တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၈ – ၉ – ၂၁ )

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာကြောင့် တရုတ်-မြန်မာငွေလဲနှုန်း ကမောက်ကမဖြစ်ပြီး နယ်စပ်ဒေသတွေမှာ စားသုံးသူတွေကော ကုန်သည်တွေပါ အခက်တွေ့နေကြပါတယ်။

NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ယောက်ကို စက်တင်ဘာလ ၁၆ ရက်နေ့က စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လစီ အမိန့်ချမှတ်လိုက်ပါတယ်။

ကရင်နီဒေသက ဒုက္ခသည်တွေအတွက် ထောက်ပံ့မှုတွေ နည်းလာတာကြောင့် ဆေးဝါးနဲ့စားဝတ်နေရေး အခက်ကြုံနေကြရပါတယ်။

*** ZAWGYI ***


