မအူပင် ရဲစခန်းအတွင်း ဗုံးနှစ်လုံး ပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ ၁၆ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မရဲစခန်းဝန်း အတွင်း မိနစ် ၂၀ ခန့် ခြား ၍ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။
ရဲစခန်း၏ အိမ်ထောင်သည် လိုင်းခန်း ထောင့်တွင် အောက်တိုဘာ ၁၅ ရက်နေ့ (ယမန်နေ့) ည ၆ နာရီ ၄၀ မိနစ် အချိန်ခန့်က ပထမဗုံးပေါက်ကွဲခဲ့ပြီး ၇ နာရီအချိန်ခန့်တွင် ရဲစခန်း၏ အရှေ့တွင် ပေါက်ကွဲမှု နောက်တစ်ကြိမ်ဖြစ်ပွားခဲ့ သည်ဟု ရဲစခန်းအနီး နေထိုင်သူများက ပြောသည်။
ဗုံးပေါက်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မအူပင်မြို့မ ရဲစခန်းနှင့် အနီးဝန်းကျင်များ ကို စစ်ဆေးရာ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း ထပ်မံတွေ့ရှိခဲ့ရာ ဖောက်ခွဲဖျက်ဆီး လိုက်သည်ဟု ရဲစခန်း အနီးနိုင်ထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုရက်ပိုင်းအတွင်း မအူပင်မြို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများအပေါ် နိုင်ထက်စီးနင်း အနိုင်ကျင့်မှုများ ရှိနေသည်ဟု ဒေသခံ များက ပြောသည်။
“စစ်သားနဲ့ရဲတွေက ဘိနပ်မစီးတဲ့ ကုန်ထမ်း အလုပ်သမားတွေကိုလည်း ဖားခုန်ခုန်ခိုင်းတယ်။ အချို့သူတွေဆို ပလက်ဖောင်းပေါ် က မလျှောက်လို့ဆိုပြီး ငွေ ၃၀၀၀ ကျပ်စီ တောင်းတယ်။ အမျိုးမျိုး အနိုင်ကျင့် ငွေညှစ် နေကြတယ်” ဟု မအူပင် ဒေသခံ ကိုတင်လှ က ပြောသည်။
ယခု ဗုံးဖောက်ခွဲ တိုက်ခိုက်မှုသည် မအူပင် မြို့ပြ ပြောက်ကျားတပ်ဖွဲ့နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ် ဆင် ရေး တပ်ပေါင်းစုတို့၏ ပူးပေါင်းလုပ်ဆောင်ချက် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာထားသည်။
မအူပင်မြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ဒဏ်ရာ ရရှိ ခဲ့သည်။
အောက်တိုဘာလ ၁၁ ရက်နေ့က မအူပင်မြို့၊ မြို့သစ် ၇ လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အဝင်အထွက်ရှိသည့် အရက်ဆိုင် ရှေ့ တွင် တစ်ကြိမ်၊ အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်း အလက- ၁ ကျောင်းဝင်းအနီးတွင် စစ်တပ်က ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ် တစ်ကြိမ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။
စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားညီးညွတ်ရေးအစိုးရ NUG က ခုခံတော်လှန်စစ် စတင်ကြောင်း ကြေငြာ ပြီးနောက် ဧရာဝတီတိုင်းအတွင်းက ပုသိမ် သင်္ဘောကျဉ်း ရဲစခန်းကို PDF က ဗုံးနှစ်လုံးခွဲ တိုက်ခိုက်ခဲ့သေးသည်။
ထို့အပြင် ပုသိမ်မြို့လယ် ဘဏ်အနီးရှိ စစ်ကောင်စီတပ်၏ ယာယီ ကင်းစခန်း ဗုံးခွဲတိုက် ခိုက်ခံရမှုတွင်လည်း စစ် သား ၄ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့သည်။
