မြိတ် NLD ရုံး ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

မြိတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် အောက်တိုဘာ ၁၉ ရက်နေ့က အင်အား ပြင်းထန်သော ဗုံးတလုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ရုံးအဆောက်အဉီ ပျက်စီးသွားခဲ့သည်ဟု မြိတ်မြို့ခံများနှင့် NLD တာဝန်ရှိသူများက ပြောသည်။

မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ တပ်ပြင်ရပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးအား အောက်တိုဘာ ၁၉ ရက်နေ့၊ ည ၁၂ နာရီ ၁၀ မိနစ် အချိန်ခန့် အားပြင်းဗုံး(မိုင်း)ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြိတ်ဒေသခံများနှင့် NLD ပါတီ အဖွဲ့ချုပ် တာဝန်ရှိသူများ ပြောသည်။

တပ်ပြင်ရပ်ရှိ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စုပေါင်းရုံး တွင် ည ၁၂ နာရီ ကျော်ကျော်တွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ် ပြီး ပေါက်ကွဲမှုကြောင့် ရုံး၏အုတ်နံရံ၊ ဖောင်ဒေးရှင်းအပိုင်းများ၊ ရုံးပြတင်းပေါက်မှန်များနှင့် ခြံစည်းရိုး အုတ်တံတိုင်းများ ပျက်စီးသွားသည်။ လူထိခိုက်မှုများ မရှိခဲ့ကြောင်း သိရသည်။

“အခုမိုင်းက တမင်အကွက်စေ့စေ့နဲ့ အချိန်ယူ ဖေါက်ခွဲတာဖြစ်မယ်။ သာမာန်ဗုံးပေါက်ရုံလောက်နဲ့ အဲဒီလောက် မပျက်စီးနိုင်ဘူး။ မိုင်းနဲ့ဖေါက်ခွဲတာ ဖြစ်နိုင်တယ်။ အောက်ထပ်ဖောင်ဒေးရှင်း တခုလုံးသုံးမရတော့ဘူး။အသစ်ပြန်ဆောက်မှရမယ်” ဟု ရုံးအနီးနေထိုင်သူ အသက် ၄၀ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက ပြော သည်။

ပေါက်ကွဲသံသည် သာမန် ဗုံးကွဲသည့် အသံမျိုးမဟုတ်ပဲ ကျယ်လောင်လွန်းသည်ဟု ထိုရပ်ကွက်တွင် အတွက် သာမန်ဗုံးခွဲခြင်းမျိုးမဟုတ်ဘဲ ကျွမ်းကျင်သူများ၏ စနစ် တကျ ဖောက်ခွဲခြင်းမျိုးသာဖြစ်နိုင်သည်ဟု တပ်ပြင်ရပ်ကွက်တွင် နေထိုင်သူများ က ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်သည်လည်း သာမာန်ပြည်သူများ အပြင်မထွက်ရန် စည်းကမ်းချက် ထုတ်ပြန်ထားသည့် အချိန်ဖြစ်နေ၍ မည်သည့်အဖွဲ့အစည်း က ဖောက်ခွဲခြင်းဖြစ်သည်ကို လူအတော်များများက မှန်းဆနိုင်ကြောင်း တပ်ပြင်ရပ်ကွက် ဒေသခံများ က ပြောသည်။၊

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်တွင် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ သတင်းပေး ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေးစည်းရုံးရေးမှူး တစ်ဦး အသတ်ခံခဲ့ရနောက် ပျူစောထီးအဖွဲ့က လက် တုန့်ပြန်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံအချို့ က သုံးသပ်ပြောဆိုနေ ကြသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း သတင်းတင်ပြရေးသားနေသည့် အချိန်ထိ အဆိုပါ အနီးတဝိုက်တွင် စစ်ကောင် စီ တပ်ဖွဲ့က စစ်ဆေးရှာဖွေခြင်း၊ လုံခြုံရေးချထားခြင်း စသည့် ဆောင်ရွက်မှုများ မရှိသေးဘူးဟုလည်း သိရ သည်။

စစ်ကောင်စီ သတင်းပေး ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေးစည်းရုံးရေးမှူး အသတ်ခံရမှုနှင့် ဆက်စပ်၍ တန်ပြန် ခြိမ်းခြောက်မှုအနေဖြင့် NLD ရုံးအား ဗုံးခွဲသည့်ကိစ္စကို ထိထိရောက်ရောက် ပြန်လည် အရေးယူဆောင်ရွက်သွား မည် ဖြစ်သည်ဟု Myeik Local Defense Force က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ၿမိတ္ NLD ႐ုံး ဗုံးေပါက္ကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၀ ရက္။

ၿမိတ္ၿမိဳ႕ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ႐ုံးတြင္ ေအာက္တိုဘာ ၁၉ ရက္ေန႔က အင္အား ျပင္းထန္ေသာ ဗုံးတလုံး ေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး ႐ုံးအေဆာက္အဉီ ပ်က္စီးသြားခဲ့သည္ဟု ၿမိတ္ၿမိဳ႕ခံမ်ားႏွင့္ NLD တာဝန္ရွိသူမ်ားက ေျပာသည္။

ၿမိတ္ၿမိဳ႕၊ ေရပုန္းနယ္ေျမ၊ တပ္ျပင္ရပ္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ႐ုံးအား ေအာက္တိုဘာ ၁၉ ရက္ေန႔၊ ည ၁၂ နာရီ ၁၀ မိနစ္ အခ်ိန္ခန႔္ အားျပင္းဗုံး(မိုင္း)ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္ဟု ၿမိတ္ေဒသခံမ်ားႏွင့္ NLD ပါတီ အဖြဲ႕ခ်ဳပ္ တာဝန္ရွိသူ မ်ား ေျပာသည္။

