲ့ဒါ ၅ လုံး မီးရှို့တာ တစ်အိမ်ကတော့ အားလုံးလောင်သွားတယ်။ တိုက်ပွဲဖြစ်တော့ လကနက်ကြီးတွေ ပစ်တော့ ဘုန်းကြီးကျောင်းဆောင် ထိသွားတာ ရှိတယ်။ ဘုန်းကြီးနှစ်ပါးလည်း ကျည်စထိပြီး ဒဏ်ရာရတယ်ဗျ။ မစိုးရိမ်ရဘူး။ ပြီးတော့ ရွာက အိမ် လေးငါး ခြောက်လုံးလည်း လက်နက်ကြီးကျည်ထိပြီး ခေါင်မိုးတွေ ဘာတွေ ပျက်စီးကုန်တာရှိတယ်။ အခုတော့ တိုက်ပွဲ က ငြိမ်နေတယ်။ TNLAနဲ့ ပူးပေါင်းတပ်က ရွာထဲရောက်နေတယ်” ဟု ပြောသည်။

ဟူးကွက်ကျေးရွာအနီး RCSS/SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့ တပ်စွဲထားသည်မှာ တစ်လကျော် အကြာရှိနေပြီဖြစ်ပြီး ယခုခါမှာလည်း ဟူးကွက်ကျေးရွာ၏ တောင်ပေါ်တွင် ရှိနေသည့်အတွက် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာမည်ကို ဒေသခံရွာသားများ စိုးရိမ်နေကြသည်။

ကျောက်မဲမြို့က ဒေသခံတစ်ဦး က “အခု ဒီမနက်ဖြစ်တဲ့ကိစ္စက တပ်ပေါင်းစုတွေနဲ့ RC နဲ့ ဖြစ်တာ။ RC က ရွာ နားမှာလာနေတာ တစ်လကျော်ပြီ။ လမ်းပိတ်ထားတာ။ အခု ဒီမနက်တော့ တိုက်ပွဲပြန်ဖြစ်တာ။ ဒီရွာက ကျောက်မဲကနေ တစ်နာရီခွဲလောက်ပဲ သွားရတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းတယ်။ ကတ္တရာလမ်း နော်။ ဒါပေမယ့် ရွာသားတွေ ကျောက်မဲ ဘက်ကို ပြေးဖို့က မဖြစ်နိုင်ဘူး။ ပန်ကလော့မှာက RC တွေက ထိုင် ထားတယ်။ လမ်းပိတ်ထားတယ်။ တစ်လလောက်ရှိပြီ။ အခုဖြစ်တဲ့ ဒီရွာက တအာင်းရွာပါ။ အခုဟာက ပွဲက ဘယ်ကနေ စလဲဆိုတော့ ပန်ဖြတ်၊ ပန်လင်၊ ပန်ကွမ်၊ လွယ်လင် အဲ့ဒီတကြောပြီးတော့ ဒီရွာကိုရောက်လာတာ ပေါ့။ ဟိုဘက် က တပ်ပေါင်းစုနဲ့ ဒီဘက်က RCSS နဲ့ ဖြစ်တယ်” ဟု ပြောသည်။

ကျောက်မဲမြို့က အကူအညီပေးရေးအဖွဲ့များအနေဖြင့်လည်း စစ်ရှောင်များအား အကူအညီသွားပေးရန်လည်း မဖြစ်နိုင်ဟု ဆိုသည်။

