စက်သုံးဆီ ဆိုင်များ အခွန်တိုးမြှင့် ကောက်ခံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

လာမည့်ဘဏ္ဏာနှစ်မှ စတင်၍ စက်သုံးဆီဆိုင်များကို စစ်ကောင်စီ က အခွန်တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိသည့် စက်သုံးဆီဆိုင်များကို အဆင့် A၊ B၊ C ဟု အမျိုးအစား ခွဲလိုက်ပြီး အဆင့်အလိုက် တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်သည်ဟု နေပြည်တော်ရှိ စက်သုံးဆီ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

နေပြည်တော်က စက်သုံးဆီဆိုင် ပိုင်ရှင်တစ်ဦး က “ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ ဝန်ထမ်းစရိတ်နဲ့ လျှပ်စစ်မီ တာခနဲ့ ဆီဈေးကလည်း သိတဲ့အတိုင်း” ဟု ပြော သည်။

ယခင်က စွမ်းအင်လိုင်စင်ရှိ မည်သည့်ဆိုင်မဆို အခွန်ငွေ ကျပ် ၄ သိန်းသာ ဆောင်ရပြီး လာမည့် ဘဏ္ဏာနှစ်တွင် အခွန် ၄ ဆ ခန့် တိုးမြှင့်ပေးဆောင်ရဖွယ်ရှိသည်ဟု အဆိုပါ ဆီဆိုင်ပိုင်ရှင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်သုံးဆီဆိုင် အချို့ပိတ်ထားရပြီး ယခု အတိုင်းသာ ရေရှည်ဖြစ်လာပါက SME စက်သုံးဆီဆိုင်အချို့ ဆက်ဖွင့်နိုင်တော့မည် မဟုတ်ဘူးဟု စက်သုံး ဆီအရောင်းဆိုင်ပိုင်ရှင် အချို့က ပြောသည်။

မြန်မာနိုင်ငံတဝှမ်းတွင် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၀ ခုနှစ် ဇွန်လစတင်၍ ရေနံထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဖွံဖြိုးတိုးတက် ရေး အတွက်ဟုဆိုကာ ပုဂ္ဂလိက စက်သုံးဆီ ဖြန့်ဖြူရောင်းချခြင်း လုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

*** ZAWGYI ***
စက္သုံးဆီ ဆိုင္မ်ား အခြန္တိုးျမႇင့္ ေကာက္ခံမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။

လာမည့္ဘဏၰာႏွစ္မွ စတင္၍ စက္သုံးဆီဆိုင္မ်ားကို စစ္ေကာင္စီ က အခြန္တိုးျမႇင့္ ေကာက္ခံမည္ ျဖစ္ေၾကာင္း စက္သုံးဆီ အေရာင္းဆိုင္ပိုင္ရွင္မ်ား၏ ေျပာျပခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံအတြင္းရွိသည့္ စက္သုံးဆီဆိုင္မ်ားကို အဆင့္ A၊ B၊ C ဟု အမ်ိဳးအစား ခြဲလိုက္ၿပီး အဆင့္အလိုက္ တိုးျမႇင့္ေကာက္ခံသြားမွာ ျဖစ္သည္ဟု ေနျပည္ေတာ္ရွိ စက္သုံးဆီ ဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာသည္။

ေနျပည္ေတာ္က စက္သုံးဆီဆိုင္ ပိုင္ရွင္တစ္ဦး က “ေရရွည္ဆိုရင္ေတာ့ မလြယ္ဘူး။ ဝန္ထမ္းစရိတ္နဲ႔ လွ်ပ္စစ္မီ တာခနဲ႔ ဆီေဈးကလည္း သိတဲ့အတိုင္း” ဟု ေျပာ သည္။

ယခင္က စြမ္းအင္လိုင္စင္ရွိ မည္သည့္ဆိုင္မဆို အခြန္ေငြ က်ပ္ ၄ သိန္းသာ ေဆာင္ရၿပီး လာမည့္ ဘဏၰာႏွစ္တြင္ အခြန္ ၄ ဆ ခန႔္ တိုးျမႇင့္ေပးေဆာင္ရဖြယ္ရွိသည္ဟု အဆိုပါ ဆီဆိုင္ပိုင္ရွင္က ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ဇူလိုင္လႏွင့္ ၾသဂုတ္လကတည္းက ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ စက္သုံးဆီဆိုင္ အခ်ိဳ႕ပိတ္ထားရၿပီး ယခု အတိုင္းသာ ေရရွည္ျဖစ္လာပါက SME စက္သုံးဆီဆိုင္အခ်ိဳ႕ ဆက္ဖြင့္ႏိုင္ေတာ့မည္ မဟုတ္ဘူးဟု စက္သုံး ဆီအေရာင္းဆိုင္ပိုင္ရွင္ အခ်ိဳ႕က ေျပာသည္။

ျမန္မာႏိုင္ငံတဝွမ္းတြင္ စက္သုံးဆီအေရာင္းဆိုင္ေပါင္း ၂၀၀၀ ဝန္းက်င္ခန႔္ရွိေၾကာင္း သိရသည္။

စြမ္းအင္ဝန္ႀကီးဌာနက ၂၀၁၀ ခုႏွစ္ ဇြန္လစတင္၍ ေရနံထြက္ကုန္ ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္း ဖြံၿဖိဳးတိုးတက္ ေရး အတြက္ဟုဆိုကာ ပုဂၢလိက စက္သုံးဆီ ျဖန႔္ျဖဴေရာင္းခ်ျခင္း လုပ္ငန္းကို ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္သည္။