တပ္ျပင္ရပ္ရွိ ၿမိတ္ခ႐ိုင္ႏွင့္ ၿမိတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ စုေပါင္း႐ုံး တြင္ ည ၁၂ နာရီ ေက်ာ္ေက်ာ္တြင္ ဗုံးေပါက္ကြဲခဲ့ျခင္း ျဖစ္ ၿပီး ေပါက္ကြဲမႈေၾကာင့္ ႐ုံး၏အုတ္နံရံ၊ ေဖာင္ေဒးရွင္းအပိုင္းမ်ား၊ ႐ုံးျပတင္းေပါက္မွန္မ်ားႏွင့္ ၿခံစည္း႐ိုး အုတ္တံ တိုင္းမ်ား ပ်က္စီးသြားသည္။ လူထိခိုက္မႈမ်ား မရွိခဲ့ေၾကာင္း သိရသည္။

“အခုမိုင္းက တမင္အကြက္ေစ့ေစ့နဲ႔ အခ်ိန္ယူ ေဖါက္ခြဲတာျဖစ္မယ္။ သာမာန္ဗုံးေပါက္႐ုံေလာက္နဲ႔ အဲဒီေလာက္ မပ်က္စီးႏိုင္ဘူး။ မိုင္းနဲ႔ေဖါက္ခြဲတာ ျဖစ္ႏိုင္တယ္။ ေအာက္ထပ္ေဖာင္ေဒးရွင္း တခုလုံးသုံးမရေတာ့ဘူး။အသစ္ျပန္ေဆာက္မွရမယ္” ဟု ႐ုံးအနီးေနထိုင္သူ အသက္ ၄၀ ႏွစ္ အ႐ြယ္ခန႔္ရွိသူ အမ်ိဳးသားတစ္ဦးက ေျပာ သည္။

ေပါက္ကြဲသံသည္ သာမန္ ဗုံးကြဲသည့္ အသံမ်ိဳးမဟုတ္ပဲ က်ယ္ေလာင္လြန္းသည္ဟု ထိုရပ္ကြက္တြင္ အတြက္ သာမန္ဗုံးခြဲျခင္းမ်ိဳးမဟုတ္ဘဲ ကြၽမ္းက်င္သူမ်ား၏ စနစ္ တက် ေဖာက္ခြဲျခင္းမ်ိဳးသာျဖစ္ႏိုင္သည္ဟု တပ္ျပင္ရပ္ကြက္တြင္ ေနထိုင္သူမ်ား က ေျပာသည္။

ေပါက္ကြဲမႈ ျဖစ္ပြားခ်ိန္သည္လည္း သာမာန္ျပည္သူမ်ား အျပင္မထြက္ရန္ စည္းကမ္းခ်က္ ထုတ္ျပန္ထားသည့္ အခ်ိန္ျဖစ္ေန၍ မည္သည့္အဖြဲ႕အစည္း က ေဖာက္ခြဲျခင္းျဖစ္သည္ကို လူအေတာ္မ်ားမ်ားက မွန္းဆႏိုင္ေၾကာင္း တပ္ျပင္ရပ္ကြက္ ေဒသခံမ်ား က ေျပာသည္။၊

ၿမိတ္ၿမိဳ႕၊ ၿမိတ္ေတာင္နယ္ေျမ၊ ၿမိဳ႕သစ္ရပ္ကြက္တြင္ ေအာက္တိုဘာလ ၁၉ ရက္ေန႔ နံနက္ပိုင္းက စစ္ေကာင္စီ သတင္းေပး ျပည္ခိုင္ၿဖိဳးပါတီ၏ ရပ္ေက်းစည္း႐ုံးေရးမႉး တစ္ဦး အသတ္ခံခဲ့ရေနာက္ ပ်ဴေစာထီးအဖြဲ႕က လက္ တုန႔္ျပန္ျခင္း ျဖစ္ႏိုင္သည္ဟုလည္း ေဒသခံအခ်ိဳ႕ က သုံးသပ္ေျပာဆိုေန ၾကသည္။

ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေသာ္လည္း သတင္းတင္ျပေရးသားေနသည့္ အခ်ိန္ထိ အဆိုပါ အနီးတဝိုက္တြင္ စစ္ေကာင္ စီ တပ္ဖြဲ႕က စစ္ေဆးရွာေဖြျခင္း၊ လုံၿခဳံေရးခ်ထားျခင္း စသည့္ ေဆာင္႐ြက္မႈမ်ား မရွိေသးဘူးဟုလည္း သိရ သည္။

စစ္ေကာင္စီ သတင္းေပး ျပည္ခိုင္ၿဖိဳးပါတီ၏ ရပ္ေက်းစည္း႐ုံးေရးမႉး အသတ္ခံရမႈႏွင့္ ဆက္စပ္၍ တန္ျပန္ ၿခိမ္းေျခာက္မႈအေနျဖင့္ NLD ႐ုံးအား ဗုံးခြဲသည့္ကိစၥကို ထိထိေရာက္ေရာက္ ျပန္လည္ အေရးယူေဆာင္႐ြက္သြား မည္ ျဖစ္သည္ဟု Myeik Local Defense Force က ထုတ္ျပန္ထားသည္။