ဘီလင်းတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝင် တစ်ဦး ယမန်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာက USDP ပါတီဝင် ဦးသန်းထွန်းဝင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းအချိန်က ကျေးရွာ၏ ခြင်္သေ့နှစ်ကောင်မုခ်ဝအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“အပစ်ခတ်ခံရတာကတော့ အလူးလေးကျေးရွာလမ်းဝအနီး ကားလမ်းမဘေးမှာပဲ ပစ်ခံထိပြီးတော့ ဒဏ်ရာ တွေနဲ့ ဘီးလင်းဆေးရုံကို ပို့လိုက်တယ်၊ ညနေလောက်မှာတော့ ဆုံးသွားတယ်လို့ပြောတယ်” ဟု ဘီးလင်းဒေသခံ တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထွန်းဝင်းသည် ပြင်းထန်ဒဏ်ရရှိခဲ့ပြီး ဘီးလင်းဆေးရုံသို့ ပို့ဆောင် ဆေး ကုသနေစဥ် သေဆုံးသွားခဲ့သည်ဟု ဘီးလင်း ဒေသခံများ က ပြောသည်။

ဦးသန်းထွန်းဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ဘီးလင်းတော်လှန်ရေးအဖွဲ့က ၎င်းတို့ ပစ်သတ်ခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကို သေနတ်သမားများ က ပစ်သတ်သွားခဲ့သည်။ ယခု ပစ်သတ်ခံရသည့် ဦးသန်းထွန်းဝင်းသည် ဦးမြင့်ဆွေ၏ ယောက်ဖဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဘီးလင်းမြို့နယ်အတွင်း အမည်မသိ သေနတ်သမားများ ၏ ပစ်ခတ်မှု ကြောင့် လူသေဆုံးရသည့် ဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားလာနေသည်။

ထိုသို့ ပစ်ခတ်ခံသူအများစုမှာ ဘီးလင်းမြို့နယ်၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေး “ဒလန်” ဟု နာမည်ထွက်နေသူများ နှင့် နိုင်ငံရေးပါတီဝင်များ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
ဘီလင္းတြင္ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီဝင္တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၈ ရက္။

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) ဝင္ တစ္ဦး ယမန္ေန႔က ပစ္ခတ္ခံရၿပီး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဘီးလင္းၿမိဳ႕နယ္ အလူးေလးေက်း႐ြာက USDP ပါတီဝင္ ဦးသန္းထြန္းဝင္းကို စက္တင္ဘာလ ၂၇ ရက္ေန႔ ေန႔လည္ပိုင္းအခ်ိန္က ေက်း႐ြာ၏ ျခေသၤ့ႏွစ္ေကာင္မုခ္ဝအနီး ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းမေဘးတြင္ ေသနတ္သမား ႏွစ္ဦးက ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္သည္။

“အပစ္ခတ္ခံရတာကေတာ့ အလူးေလးေက်း႐ြာလမ္းဝအနီး ကားလမ္းမေဘးမွာပဲ ပစ္ခံထိၿပီးေတာ့ ဒဏ္ရာ ေတြနဲ႔ ဘီးလင္းေဆး႐ုံကို ပို႔လိုက္တယ္၊ ညေနေလာက္မွာေတာ့ ဆုံးသြားတယ္လို႔ေျပာတယ္” ဟု ဘီးလင္း ေဒသခံ တစ္ဦး က ေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးသန္းထြန္းဝင္းသည္ ျပင္းထန္ဒဏ္ရရွိခဲ့ၿပီး ဘီးလင္းေဆး႐ုံသို႔ ပို႔ေဆာင္ ေဆး ကုသေနစဥ္ ေသဆုံးသြားခဲ့သည္ဟု ဘီးလင္း ေဒသခံမ်ား က ေျပာသည္။

ဦးသန္းထြန္းဝင္း ပစ္သတ္ခံရမႈႏွင့္ ပတ္သက္၍ ဘီးလင္းေတာ္လွန္ေရးအဖြဲ႕က ၎တို႔ ပစ္သတ္ခဲ့ျခင္း ျဖစ္ ေၾကာင္း ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ေမလ ၂၇ ရက္ေန႔ကလည္း ဘီးလင္းၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးျမင့္ေဆြ ကို ေသနတ္သမားမ်ား က ပစ္သတ္သြားခဲ့သည္။ ယခု ပစ္သတ္ခံရသည့္ ဦးသန္းထြန္းဝင္းသည္ ဦးျမင့္ေဆြ၏ ေယာက္ဖျဖစ္သည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ဘီးလင္းၿမိဳ႕နယ္အတြင္း အမည္မသိ ေသနတ္သမားမ်ား ၏ ပစ္ခတ္မႈ ေၾကာင့္ လူေသဆုံးရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာေနသည္။

ထိုသို႔ ပစ္ခတ္ခံသူအမ်ားစုမွာ ဘီးလင္းၿမိဳ႕နယ္၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပး “ဒလန္” ဟု နာမည္ထြက္ေနသူမ်ား ႏွင့္ ႏိုင္ငံေရးပါတီဝင္မ်ား ျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။