ပုသိမ်မြို့ တဘက်ကမ်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

ပုသိမ်မြို့ တဘက်ကမ်းမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထ သေနတ်ဖြင့် လာ ရောက် ပစ်ခတ်သွားပြီး ယင်းပစ်ခတ်မှုသည် သတင်းပေးဆိုသူများ အနက် ၄ ယောက်မြောက် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့ (ယနေ့) နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်က ပုသိမ်-ချောင်းသာ ကားလမ်းဘေးရှိ ကြောင်း ပန်ကုန်းကျေးရွာ လယ်လမ်းတွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဦးကျော်ကြီး အသက် ၅၀ နှစ်ကို သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်သွားခဲ့ ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်သည်။

“နေရာမှာဘဲ ပွဲချင်းပြီးသေသွားတယ်။ ရွာက လူငယ် နှစ်ယောက်ရယ် ကြိုးတံတားနားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် နှစ်ယောက်ရယ်ကိုတော့ ဖမ်းသွားတယ်” ဟု အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဦးကျော်ကြီးသည် ဦးခေါင်းနှင့် လည်ပင်းတို့တွင် သေနတ်ဒဏ်ရာ နှစ်ချက်ရရှိကာ သေဆုံးသွားပြီးသည်။

ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များက ရောက်ရှိလာကာ ပိတ်ဆို့စစ် ဆေးမှုများ ပြုလုပ်ပြီးနောက် လူငယ် ၄ ဦး ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက် ပြော သည်။

ပစ်သတ်ခံရသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးဖြစ်ကာ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။

ထို့နောက် ကျေးရွာထဲသို့ စစ်သားများကို ခေါ်လာကာ ရွာခံများကို ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ရွာသားများကိုလည်း PDF မသင်္ကာသူဟုဆိုကာ ၎င်းကိုယ်တိုင် ဖမ်းဆီးမှုများရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပုသိမ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ PSTF က တော်လှန်ရေးအတွက် ဆူးငြောင့်ခလုတ်ဖြစ်သည့် ကျော်ကြီးကို ဒလန် ဖြစ်ကြောင်း စီစစ်ပြီးမှ သုတ်သင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု ဆိုကာ ပစ်သတ်ခံရသူ ၄ ဦး အထိရှိလာနေပြီး၊ အောက်တိုဘာ လ ၂၀ ရက်နေ့ က အမှတ် ၅ ရပ်ကွက်မှ တစ်ဦး၊ အောက်တိုဘာလ ၁၄ ရက်နေ့က အမှတ် ၈ ရပ်ကွက်မှ တစ်ဦး နှင့် စက်တင်ဘာ ၂၃ ရက်နေ့က ပုသိမ်တဘက်ကမ်း အမှတ် ၁ဝ ရပ်ကွက်မှ တစ်ဦး ပစ်သတ်ခံ ခဲ့ရသည်။

*** ZAWGYI ***
ပုသိမ္ၿမိဳ႕ တဘက္ကမ္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။

ပုသိမ္ၿမိဳ႕ တဘက္ကမ္းမွ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး တစ္ဦးကို ေသနတ္ျဖင့္ ပစ္သတ္သြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ ထ ေသနတ္ျဖင့္ လာ ေရာက္ ပစ္ခတ္သြားၿပီး ယင္းပစ္ခတ္မႈသည္ သတင္းေပးဆိုသူမ်ား အနက္ ၄ ေယာက္ေျမာက္ ပစ္သတ္ခံရျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ေအာက္တိုဘာ ၂၅ ရက္ေန႔ (ယေန႔) ေန႔လည္ ၁၂ နာရီခြဲ အခ်ိန္ခန႔္က ပုသိမ္-ေခ်ာင္းသာ ကားလမ္းေဘးရွိ ေၾကာင္း ပန္ကုန္းေက်း႐ြာ လယ္လမ္းတြင္ အမည္မသိအဖြဲ႕တစ္ဖြဲ႕က ဦးေက်ာ္ႀကီး အသက္ ၅၀ ႏွစ္ကို ေသနတ္ျဖင့္ ႏွစ္ခ်က္ ပစ္ခတ္သြားခဲ့ ရာ ေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆုံးသြားျခင္း ျဖစ္သည္။

“ေနရာမွာဘဲ ပြဲခ်င္းၿပီးေသသြားတယ္။ ႐ြာက လူငယ္ ႏွစ္ေယာက္ရယ္ ႀကိဳးတံတားနားမွာ ဆိုင္ကယ္စီးလာတဲ့ လူငယ္ ႏွစ္ေယာက္ရယ္ကိုေတာ့ ဖမ္းသြားတယ္” ဟု အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

ဦးေက်ာ္ႀကီးသည္ ဦးေခါင္းႏွင့္ လည္ပင္းတို႔တြင္ ေသနတ္ဒဏ္ရာ ႏွစ္ခ်က္ရရွိကာ ေသဆုံးသြားၿပီးသည္။

ပစ္ခတ္မႈျဖစ္ၿပီး တစ္နာရီခန႔္အၾကာတြင္ စစ္ေကာင္စီတပ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေရာက္ရွိလာကာ ပိတ္ဆို႔စစ္ ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ လူငယ္ ၄ ဦး ကို ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္က ဆက္ ေျပာ သည္။

ပစ္သတ္ခံရသူသည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ စည္း႐ုံးေရးမႉးျဖစ္ကာ စစ္ေကာင္စီခန႔္ အုပ္ ခ်ဳပ္ေရးမႉး ျဖစ္လာခဲ့သည္။

ထို႔ေနာက္ ေက်း႐ြာထဲသို႔ စစ္သားမ်ားကို ေခၚလာကာ ႐ြာခံမ်ားကို ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ေလ့ ရွိေၾကာင္း၊ ႐ြာသားမ်ားကိုလည္း PDF မသကၤာသူဟုဆိုကာ ၎ကိုယ္တိုင္ ဖမ္းဆီးမႈမ်ားရွိခဲ့သည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ပုသိမ္ၿမိဳ႕ျပ ေျပာက္က်ား တပ္ဖြဲ႕ PSTF က ေတာ္လွန္ေရးအတြက္ ဆူးေျငာင့္ခလုတ္ျဖစ္သည့္ ေက်ာ္ႀကီးကို ဒလန္ ျဖစ္ေၾကာင္း စီစစ္ၿပီးမွ သုတ္သင္ခဲ့ျခင္း ျဖစ္သည္ဟု ထုတ္ျပန္ ထားသည္။

ပုသိမ္ၿမိဳ႕တြင္ စစ္ေကာင္စီ သတင္းေပး ဒလန္ဟု ဆိုကာ ပစ္သတ္ခံရသူ ၄ ဦး အထိရွိလာေနၿပီး၊ ေအာက္တိုဘာ လ ၂၀ ရက္ေန႔ က အမွတ္ ၅ ရပ္ကြက္မွ တစ္ဦး၊ ေအာက္တိုဘာလ ၁၄ ရက္ေန႔က အမွတ္ ၈ ရပ္ကြက္မွ တစ္ဦး ႏွင့္ စက္တင္ဘာ ၂၃ ရက္ေန႔က ပုသိမ္တဘက္ကမ္း အမွတ္ ၁ဝ ရပ္ကြက္မွ တစ္ဦး ပစ္သတ္ခံ ခဲ့ရသည္။