ရခိုင် ကျောင်းသား ၄ ဦး အယူခံ ခရိုင်တရားရုံး ပယ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

ရခိုင်ကျောင်းသား ၄ ဦး ၏ အယူခံကို စစ်တွေ ခရိုင်တရားရုံးက ပယ်လိုက်သည့်အတွက် ပြည်နယ်တရားလွှတ် တော်အထိ ဆက်လက်တက်သွားမည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ က ပြောသည်။

၎င်းက “အဲဒီအမှုကို ကျနော်တို့က ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တက်ဖို့အတွက် စီရင်ချက်တွေ ဆက်ပြီး တော့ ကူးထားပါတယ်ခင်ဗျာ။ ခရိုင်ရုံးက ဆုံးဖြတ်တာကို မကျေနပ်တော့ ကျနော်တို့က ရခိုင်ပြည်နယ် တရား လွှတ်တော်ကို တက်ရမှာပေါ့။ အဲဒါလည်း ရခိုင်ပြည်နယ် တရားလွှတ်တော် တက်ဖို့ စီစဉ်ထားပါတယ်။ ကျနော် တို့ကတော့ စက်တင်ဘာ ၃၀ မဟုတ်ရင် ဒီ အောက်တိုဘာလ ၁ ရက်နေ့ တက်မယ်လို့ စီစဉ်ထားတယ်ခင်ဗျာ” ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင် က ပြောသည်။

စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့် ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ ဖြစ်ကြပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလိုမရှိ၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးတရား စွဲ ဆိုခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်ကျောင်းသား ၄ ဦး၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ များက စစ်တွေ ခရိုင်တရားရုံးတွင် အယူခံ တင်သွင်းခဲ့ပြီး ထိုနေ့တွင်ပင် ခရိုင်တရားသူကြီးက အယူခံအား ပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ အမိန့်ချမှတ်လိုက်ခြင်းသည် ကျောင်းသား ၄ ဦးနှင့် ပတ်သက်၍ နစ်နာမှုကို ဖြစ်စေသည့်အတွက် ပြည်နယ် အထိ ဆက်ပြီး အယူခံတက်ရခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးကျော်ညွှန့်မောင် က ပြောသည်။

“ဒီ တက္ကသိုလ်ကျောင်း သားတွေဟာ ပညာသင်နေတဲ့ သူတွေလည်းဖြစ်တယ်။ နောက်ပြီးတော့ သူတို့ကိုယ်တိုင် လည်း သူတို့မှားတာကို ရိုးသားစွာ အပြစ်ရှိကြောင်းလည်း ဝန်ခံထားတယ်။ အဲလိုဝန်ခံထားပါလျက် တရားရုံး က သတ်မှတ်ထားတဲ့ ပြစ်မှုနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်တွေကို အမြင့်ဆုံး ချမှတ်တာကတော့ ကျနော်တို့ အတွေ့အ ကြုံ အရဆိုရင်တော့ ကျောင်းသားတွေအတွက် နစ်နာတယ်။ ၇၃ ခုနှစ် ဥပဒေအရဆိုရင် ဥပဒေက မှားနေတယ်။ နောက်တစ်ခု ဝန်ခံတဲ့ သူကို အမြင့်ဆုံး ပြစ်ဒဏ်ချတာ ကလည်း တရားရုံးကတော့ ဒီ ကလေးတွေ အပေါ်မှာ သက်ညှာစွာ မစဉ်းစားပဲနဲ့ ချတယ်ဆိုတော့ တော်တော်လေး နစ်နာတာပေါ့ဗျာ။ အဲဒီ နှစ်ချက်နဲ့ ကျနော်တို့ တက်တာပါ” ဟု ရှေ့နေ ဦးကျော်ညွှန့်မောင် က ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ က စစ်တွေမြို့နယ် တရားရုံးမှ ရက္ခိုင်ပြည် ကျောင်းသားများသမဂ္ဂက ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အား အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု(ဘေးစီမံ) ဥပဒေ ပုဒ်မ ၂၉ ကို ၆ လ စီ ထောင်ဒဏ်ချမှတ်လိုက် ခြင်းဖြစ်သည်။

ယခုကဲ့သို့ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခြင်းသည် ဥပဒေအကြောင်းအရ မဖြစ်သင့်ကြောင်း ရှေ့နေ ဦးကျော်ညွှန့် မောင်က ဆိုသည်။