RCSS/SSA ဘက်က ဟူးကွက်ရွာက တအာင်းလူငယ်အဖွဲ့ကို ဖမ်းဆီးသွားသည်များရှိသည်ဟု ဒေသခံများ ပြောဆိုနေကြသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။ ထိုတိုက်ပွဲနှင့် ပတ်သက်၍ နှစ်ဖက် လက် နက်ကိုင်များကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဟူးကွက်ရွာအနီးတစ်လျှောက် RCSS/SSA က တပ်စွဲထားသည်မှာ တစ်လကျော် နှစ်လနီးပါးခန့် ရှိလာပြီဖြစ်ပြီး
တပ်ပေါင်းစုအဖွဲ့ကလည်း ပန်လင်ရွာဘက် တစ်ကျောတွင် ရှိနေခဲ့ရာ နှစ်ဖက်ကြား စစ်ရေး တင်းမာမှုများ ဖြစ်ပွားနေသည်မှာ လနှစ်ချီကြာပြီ ဟု ဒေသခံများက ပြောသည်

ဟူးကွက်ကျေးရွာသည် တအာင်းကျေးရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ နီးပါး၊ လူဦးရေ ၁၅၀၀ နှင့် အထက်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။

ဓါတ်ပုံ – CJ

*** ZAWGYI ***
ရွမ္းေျမာက္ တိုက္ပြဲမ်ားေၾကာင့္ ဘုန္းႀကီးႏွစ္ပါး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေက်း႐ြာတ႐ြာတြင္ လက္နက္ႀကီးက်ည္အခ်ိဳ႕ က်ခဲ့သည့္အတြက္ ဘုန္းႀကီး ႏွစ္ပါး ထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး ဘုန္းႀကီးေက်ာင္းေဆာင္ေနရာႏွင့္ ေနအိမ္အခ်ိဳ႕ မီးေလာင္ပ်က္စီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၂၅ ရက္ေန႔ (ယေန႔) နံနက္ ၆ နာရီအခ်ိန္မွာ ၁၁ နာရီအခ်ိန္ထိ ဟူးကြက္ေက်း႐ြာအနီး TNLA, SSPP ပူးေပါင္းတပ္မ်ားႏွင့္ RCSS တို႔အၾကား တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က “တိုက္ပြဲက မနက္ကစျဖစ္တာ။ ၆ နာရီကေန ၁၁ နာရီ ေလာက္ထိျဖစ္တယ္။ ေနအိမ္တခ်ိဳ႕ကို RC က မီးရႈိ႕တာလည္းရွိတယ္။ အဲ့ဒါ ၅ လုံး မီးရႈိ႕တာ တစ္အိမ္ကေတာ့ အားလုံးေလာင္သြားတယ္။ တိုက္ပြဲျဖစ္ေတာ့ လကနက္ႀကီးေတြ ပစ္ေတာ့ ဘုန္းႀကီးေက်ာင္းေဆာင္ ထိသြားတာ ရွိတယ္။ ဘုန္းႀကီးႏွစ္ပါးလည္း က်ည္စထိၿပီး ဒဏ္ရာရတယ္ဗ်။ မစိုးရိမ္ရဘူး။ ၿပီးေတာ့ ႐ြာက အိမ္ ေလးငါး ေျခာက္လုံးလည္း လက္နက္ႀကီးက်ည္ထိၿပီး ေခါင္မိုးေတြ ဘာေတြ ပ်က္စီးကုန္တာရွိတယ္။ အခုေတာ့ တိုက္ပြဲ က ၿငိမ္ေနတယ္။ TNLAနဲ႔ ပူးေပါင္းတပ္က ႐ြာထဲေရာက္ေနတယ္” ဟု ေျပာသည္။

ဟူးကြက္ေက်း႐ြာအနီး RCSS/SSA ရွမ္းျပည္တပ္မေတာ္ (ေတာင္ပိုင္း) အဖြဲ႕ တပ္စြဲထားသည္မွာ တစ္လေက်ာ္ အၾကာရွိေနၿပီျဖစ္ၿပီး ယခုခါမွာလည္း ဟူးကြက္ေက်း႐ြာ၏ ေတာင္ေပၚတြင္ ရွိေနသည့္အတြက္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားလာမည္ကို ေဒသခံ႐ြာသားမ်ား စိုးရိမ္ေနၾကသည္။