*** ZAWGYI ***
မအူပင္ ရဲစခန္းအတြင္း ဗုံးႏွစ္လုံး ေပါက္ကြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ၊ ၁၆ ရက္။
ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕မရဲစခန္းဝန္း အတြင္း မိနစ္ ၂၀ ခန႔္ ျခား ၍ ဗုံးႏွစ္လုံး ေပါက္ကြဲခဲ့သည္။
ရဲစခန္း၏ အိမ္ေထာင္သည္ လိုင္းခန္း ေထာင့္တြင္ ေအာက္တိုဘာ ၁၅ ရက္ေန႔ (ယမန္ေန႔) ည ၆ နာရီ ၄၀ မိနစ္ အခ်ိန္ခန႔္က ပထမဗုံးေပါက္ကြဲခဲ့ၿပီး ၇ နာရီအခ်ိန္ခန႔္တြင္ ရဲစခန္း၏ အေရွ႕တြင္ ေပါက္ကြဲမႈ ေနာက္တစ္ႀကိမ္ျဖစ္ပြားခဲ့ သည္ဟု ရဲစခန္းအနီး ေနထိုင္သူမ်ားက ေျပာသည္။
ဗုံးေပါက္ၿပီးေနာက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး မအူပင္ၿမိဳ႕မ ရဲစခန္းႏွင့္ အနီးဝန္းက်င္မ်ား ကို စစ္ေဆးရာ မေပါက္ကြဲေသးသည့္ ဗုံးတစ္လုံးလည္း ထပ္မံေတြ႕ရွိခဲ့ရာ ေဖာက္ခြဲဖ်က္ဆီး လိုက္သည္ဟု ရဲစခန္း အနီးႏိုင္ထိုင္သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။
ယခုရက္ပိုင္းအတြင္း မအူပင္ၿမိဳ႕တြင္ စစ္ေကာင္စီက ေဒသခံျပည္သူမ်ားအေပၚ ႏိုင္ထက္စီးနင္း အႏိုင္က်င့္မႈမ်ား ရွိေနသည္ဟု ေဒသခံ မ်ားက ေျပာသည္။
“စစ္သားနဲ႔ရဲေတြက ဘိနပ္မစီးတဲ့ ကုန္ထမ္း အလုပ္သမားေတြကိုလည္း ဖားခုန္ခုန္ခိုင္းတယ္။ အခ်ိဳ႕သူေတြဆို ပလက္ေဖာင္းေပၚ က မေလွ်ာက္လို႔ဆိုၿပီး ေငြ ၃၀၀၀ က်ပ္စီ ေတာင္းတယ္။ အမ်ိဳးမ်ိဳး အႏိုင္က်င့္ ေငြညႇစ္ ေနၾကတယ္” ဟု မအူပင္ ေဒသခံ ကိုတင္လွ က ေျပာသည္။
ယခု ဗုံးေဖာက္ခြဲ တိုက္ခိုက္မႈသည္ မအူပင္ ၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕ႏွင့္ ျမစ္ဝကြၽန္းေပၚ ေျပာက္က်ား စစ္ ဆင္ ေရး တပ္ေပါင္းစုတို႔၏ ပူးေပါင္းလုပ္ေဆာင္ခ်က္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေၾကညာထားသည္။
မအူပင္ၿမိဳ႕တြင္ ေအာက္တိုဘာ ၁၁ ရက္ေန႔ နံနက္ပိုင္းကလည္း ဗုံးေပါက္ကြဲမႈ ၂ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး လူ ၂ ဦး ဒဏ္ရာ ရရွိ ခဲ့သည္။
ေအာက္တိုဘာလ ၁၁ ရက္ေန႔က မအူပင္ၿမိဳ႕၊ ၿမိဳ႕သစ္ ၇ လမ္းရွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ား အဝင္အထြက္ရွိသည့္ အရက္ဆိုင္ ေရွ႕ တြင္ တစ္ႀကိမ္၊ အမွတ္ ၄ ရပ္ကြက္ ကမ္းနားလမ္း အလက- ၁ ေက်ာင္းဝင္းအနီးတြင္ စစ္တပ္က ဆိုင္ကယ္မ်ား ဖမ္းဆီးစစ္ေဆးေနစဥ္ တစ္ႀကိမ္ ေပါက္ကြဲမႈ ထပ္မံျဖစ္ပြားခဲ့သည္။
စက္တင္ဘာလ ၇ ရက္ေန႔က အမ်ိဳးသားညီးၫြတ္ေရးအစိုးရ NUG က ခုခံေတာ္လွန္စစ္ စတင္ေၾကာင္း ေၾကျငာ ၿပီးေနာက္ ဧရာဝတီတိုင္းအတြင္းက ပုသိမ္ သေဘၤာက်ဥ္း ရဲစခန္းကို PDF က ဗုံးႏွစ္လုံးခြဲ တိုက္ခိုက္ခဲ့ေသးသည္။
ထို႔အျပင္ ပုသိမ္ၿမိဳ႕လယ္ ဘဏ္အနီးရွိ စစ္ေကာင္စီတပ္၏ ယာယီ ကင္းစခန္း ဗုံးခြဲတိုက္ ခိုက္ခံရမႈတြင္လည္း စစ္ သား ၄ ေယာက္ ထိခိုက္ဒဏ္ရာရွိခဲ့သည္။