“ဖြစ်စဉ် တစ်ခုတည်းအပေါ်မှာ အမှု ၂ မှု ဖွင့်ပြီးတော့ ပြစ်ဒဏ် ၂ ရပ်ကို သီးခြားစီချတာဟာ ၁၉၇၃ ခုနှစ် စကား ရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၂၂ အရ ဥပဒေကို မျက်ကွယ်ပြုပြီးတော့ ဆုံးဖြတ်ရာ ရောက် တယ်ဆိုတဲ့ဟာ ကျနော်တို့ သုံးသပ်လို့ရတယ်။”

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ထောင်ဒဏ် ချမှတ်ခံ ထားရသည့် ရခိုင်ကျောင်းသားများအတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းရာ ခရိုင်တရားရုံးမှ ပယ်လိုက်ခြင်းဖြစ်သည်။

ဓါတ်ပုံ – AASYC

*** ZAWGYI ***
ရခိုင္ ေက်ာင္းသား ၄ ဦး အယူခံ ခ႐ိုင္တရား႐ုံး ပယ္ခ်

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္။

ရခိုင္ေက်ာင္းသား ၄ ဦး ၏ အယူခံကို စစ္ေတြ ခ႐ိုင္တရား႐ုံးက ပယ္လိုက္သည့္အတြက္ ျပည္နယ္တရားလႊတ္ ေတာ္အထိ ဆက္လက္တက္သြားမည္ဟု အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ ေရွ႕ေန က ေျပာသည္။

၎က “အဲဒီအမႈကို က်ေနာ္တို႔က ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္ကို တက္ဖို႔အတြက္ စီရင္ခ်က္ေတြ ဆက္ၿပီး ေတာ့ ကူးထားပါတယ္ခင္ဗ်ာ။ ခ႐ိုင္႐ုံးက ဆုံးျဖတ္တာကို မေက်နပ္ေတာ့ က်ေနာ္တို႔က ရခိုင္ျပည္နယ္ တရား လႊတ္ေတာ္ကို တက္ရမွာေပါ့။ အဲဒါလည္း ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္ တက္ဖို႔ စီစဥ္ထားပါတယ္။ က်ေနာ္ တို႔ကေတာ့ စက္တင္ဘာ ၃၀ မဟုတ္ရင္ ဒီ ေအာက္တိုဘာလ ၁ ရက္ေန႔ တက္မယ္လို႔ စီစဥ္ထားတယ္ခင္ဗ်ာ” ဟု အမႈလိုက္ပါ ေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ ေရွ႕ေန ဦးေက်ာ္ၫႊန႔္ေမာင္ က ေျပာသည္။

စစ္ေတြၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ခ်မွတ္လိုက္သည့္ ရခိုင္လူငယ္ ၄ ဦးမွာ ရခိုင္ေက်ာင္းသား သမဂၢ အဖြဲ႕ဝင္မ်ား ျဖစ္ၾကၿပီး ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ကိုေက်ာ္ႏိုင္ေဌး၊ ကိုဦးသန္းႏိုင္၊ ကိုျမတ္စိုးဝင္းႏွင့္ ဒဂုံ တကၠသိုလ္ ရခိုင္ေက်ာင္းသားမ်ားသမဂၢမွ ကိုေကာင္းထြန္းတို႔ ျဖစ္ၾကသည္။

၎တို႔သည္ ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာ ၁၉ ရက္ေန႔ က စစ္ေတြၿမိဳ႕ေပၚတြင္ ကိုလိုနီအစိုးရ အလိုမရွိ၊ ဖက္ဆစ္ စစ္တပ္ အလိုမရွိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့္ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကသည့္အတြက္ ဖမ္းဆီးတရား စြဲ ဆိုခံခဲ့ရၿပီးေနာက္ ယခုကဲ့သို႔ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရျခင္း ျဖစ္သည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၃ ရက္ေန႔က ရခိုင္ေက်ာင္းသား ၄ ဦး၏ အမႈကို လိုက္ပါေဆာင္႐ြက္ေနသည့္ ေရွ႕ေန မ်ားက စစ္ေတြ ခ႐ိုင္တရား႐ုံးတြင္ အယူခံ တင္သြင္းခဲ့ၿပီး ထိုေန႔တြင္ပင္ ခ႐ိုင္တရားသူႀကီးက အယူခံအား ပယ္ေၾကာင္း အမိန႔္ခ်မွတ္ခဲ့သည္။

