ပုလောတွင် ဗုံးလေးလုံးကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့တွင် တစ်ရက်တည်းပေါက်ကွဲခဲ့သော ဗုံးလေးလုံးအနက် နှစ်လုံးမှာ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့က ၎င်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ကြေငြာချက် ထုတ်ထားသည်။

ပုလောမြို့၊ မြို့တော်ခန်းမတွင် ညနေ ၄ နာရီခွဲ အချိန်ဝန်းကျင်ခန့်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟု ရွှေဟင်္သာ လမ်းတွင် နေထိုင်သူ တစ်ဦး က ပြောသည်။

ထိုပေါက်ကွဲမှု နှစ်ခုမှာ သူတို့ လက်ချက်ဖြစ်ကြောင်း ပုလောဒေသ ကာကွယ်ရေး တပ်ဖွဲ့ PRDF နှင့် ပြည့်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF တို့က ထုတ်ပြန်သည်။

ပုလောမြို့တော်ခန်းမနှင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး ခဏအကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တစ်မြို့လုံးနီးပါးကိုလည်း လိုက်လံ ရှာဖွေ စစ်ဆေး မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ခန်းမပေါက်ကွဲပြီးထဲက မြို့ပေါ် အသွားအလာတွေ မရှိကြတော့ဘူး။ လမ်းတွေမှာ ရှင်းလင်းသွားတာ။ စစ်တပ် က သူတွေနဲ့ ရဲတွေ မီးသတ်တွေ လုံခြုံရေးချထားတာ သွားကြည့်ဖို့ နေနေသာသာ ပြည်သူတွေက အိမ်ထဲမှာပဲ ကြောက်ပြီးနေကြရတာ” ဟု ပြောသည်။

ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်း သေနတ်များ ပစ်ဖောက်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

ကျန်ပေါက်ကွဲမှု နှစ်ခုမှ မည်သူ့လက်ချက်ဖြစ်ကြောင်း သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

CDM ပြုလုပ်နေသည့် သစ်တောဝန်ထမ်းအိမ်၊ ပုလော အထက ကျောင်းဝန်း၊ ပုလောမြို့တော်ခန်းမ နှင့် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

CDM ဝန်ထမ်းအိမ်မှာ မိသားစုလိုက် တိမ်းရှောင်နေသည့်ကြသည့် အတွက် လူထိခိုက်မှုမရှိဘဲ အိမ်ခေါင်မိုး သွပ်ပြား ပွင့်ထွက်ပြီး အိမ်ရှေ့ပိုင်း အနည်းငယ်ပျက်စီးသွားသည် ဟု ဒေသခံများက ပြောသည်။

“ကံကောင်းတာက အိမ်ထဲမှာ လူတစ်ယောက်မှမရှိဘူး။ သူတို့က အရပ်ဝတ်တွေနဲ့ လာတာ အထက်သံ စကားနဲ့ (ပုဂံသံမဟုတ်) အော်ပြောတာတွေ ကြားတယ်။ စဉ်းစားကြည့်ပေါ့ သာမန်လူလာမပစ်နိုင်ဘူး။ ညဦးထဲက လုံခြုံ ရေးတွေ ကင်းလှည့်ပြည့်နှက်နေတာ” ဟု ပုလောမြို့ခံ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

ပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် လူနှင့်တိရိစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း မြို့ တော်ခန်းမအတွင်း ပျက်စီးမှု အနည်းငယ်သာရှိခဲ့ကြောင်းနှင့် ဖမ်းဆီးစစ်ဆေးခံရသူ တစ်ဦးတစ်ယောက်မျှ မရှိသေးဟု ဆိုသည်။

ဗုံးပေါက်ကွဲမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပုလောမြို့မရဲစခန်းသို့ ဆက်သွယ် မေး မြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

CDM ပြုလုပ်နေသည့် သစ်တောဝန်ထမ်းအိမ်နှင့် ပုလော အထက ကျောင်းဝန်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု သည် ပြည်သူများ အပြင်ထွက်သွားလာခွင့်မရှိသည့် အချိန် ည ၁၀ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့်အတွက် ထိုပေါက်ကွဲမှုမှာ မိမိတို့ အဖွဲ့နှင့် (လုံးဝ) မသက်ဆိုင်ကြောင်း၊ Palaw Regional Defense Force – PRDF က ထုတ် ပြန်ချက်အမှတ် ၂/၂၀၂၁ ဖြင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

*** ZAWGYI ***
ပုေလာတြင္ ဗုံးေလးလုံးကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

တနသၤာရီတိုင္း ေဒသႀကီး ပုေလာၿမိဳ႕တြင္ တစ္ရက္တည္းေပါက္ကြဲခဲ့ေသာ ဗုံးေလးလုံးအနက္ ႏွစ္လုံးမွာ ပုေလာေဒသ ကာကြယ္ေရးတပ္ဖြဲ႕ PRDF ႏွင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ တို႔က ၎တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္း ေၾကျငာခ်က္ ထုတ္ထားသည္။

ပုေလာၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ ညေန ၄ နာရီခြဲ အခ်ိန္ဝန္းက်င္ခန႔္တြင္ ဗုံးတစ္လုံးေပါက္ကြဲခဲ့ၿပီးေနာက္ ညေန ၆ နာရီခြဲ အခ်ိန္ခန႔္တြင္ အမွတ္ ၄ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ဗုံးတစ္လုံး ထပ္မံေပါက္ကြဲခဲ့သည္ဟု ေ႐ႊဟသၤာ လမ္းတြင္ ေနထိုင္သူ တစ္ဦး က ေျပာသည္။

