ကသာမှ အရပ်သား ညီအစ်ကို နှစ်ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့မှ ပရဟိတလုပ်ဆောင်နေသည့် ညီအစ်ကို နှစ် ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ညီအစ်ကိုနှစ်ဦးသည် ရပ်ကွက် ၉ ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်ထားသည့် ပစ္စက္ခပရဟိတ လူမှုကူညီရေးအသင်း တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသူများ ဖြစ်သည်။

စက်တင်ဘာ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစ်ကိုဖြစ်သူ ကိုသန့်ဇင်ကို ဖမ်းဆီးသွား ပြီး ညပိုင်းတွင် ညီဖြစ်သူ ကိုမြတ်ကိုကျော် ကို ထပ်မံဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦး က ပြော သည်။

 “အစ်ကိုဖြစ်သူက မနက်ကပါသွားတယ်။ ညကျတော့ ညီကထပ်ပါသွားတော့ တအိမ်လုံး ပျာယာခပ်နေကြတာ ပ“ ဟု ပြောသည်။ 

လိုက်ထရက်ကားပေါ်မှ အရပ်ဝတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆင်းလာပြီး အစ်ကိုဖြစ်သူကို အရင်ဆုံး ဖမ်းဆီး သွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

ထို့နောက် ညနေ ၆ နာရီ အချိန်ခန့်တွင် အရပ်ဝတ်နှင့် သေနတ်ကိုင်ထားသူများက အိမ်ကိုလာဝိုင်းထားပြီး  ညီဖြစ် သူ ကိုမြတ်ကိုကျော် ကို ထပ်မံဖမ်းသွားသည်ဟု ဆိုသည်။

သို့သော် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကိုမြတ်ကိုကျော် သည် ကသာမြို့ အထက ၂ ကျောင်း မှ စာရေးကြီးတစ်ဦး ဖြစ်ပြီး ဒီမိုကရေစီအရေး ဆန္ဒပြပွဲ များတွင် ပါဝင်ခဲ့သူဖြစ်ကာ CDM ဝင်ထားသူလည်း ဖြစ်သည်။ 

စက်တင်ဘာလ ၉ ရက်နေ့ ကလည်း ကသာမြို့၊ ရပ်ကွက် ၉ မှ ပြည်သူ ၇ယောက်၊ ရပ်ကွက် ၇မှ ပြည်သူ ၇ ယောက်၊ လမ်းခွကျေးရွာက ၃  ယောက် စုစုပေါင်း ၁၇ယောက်ကို ဖမ်းဆီးခံခဲ့ရသည်။ 

၎င်းတို့ထဲမှ ၃ ဦး ကို အကြမ်းဖက် ဥပဒေပုဒ်မတပ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့က ခြေလျင် တပ်ရင်း ၃၀၉ စစ်ကြောရေး သို့ ခေါ်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

***ZAWGYI***
ကသာမွ အရပ္သား ညီအစ္ကို ႏွစ္ဦး ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္။

စစ္ကိုင္းတိုင္း ေဒသႀကီး၊ ကသာၿမိဳ႕မွ ပရဟိတလုပ္ေဆာင္ေနသည့္ ညီအစ္ကို ႏွစ္ ဦးကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု ရပ္ကြက္ေနျပည္သူမ်ားက ေျပာသည္။

ဖမ္းဆီးခံလိုက္ရသည့္ ညီအစ္ကိုႏွစ္ဦးသည္ ရပ္ကြက္ ၉ ရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ဖြင့္ထားသည့္ ပစၥကၡပရဟိတ လူမႈကူညီေရးအသင္း တြင္ တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္ေနၾကသူမ်ား ျဖစ္သည္။

စက္တင္ဘာ ၂၅ ရက္ေန႔၊ နံနက္ပိုင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အစ္ကိုျဖစ္သူ ကိုသန႔္ဇင္ကို ဖမ္းဆီးသြား ၿပီး ညပိုင္းတြင္ ညီျဖစ္သူ ကိုျမတ္ကိုေက်ာ္ ကို ထပ္မံဖမ္းဆီးသြားေၾကာင္း ရပ္ကြက္ေနျပည္သူ တစ္ဦး က ေျပာ သည္။

 “အစ္ကိုျဖစ္သူက မနက္ကပါသြားတယ္။ ညက်ေတာ့ ညီကထပ္ပါသြားေတာ့ တအိမ္လုံး ပ်ာယာခပ္ေနၾကတာ ပ“ ဟု ေျပာသည္။ 

လိုက္ထရက္ကားေပၚမွ အရပ္ဝတ္ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဆင္းလာၿပီး အစ္ကိုျဖစ္သူကို အရင္ဆုံး ဖမ္းဆီး သြားသည္ဟု မ်က္ျမင္ေတြ႕ရွိသူ တစ္ဦးက ေျပာသည္။

ထို႔ေနာက္ ညေန ၆ နာရီ အခ်ိန္ခန႔္တြင္ အရပ္ဝတ္ႏွင့္ ေသနတ္ကိုင္ထားသူမ်ားက အိမ္ကိုလာဝိုင္းထားၿပီး  ညီျဖစ္ သူ ကိုျမတ္ကိုေက်ာ္ ကို ထပ္မံဖမ္းသြားသည္ဟု ဆိုသည္။

သို႔ေသာ္ မည္သည့္အေၾကာင္းေၾကာင့္ ဖမ္းဆီးသြားသည္ကို မသိရေသးေၾကာင္း မိသားစုႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

ကိုျမတ္ကိုေက်ာ္ သည္ ကသာၿမိဳ႕ အထက ၂ ေက်ာင္း မွ စာေရးႀကီးတစ္ဦး ျဖစ္ၿပီး ဒီမိုကေရစီအေရး ဆႏၵျပပြဲ မ်ားတြင္ ပါဝင္ခဲ့သူျဖစ္ကာ CDM ဝင္ထားသူလည္း ျဖစ္သည္။ 

စက္တင္ဘာလ ၉ ရက္ေန႔ ကလည္း ကသာၿမိဳ႕၊ ရပ္ကြက္ ၉ မွ ျပည္သူ ၇ေယာက္၊ ရပ္ကြက္ ၇မွ ျပည္သူ ၇ ေယာက္၊ လမ္းခြေက်း႐ြာက ၃  ေယာက္ စုစုေပါင္း ၁၇ေယာက္ကို ဖမ္းဆီးခံခဲ့ရသည္။ 

၎တို႔ထဲမွ ၃ ဦး ကို အၾကမ္းဖက္ ဥပေဒပုဒ္မတပ္ၿပီး စက္တင္ဘာလ ၂၀ ရက္ေန႔က ေျခလ်င္ တပ္ရင္း ၃၀၉ စစ္ေၾကာေရး သို႔ ေခၚသြားသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။