ရပ်ကျေး စာရေး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတစ်ဦး အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီ အချိန်ခန့် က ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံ များက ပြောသည်။

မော်ကျွန်း-မအူပင်လမ်းမကြီးပေါ်ရှိ ကျိုက်ပိ ကျေးရွာ အနီးတွင် နားထင်၌ သေနတ်ထိမှန်သည့် ဒဏ်ရာဖြင့် ရပ်/ကျေး စာရေး ဦးအေးသွင် ၄၀ နှစ်ခန့် ၏ အလောင်းကို တွေ့ရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး ကပြောသည်။

“လူပြတ်တဲ့နေရာမှာ ပစ်တာ။ နားထင်က ဒဏ်ရာ တစ်ချက်တည်းဆိုတော့ တေ့ပစ်တာ ဖြစ်မယ်” ဟု ပြော သည်။

ဒေသခံ ပြောက်ကျားတပ်ဖွဲ့ က ဦးအေးသွင် စီးလာသည့် ဆိုင်ကယ်ကို တားပြီး ပစ်သတ်ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံထားသည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးရုံး စာရေးဖြစ်သည့် ဦးအေးသွင်ကို ပစ်ခတ် သွားသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း အုပ်ချုပ်မှူးရုံးနှင့် နီးစပ်သူ အချို့က ပြောသည်။

ကျော်ဇံကျေးရွာက ရပ်/ကျေး စာရေး ဦးအေးသွင်သည် စာရေးဝန်ထမ်းတစ်ဦး ဖြစ်သော်လည်း CDM ဝန်ထမ်း များ နှင့် စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးနိုင်ရန် စစ်တပ်ကို အမြဲသတင်းပေးနေသူတစ်ဦး ဖြစ်သည်ဟု ဒေသခံ အချို့က ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသူများ မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံ ရမှုများရှိနေပြီး ယခု မော်လမြိုင်ကျွန်းမြို့က ပစ်ခတ်မှုမှာ ၈ ကြိမ်မြောက်ဖြစ်ကာ ထိုသို့ ပစ်ခတ်ခံရမှုများကြောင့် သေဆုံးသူ ၆ ဦး၊ ဒဏ်ရာသူ ၂ ဦး ရှိပြီဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
ရပ္ေက်း စာေရး တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ဝန္ထမ္းတစ္ဦး ေအာက္တိုဘာလ ၁၅ ရက္ေန႔၊ နံနက္ ၈ နာရီ အခ်ိန္ခန႔္ က ပစ္သတ္ခံလိုက္ရသည္ဟု ေဒသခံ မ်ားက ေျပာသည္။

ေမာ္ကြၽန္း-မအူပင္လမ္းမႀကီးေပၚရွိ က်ိဳက္ပိ ေက်း႐ြာ အနီးတြင္ နားထင္၌ ေသနတ္ထိမွန္သည့္ ဒဏ္ရာျဖင့္ ရပ္/ေက်း စာေရး ဦးေအးသြင္ ၄၀ ႏွစ္ခန႔္ ၏ အေလာင္းကို ေတြ႕ရျခင္းျဖစ္သည္ဟု အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦး ကေျပာသည္။

“လူျပတ္တဲ့ေနရာမွာ ပစ္တာ။ နားထင္က ဒဏ္ရာ တစ္ခ်က္တည္းဆိုေတာ့ ေတ့ပစ္တာ ျဖစ္မယ္” ဟု ေျပာ သည္။

ေဒသခံ ေျပာက္က်ားတပ္ဖြဲ႕ က ဦးေအးသြင္ စီးလာသည့္ ဆိုင္ကယ္ကို တားၿပီး ပစ္သတ္ခဲ့ေၾကာင္း ထုတ္ေဖာ္ ဝန္ခံထားသည္။

အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန ေက်ာ္ဇံေက်း႐ြာ အုပ္ခ်ဳပ္ေရး႐ုံး စာေရးျဖစ္သည့္ ဦးေအးသြင္ကို ပစ္ခတ္ သြားသူမ်ားကို စုံစမ္းေနဆဲျဖစ္ေၾကာင္း အုပ္ခ်ဳပ္မႉး႐ုံးႏွင့္ နီးစပ္သူ အခ်ိဳ႕က ေျပာသည္။

ေက်ာ္ဇံေက်း႐ြာက ရပ္/ေက်း စာေရး ဦးေအးသြင္သည္ စာေရးဝန္ထမ္းတစ္ဦး ျဖစ္ေသာ္လည္း CDM ဝန္ထမ္း မ်ား ႏွင့္ စစ္တပ္ဆန႔္က်င္သူမ်ားကို ဖမ္းဆီးႏိုင္ရန္ စစ္တပ္ကို အၿမဲသတင္းေပးေနသူတစ္ဦး ျဖစ္သည္ဟု ေဒသခံ အခ်ိဳ႕က ေျပာသည္။

ဧရာဝတီတိုင္းတြင္ စစ္ေကာင္စီသတင္းေပး (ဒလန္) ဟု နာမည္ႀကီးေနသူမ်ား မၾကာခဏ ေသနတ္ျဖင့္ ပစ္ခတ္ခံ ရမႈမ်ားရွိေနၿပီး ယခု ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕က ပစ္ခတ္မႈမွာ ၈ ႀကိမ္ေျမာက္ျဖစ္ကာ ထိုသို႔ ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ေသဆုံးသူ ၆ ဦး၊ ဒဏ္ရာသူ ၂ ဦး ရွိၿပီဟု ေဒသခံမ်ားက ေျပာသည္။