ေက်ာက္မဲၿမိဳ႕က ေဒသခံတစ္ဦး က “အခု ဒီမနက္ျဖစ္တဲ့ကိစၥက တပ္ေပါင္းစုေတြနဲ႔ RC နဲ႔ ျဖစ္တာ။ RC က ႐ြာ နားမွာလာေနတာ တစ္လေက်ာ္ၿပီ။ လမ္းပိတ္ထားတာ။ အခု ဒီမနက္ေတာ့ တိုက္ပြဲျပန္ျဖစ္တာ။ ဒီ႐ြာက ေက်ာက္မဲကေန တစ္နာရီခြဲေလာက္ပဲ သြားရတယ္။ လမ္းပန္းဆက္သြယ္ေရး ေကာင္းတယ္။ ကတၱရာလမ္း ေနာ္။ ဒါေပမယ့္ ႐ြာသားေတြ ေက်ာက္မဲ ဘက္ကို ေျပးဖို႔က မျဖစ္ႏိုင္ဘူး။ ပန္ကေလာ့မွာက RC ေတြက ထိုင္ ထားတယ္။ လမ္းပိတ္ထားတယ္။ တစ္လေလာက္ရွိၿပီ။ အခုျဖစ္တဲ့ ဒီ႐ြာက တအာင္း႐ြာပါ။ အခုဟာက ပြဲက ဘယ္ကေန စလဲဆိုေတာ့ ပန္ျဖတ္၊ ပန္လင္၊ ပန္ကြမ္၊ လြယ္လင္ အဲ့ဒီတေၾကာၿပီးေတာ့ ဒီ႐ြာကိုေရာက္လာတာ ေပါ့။ ဟိုဘက္ က တပ္ေပါင္းစုနဲ႔ ဒီဘက္က RCSS နဲ႔ ျဖစ္တယ္” ဟု ေျပာသည္။

ေက်ာက္မဲၿမိဳ႕က အကူအညီေပးေရးအဖြဲ႕မ်ားအေနျဖင့္လည္း စစ္ေရွာင္မ်ားအား အကူအညီသြားေပးရန္လည္း မျဖစ္ႏိုင္ဟု ဆိုသည္။

RCSS/SSA ဘက္က ဟူးကြက္႐ြာက တအာင္းလူငယ္အဖြဲ႕ကို ဖမ္းဆီးသြားသည္မ်ားရွိသည္ဟု ေဒသခံမ်ား ေျပာဆိုေနၾကေသာ္လည္း သီးျခား အတည္ျပဳခ်က္ မရရွိေသးေပ။ ထိုတိုက္ပြဲႏွင့္ ပတ္သက္၍ ႏွစ္ဖက္ လက္ နက္ကိုင္မ်ားကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

ဟူးကြက္႐ြာအနီးတစ္ေလွ်ာက္ RCSS/SSA က တပ္စြဲထားသည္မွာ တစ္လေက်ာ္ ႏွစ္လနီးပါးခန႔္ ရွိလာၿပီျဖစ္ၿပီး
တပ္ေပါင္းစုအဖြဲ႕ကလည္း ပန္လင္႐ြာဘက္ တစ္ေက်ာတြင္ ရွိေနခဲ့ရာ ႏွစ္ဖက္ၾကား စစ္ေရး တင္းမာမႈမ်ား ျဖစ္ပြားေနသည္မွာ လႏွစ္ခ်ီၾကာၿပီ ဟု ေဒသခံမ်ားက ေျပာသည္

ဟူးကြက္ေက်း႐ြာသည္ တအာင္းေက်း႐ြာျဖစ္ၿပီး အိမ္ေျခ ၄၀၀ နီးပါး၊ လူဦးေရ ၁၅၀၀ ႏွင့္ အထက္ရွိသည့္ ေက်း႐ြာႀကီးတစ္႐ြာ ျဖစ္သည္။

ဓါတ္ပုံ – CJ