ဖျာပုံတွင် Mytel တာဝါ ဗုံးခွဲ ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ဖျာပုံရှိ Mytel တာဝါတိုင်တစ်ခု အောက်တိုဘာလ ၁၇ ရက်နေ့က ဗုံးခွဲဖျက်ဆီးနိုင်ခဲ့သည်ဟု တိုင်းဧရာ ပြည့်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်၁၆ ရပ်ကွက်က Mytel ဖုန်းတာ ဝါတိုင် တစ်တိုင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ဗုံးခွဲ ဖျက်ဆီးခံလိုက် ရခြင်းဖြစ်သည်။

တာဝါတိုင် အောက်ခြေရှိ ထရန်ဖော်မာ၊ ဝိုင်ဖိုင်ပုံး၊ ဝါယာကြိုးများ အပါအဝင် ဆက်စပ် ပစ္စည်းများ ပျက်စီးသွားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ရုံး တာဝန်ရှိသူက ပြောသည်။

”ဗုံးက ဘာဗုံးလဲတော့ မပြောတတ်ဘူး။ မီးတော့တော်တော်လောင်တယ်။ အဲ့ဒီတော့ စက်တွေ အကုန်ပျက်စီးကုန်တယ်“ ဟု အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုင်းခွဲခံလိုက်ရသော တာဝါတိုင်မှာ ဖျာပုံမြို့၊ အမှတ် ၆ ရပ်ကွက် သီရိတံခွန်လမ်း၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတွင် ရှိသည်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်းတွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ က ရပ်ကွက်နှင့် လမ်းများကို ပိတ်ဆို့စစ်ဆေးကာ မသင်္ကာသူများကိုလည်း ဖမ်းဆီး စစ် ဆေးနေသည်ဟု ဒေသခံအချို့ က ပြောသည်။

“ဧရာဝတီတိုင်းထဲမှာ မိုင်တဲဖုန်း တာဝါတိုင် ဗုံးခွဲခံရတိုင်း စစ်တပ် သတင်းပေး ဒလန်သုတ်သင်ခံရတိုင်း မြို့တိုင်း မှာ အဖမ်းခံရတာတွေရှိနေတယ်” ဟု အသက် ၆၇ နှစ် အရွယ် နိုင်ငံရေး အကျဉ်းဟောင်း တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း စက်တင်ဘာလမှ စတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ပုသိမ်၊ ကန်ကြီးထောင့် နှင့် ဖျာပုံ အပါအဝင် အခြားသောမြို့နယ်များရှိ Mytel ဖုန်းတာဝါတိုင် ၉တိုင် မိုင်းခွဲ မီးရှို့ ဖျက်ဆီးခံထားရသည်။

သို့သော် ကျိုက်လတ်မြို့နယ် နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များ ဗုံးထောင် ဖောက်ခွဲ ဖျက် ဆီးမှုများ အောင်မြင်မှု မရှိကြောင်း ကျိုက်လတ်နှင့် မော်လမြိုင်ကျွန်းမြို့ က ဒေသခံများက ပြောသည်။

*** ZAWGYI ***
ဖ်ာပုံတြင္ Mytel တာဝါ ဗုံးခြဲ ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

ဖ်ာပုံရွိ Mytel တာဝါတိုင္တစ္ခု ေအာက္တိုဘာလ ၁၇ ရက္ေန႔က ဗုံးခြဲဖ်က္ဆီးႏိုင္ခဲ့သည္ဟု တိုင္းဧရာ ျပည့္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕က ထုတ္ျပန္ေၾကညာသည္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ဖ်ာပုံၿမိဳ႕၊ အမွတ္၁၆ ရပ္ကြက္က Mytel ဖုန္းတာ ဝါတိုင္ တစ္တိုင္ ေအာက္တိုဘာလ ၁၇ ရက္ေန႔ နံနက္ ၁ နာရီ အခ်ိန္ခန႔္က ဗုံးခြဲ ဖ်က္ဆီးခံလိုက္ ရျခင္းျဖစ္သည္။

တာဝါတိုင္ ေအာက္ေျခရွိ ထရန္ေဖာ္မာ၊ ဝိုင္ဖိုင္ပုံး၊ ဝါယာႀကိဳးမ်ား အပါအဝင္ ဆက္စပ္ ပစၥည္းမ်ား ပ်က္စီးသြားသည္ဟု ရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ႐ုံး တာဝန္ရွိသူက ေျပာသည္။

”ဗုံးက ဘာဗုံးလဲေတာ့ မေျပာတတ္ဘူး။ မီးေတာ့ေတာ္ေတာ္ေလာင္တယ္။ အဲ့ဒီေတာ့ စက္ေတြ အကုန္ ပ်က္စီး ကုန္တယ္“ ဟု အမွတ္ ၆ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးက တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

မိုင္းခြဲခံလိုက္ရေသာ တာဝါတိုင္မွာ ဖ်ာပုံၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္ သီရိတံခြန္လမ္း၊ ဘုန္းေတာ္ႀကီးေက်ာင္းဝင္းအတြင္းတြင္ ရွိသည္။

ေပါက္ကြဲမႈ ျဖစ္ၿပီးေနာက္ပိုင္းတြင္ စစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕ က ရပ္ကြက္ႏွင့္ လမ္းမ်ားကို ပိတ္ဆို႔စစ္ေဆးကာ မသကၤာသူမ်ားကိုလည္း ဖမ္းဆီး စစ္ ေဆးေနသည္ဟု ေဒသခံအခ်ိဳ႕ က ေျပာသည္။

“ဧရာဝတီတိုင္းထဲမွာ မိုင္တဲဖုန္း တာဝါတိုင္ ဗုံးခြဲခံရတိုင္း စစ္တပ္ သတင္းေပး ဒလန္သုတ္သင္ခံရတိုင္း ၿမိဳ႕တိုင္း မွာ အဖမ္းခံရတာေတြရွိေနတယ္” ဟု အသက္ ၆၇ ႏွစ္ အ႐ြယ္ ႏိုင္ငံေရး အက်ဥ္းေဟာင္း တစ္ဦးက ေျပာသည္။

ဧရာဝတီတိုင္း ေဒသႀကီးအတြင္း စက္တင္ဘာလမွ စတင္၍ ဘိုကေလး၊ မအူပင္၊ က်ိဳက္လတ္၊ ေမာ္လၿမိဳင္ကြၽန္း၊ ပုသိမ္၊ ကန္ႀကီးေထာင့္ ႏွင့္ ဖ်ာပုံ အပါအဝင္ အျခားေသာၿမိဳ႕နယ္မ်ားရွိ Mytel ဖုန္းတာဝါတိုင္ ၉တိုင္ မိုင္းခြဲ မီးရႈိ႕ ဖ်က္ဆီးခံထားရသည္။

သို႔ေသာ္ က်ိဳက္လတ္ၿမိဳ႕နယ္ ႏွင့္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္မ်ား ဗုံးေထာင္ ေဖာက္ခြဲ ဖ်က္ ဆီးမႈမ်ား ေအာင္ျမင္မႈ မရွိေၾကာင္း က်ိဳက္လတ္ႏွင့္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ က ေဒသခံမ်ားက ေျပာသည္။