စရဖ ရုံးရှေ့ ရပ်ထားသည့် အရာရှိကား ဗုံးပစ်ခွဲ ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးအရှေ့တွင် ရပ်နားထားသည့် အရာရှိကားအား ဗုံးပစ်ခွဲခံရ၍ အရာရှိ ဒဏ်ရာရရှိသွားသည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။

ချောင်းငယ်ရပ်၊ အာယုလမ်း ကူးတို့ဆိပ်လမ်းဆုံ အနီးရှိ စရဖ ရုံးအရှေ့သို့ အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ရပ်နားထားသည့် ကားအတွင်း ဗုံး ပစ်သွင်းခဲ့ခြင်း ဖြစ် သည်ဟု ချောင်းငယ်ရပ်တွင် နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အသံကတော်တော်ကြမ်းတာ။ မြေကြီးရော အိမ်ပါတုန်သွားတာ။ တီဗွီကြည့်နေရင်း အသံကြားလို့ ထွက်ကြည့် တာ ကားတစ်စီးလုံး မီးခိုးလုံးတွေ ဖုံးသွားတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီ ၁၀မိနစ် အချိန်ခန့်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကားအတွင်းရှိနေသည့် ဗိုလ်ကြီးမင်းဆွေဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားကာ ကားလည်းပျက်စီးသွားသည်။

အခင်းဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အခင်းဖြစ်ပွားရာ လမ်းတလျှောက် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးရှိ လူနေအိမ်များနှင့် ကုန်စုံဆိုင် တစ်ဆိုင်ကိုလည်း ရိုက်ချိုး ဖျက်ဆီး ခံကြသည်ဟု တနင်္သာရီ မြို့ခံများ က ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ချောင်းကြီးရပ်မှ လူငယ်နှစ်ဦး၊ ချောင်းငယ်ရပ်မှ လူငယ်တစ်ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မသင်္ကာဟု ဆိုကာ ညတွင်းချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၁၅ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းငယ်ရပ်မှ လူငယ်တစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော် အခြားချောင်းကြီးရပ်က လူငယ်နှစ်ဦးကိုတော့ ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းနိုင်ရန်အတွက် တနင်္သာရီ မြို့မရဲစခန်းကို ဖုန်းဖြင့် ဆက် သွယ်ခဲ့ မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

*** ZAWGYI ***
စရဖ ႐ုံးေရွ႕ ရပ္ထားသည့္ အရာရွိကား ဗုံးပစ္ခြဲ ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။

ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕ရွိ စစ္ဖက္ေရးရာ လုံၿခဳံေရး တပ္ဖြဲ႕ (စရဖ) ႐ုံးအေရွ႕တြင္ ရပ္နားထားသည့္ အရာရွိကားအား ဗုံးပစ္ခြဲခံရ၍ အရာရွိ ဒဏ္ရာရရွိသြားသည္ဟု တနသၤာရီၿမိဳ႕ခံမ်ားက ေျပာသည္။

ေခ်ာင္းငယ္ရပ္၊ အာယုလမ္း ကူးတို႔ဆိပ္လမ္းဆုံ အနီးရွိ စရဖ ႐ုံးအေရွ႕သို႔ အမည္မသိ လူႏွစ္ဦးက ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ရပ္နားထားသည့္ ကားအတြင္း ဗုံး ပစ္သြင္းခဲ့ျခင္း ျဖစ္ သည္ဟု ေခ်ာင္းငယ္ရပ္တြင္ ေနထိုင္သူ အသက္ ၃၅ ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာသည္။

“အသံကေတာ္ေတာ္ၾကမ္းတာ။ ေျမႀကီးေရာ အိမ္ပါတုန္သြားတာ။ တီဗြီၾကည့္ေနရင္း အသံၾကားလို႔ ထြက္ၾကည့္ တာ ကားတစ္စီးလုံး မီးခိုးလုံးေတြ ဖုံးသြားတယ္” ဟု ေျပာသည္။

ေအာက္တိုဘာ ၁၄ ရက္ေန႔ ည ၇ နာရီ ၁၀မိနစ္ အခ်ိန္ခန႔္တြင္ ဗုံးေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ကားအတြင္းရွိေနသည့္ ဗိုလ္ႀကီးမင္းေဆြဦး ဒဏ္ရာ အျပင္းအထန္ရရွိသြားကာ ကားလည္းပ်က္စီးသြားသည္။

အခင္းျဖစ္ပြားၿပီး မိနစ္အနည္းငယ္အၾကာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရာက္လာၿပီး အခင္းျဖစ္ပြားရာ လမ္းတေလွ်ာက္ ေသနတ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ၿပီး အနီးရွိ လူေနအိမ္မ်ားႏွင့္ ကုန္စုံဆိုင္ တစ္ဆိုင္ကိုလည္း ႐ိုက္ခ်ိဳး ဖ်က္ဆီး ခံၾကသည္ဟု တနသၤာရီ ၿမိဳ႕ခံမ်ား က ေျပာသည္။

ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီး ေနာက္ပိုင္း ေခ်ာင္းႀကီးရပ္မွ လူငယ္ႏွစ္ဦး၊ ေခ်ာင္းငယ္ရပ္မွ လူငယ္တစ္ဦးတို႔ကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက မသကၤာဟု ဆိုကာ ညတြင္းခ်င္း ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ေအာက္တိုဘာ ၁၅ရက္ေန႔၊ နံနက္ပိုင္းတြင္ ေခ်ာင္းငယ္ရပ္မွ လူငယ္တစ္ဦးကို ျပန္လႊတ္ေပးခဲ့သည္။

သို႔ေသာ္ အျခားေခ်ာင္းႀကီးရပ္က လူငယ္ႏွစ္ဦးကိုေတာ့ ယေန႔အခ်ိန္ထိ ျပန္လႊတ္ေပးျခင္း မရွိေသးေပ။

အခင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ အေသးစိတ္ ေမးျမန္းႏိုင္ရန္အတြက္ တနသၤာရီ ၿမိဳ႕မရဲစခန္းကို ဖုန္းျဖင့္ ဆက္ သြယ္ခဲ့ ေမးျမန္းေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။