ထိုသို႔ အမိန႔္ခ်မွတ္လိုက္ျခင္းသည္ ေက်ာင္းသား ၄ ဦးႏွင့္ ပတ္သက္၍ နစ္နာမႈကို ျဖစ္ေစသည့္အတြက္ ျပည္နယ္ အထိ ဆက္ၿပီး အယူခံတက္ရျခင္း ျဖစ္ေၾကာင္း ေရွ႕ေန ဦးေက်ာ္ၫႊန႔္ေမာင္ က ေျပာသည္။

“ဒီ တကၠသိုလ္ေက်ာင္း သားေတြဟာ ပညာသင္ေနတဲ့ သူေတြလည္းျဖစ္တယ္။ ေနာက္ၿပီးေတာ့ သူတို႔ကိုယ္တိုင္ လည္း သူတို႔မွားတာကို ႐ိုးသားစြာ အျပစ္ရွိေၾကာင္းလည္း ဝန္ခံထားတယ္။ အဲလိုဝန္ခံထားပါလ်က္ တရား႐ုံး က သတ္မွတ္ထားတဲ့ ျပစ္မႈနဲ႔ ပတ္သက္တဲ့ ျပစ္ဒဏ္ေတြကို အျမင့္ဆုံး ခ်မွတ္တာကေတာ့ က်ေနာ္တို႔ အေတြ႕အ ႀကဳံ အရဆိုရင္ေတာ့ ေက်ာင္းသားေတြအတြက္ နစ္နာတယ္။ ၇၃ ခုႏွစ္ ဥပေဒအရဆိုရင္ ဥပေဒက မွားေနတယ္။ ေနာက္တစ္ခု ဝန္ခံတဲ့ သူကို အျမင့္ဆုံး ျပစ္ဒဏ္ခ်တာ ကလည္း တရား႐ုံးကေတာ့ ဒီ ကေလးေတြ အေပၚမွာ သက္ညႇာစြာ မစဥ္းစားပဲနဲ႔ ခ်တယ္ဆိုေတာ့ ေတာ္ေတာ္ေလး နစ္နာတာေပါ့ဗ်ာ။ အဲဒီ ႏွစ္ခ်က္နဲ႔ က်ေနာ္တို႔ တက္ တာပါ” ဟု ေရွ႕ေန ဦးေက်ာ္ၫႊန္႔ေမာင္ က ေျပာသည္။

စက္တင္ဘာလ ၁၆ ရက္ေန႔ က စစ္ေတြၿမိဳ႕နယ္ တရား႐ုံးမွ ရကၡိဳင္ျပည္ ေက်ာင္းသားမ်ားသမဂၢက ေက်ာင္းသား ၄ ဦးကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဥပေဒပုဒ္မ ၅၀၅ (ခ) အား အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္စီ၊ သဘာဝ ေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ(ေဘးစီမံ) ဥပေဒ ပုဒ္မ ၂၉ ကို ၆ လ စီ ေထာင္ဒဏ္ခ်မွတ္လိုက္ ျခင္းျဖစ္သည္။

ယခုကဲ့သို႔ အျမင့္ဆုံး ျပစ္ဒဏ္ခ်မွတ္ျခင္းသည္ ဥပေဒအေၾကာင္းအရ မျဖစ္သင့္ေၾကာင္း ေရွ႕ေန ဦးေက်ာ္ၫႊန္႔ ေမာင္က ဆိုသည္။

“ျဖစ္စဥ္ တစ္ခုတည္းအေပၚမွာ အမႈ ၂ မႈ ဖြင့္ၿပီးေတာ့ ျပစ္ဒဏ္ ၂ ရပ္ကို သီးျခားစီခ်တာဟာ ၁၉၇၃ ခုႏွစ္ စကား ရပ္မ်ား အနက္အဓိပၸာယ္ဖြင့္ဆိုေရး ဥပေဒ ပုဒ္မ ၂၂ အရ ဥပေဒကို မ်က္ကြယ္ျပဳၿပီးေတာ့ ဆုံးျဖတ္ရာ ေရာက္ တယ္ဆိုတဲ့ဟာ က်ေနာ္တို႔ သုံးသပ္လို႔ရတယ္။”

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒမ်ားျဖင့္ ေထာင္ဒဏ္ ခ်မွတ္ခံ ထားရသည့္ ရခိုင္ေက်ာင္းသားမ်ားအတြက္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၃ ရက္ေန႔က ခ႐ိုင္တရား႐ုံးသို႔ အယူခံ တင္သြင္းရာ ခ႐ိုင္တရား႐ုံးမွ ပယ္လိုက္ျခင္းျဖစ္သည္။

ဓါတ္ပုံ – AASYC