|
သတင်းနှင့် မီဒီယာ
ကွန်ယက် (Network Media Group)
သတင်းနှင့် မီဒီယာ ကွန်ယက် (Network Media Group) ကို ပြည်ပရောက်
မြန်မာလူငယ်များက ၂၀၀၁ ခုနှစ်တွင် စတင် တည်ထောင်သည်။ သတင်းနှင့် မီဒီယာ
ကွန်ယက်သည် လွတ်လပ်သော မီဒီယာ အေဂျင်စီဖြစ်ပြီး သတင်းနှင့် အခြား မီဒီယာ
ထုတ်လုပ် မှုများကို လုပ်ဆောင်သည်၊
ပရိသတ်
သတင်းနှင့် မီဒီယာ ကွန်ယက်သည်
မြန်မာပြည်တွင်းရှိ ပြည်သူများနှင့် ပြည်ပရောက် မြန်မာနိုင်ငံမှ
တိုင်းရင်းသားပြည်သူများကို အဓိက အလုပ်အကျွှေးပြုရန် ဆုံးဖြတ်ထားသည်။
နေ့စဉ်သတင်းထုတ်လုပ်မှု
သတင်းနှင့် မီဒီယာ ကွန်ယက်သည် မြန်မာပြည်နှင့် မြန်မာများနှင့် သက်ဆိုင်သော
အထွေထွေ သတင်း များကို ဦးစားပေးရေး သားသည်၊ အထူးသဖြင့် ပင်မမီဒီယာများတွင်
ပါဝင်လေ့မရှိသော သတင်းများကို ဦးစားပေး ဖော်ထုတ် ရေးသားသည်။ နယ်စပ်ဒေသသတင်းများ၊
ရွှေ့ပြောင်းအလုပ်သမားများနှင့် သက် ဆိုင်သော သတင်းများ၊ ပြည်တွင်း သတင်းများ၊
ကို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသဖြင့် ကဏ္ဍမရွေး
ရေးသားထုတ်ပြန်သည်။ ကိုယ်ပိုင်သတင်းရင်းမြစ်နှင့် ကိုယ်ပိုင်အစပျိုး
သတင်းများကို တတ်နိုင်သမျှ ထုတ်လုပ်နိုင်ရန် ကြိုးပမ်း အားထုတ်သည်။ နေ့စဉ်
သတင်းများကို မြန်မာ ဘာသာဖြင့် ထုတ်ဝေဖြန့်ချီသော သတင်းမီဒီယာများနှင့်
အင်တာနက် ၀က်ဘ်ဆိုက်မှ တဆင့် ဖြန့်ဝေသည်။
အခြားမီဒီယာ ထုတ်လုပ်မှုများ
သတင်းနှင့် မီဒီယာ ကွန်ယက်သည် သတင်းအပြင် အခြားမီဒီယာ ထုတ်လုပ်မှုများကိုလည်း
ကန်ထ ရိုက်စာချုပ်ဖြင့် လုပ်ဆောင် သည်။
လောလောဆယ်အားဖြင့် လွတ်လပ်သော အာရှအသံ (ရေဒီယိုဖရီးအေးရှား-အာရ်အက်ဖ်အေ)မှ ထုတ်
လွှင့်သော အပတ်စဉ် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ အစီအစဉ်ကို ထုတ်လုပ်သည်။
နိုင်ငံတကာ ရွှေ့ပြောင်းမှုဆိုင်ရာ အဖွဲ့ (အိုင်အိုအမ်)ဧ။် အစီအစဉ်ဖြင့်
ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာ ပြည်မှ ရွှေ့ပြောင်းအလုပ် သမား များအတွက်
ဘေးအန္တရယ်ဆိုင်ရာ ပညာပေး ရေဒီယို ဇာတ်လမ်းတွဲ များ ထုတ်လုပ် လျက်ရှိသည်။ |