ကွတ်ခိုင်ရှိ ကျေးရွာများတွင် စားဝတ်နေရေး ခက်ခဲနေဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်က စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ သူတို့ကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာအသီးသီးက ဒေသခံရွာသားတွေက လက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် အပြင်ထွက် အလုပ်လုပ်လို့ မရတော့တဲ့အတွက် စားဝတ်နေရေးပိုခက်ခဲလာရတာလို့ ဒေသခံတွေက ပြောပါတယ်။