ထိုေပါက္ကြဲမႈ ႏွစ္ခုမွာ သူတို႔ လက္ခ်က္ျဖစ္ေၾကာင္း ပုေလာေဒသ ကာကြယ္ေရး တပ္ဖြဲ႕ PRDF ႏွင့္ ျပည့္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ PDF တို႔က ထုတ္ျပန္သည္။

ပုေလာၿမိဳ႕ေတာ္ခန္းမႏွင့္ အမွတ္ ၄ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔တြင္ ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈႏွစ္ခု ျဖစ္ပြားၿပီး ခဏအၾကာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး တစ္ၿမိဳ႕လုံးနီးပါးကိုလည္း လိုက္လံ ရွာေဖြ စစ္ေဆး မႈမ်ား ျပဳလုပ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

“ခန္းမေပါက္ကြဲၿပီးထဲက ၿမိဳ႕ေပၚ အသြားအလာေတြ မရွိၾကေတာ့ဘူး။ လမ္းေတြမွာ ရွင္းလင္းသြားတာ။ စစ္တပ္ က သူေတြနဲ႔ ရဲေတြ မီးသတ္ေတြ လုံၿခဳံေရးခ်ထားတာ သြားၾကည့္ဖို႔ ေနေနသာသာ ျပည္သူေတြက အိမ္ထဲမွာပဲ ေၾကာက္ၿပီးေနၾကရတာ” ဟု ေျပာသည္။

ထိုသို႔ စစ္ေဆးမႈမ်ား ျပဳလုပ္ေနခ်ိန္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕အတြင္း ေသနတ္မ်ား ပစ္ေဖာက္ခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။

က်န္ေပါက္ကြဲမႈ ႏွစ္ခုမွ မည္သူ႔လက္ခ်က္ျဖစ္ေၾကာင္း သတင္းႏွင့္ မီဒီယာ ကြန္ရက္မွ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိပါ။

CDM ျပဳလုပ္ေနသည့္ သစ္ေတာဝန္ထမ္းအိမ္၊ ပုေလာ အထက ေက်ာင္းဝန္း၊ ပုေလာၿမိဳ႕ေတာ္ခန္းမ ႏွင့္ အမွတ္ ၄ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔တြင္ ေအာက္တိုဘာ ၁၅ ရက္ေန႔ ညေနပိုင္းတြင္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

CDM ဝန္ထမ္းအိမ္မွာ မိသားစုလိုက္ တိမ္းေရွာင္ေနသည့္ၾကသည့္ အတြက္ လူထိခိုက္မႈမရွိဘဲ အိမ္ေခါင္မိုး သြပ္ျပား ပြင့္ထြက္ၿပီး အိမ္ေရွ႕ပိုင္း အနည္းငယ္ပ်က္စီးသြားသည္ ဟု ေဒသခံမ်ားက ေျပာသည္။

“ကံေကာင္းတာက အိမ္ထဲမွာ လူတစ္ေယာက္မွမရွိဘူး။ သူတို႔က အရပ္ဝတ္ေတြနဲ႔ လာတာ အထက္သံ စကားနဲ႔ (ပုဂံသံမဟုတ္) ေအာ္ေျပာတာေတြ ၾကားတယ္။ စဥ္းစားၾကည့္ေပါ့ သာမန္လူလာမပစ္ႏိုင္ဘူး။ ညဦးထဲက လုံၿခဳံ ေရးေတြ ကင္းလွည့္ျပည့္ႏွက္ေနတာ” ဟု ပုေလာၿမိဳ႕ခံ အသက္ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး က ေျပာသည္။

ေပါက္ကြဲမႈ ျဖစ္စဥ္မ်ားေၾကာင့္ လူႏွင့္တိရိစာၦန္မ်ား တစ္စုံတစ္ရာ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေသာ္လည္း ၿမိဳ႕ ေတာ္ခန္းမအတြင္း ပ်က္စီးမႈ အနည္းငယ္သာရွိခဲ့ေၾကာင္းႏွင့္ ဖမ္းဆီးစစ္ေဆးခံရသူ တစ္ဦးတစ္ေယာက္မွ် မရွိေသးဟု ဆိုသည္။

ဗုံးေပါက္ကြဲမႈ အေျခအေနမ်ားႏွင့္ပတ္သက္၍ အေသးစိတ္သိရွိႏိုင္ရန္ ပုေလာၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္ ေမး ျမန္းခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ေပ။

CDM ျပဳလုပ္ေနသည့္ သစ္ေတာဝန္ထမ္းအိမ္ႏွင့္ ပုေလာ အထက ေက်ာင္းဝန္းတြင္ ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမႈ သည္ ျပည္သူမ်ား အျပင္ထြက္သြားလာခြင့္မရွိသည့္ အခ်ိန္ ည ၁၀ နာရီခြဲ ဝန္းက်င္တြင္ ျဖစ္ပြားခဲ့သည့္အတြက္ ထိုေပါက္ကြဲမႈမွာ မိမိတို႔ အဖြဲ႕ႏွင့္ (လုံးဝ) မသက္ဆိုင္ေၾကာင္း၊ Palaw Regional Defense Force – PRDF က ထုတ္ ျပန္ခ်က္အမွတ္ ၂/၂၀၂၁ ျဖင့္ ေအာက္တိုဘာ ၁၆ ရက္ေန႔တြင္ ထုတ္ျပန္ေၾကျငာထားသည္။