|
မုန်တိုင်းကြားက အမေအို
သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၁၇ ရက်။ ၂၀၀၉ ခုနှစ်။
ကျုံပျော်မြို့နယ်က
ဒေါ်ဖွားမေဟာအသက်ကြီးလာမှ ဇာတိမြေနဲ့ခွဲခွာပြီး ထိုင်းနိုင်ငံချင်းမိုင်မြို့
မှာ ရွှေ့ပြောင်းအ လုပ်သမားအဖြစ် အလုပ်လုပ်နေတဲ့ သမီးငယ်ဆီကိုရောက်နေပါတယ်။
“အရင်တုန်းက ပိုက်ဆံတစ်ကျပ်ဆိုရင် အများကြီးဝယ်စားလို့ရတယ်။ အခုခေတ်ကျတော့
အနည်းဆုံး ငါးရာပဲလေ။ ငါးရာရှိမှ ဟင်းချက်စရာတွေဘာတွေရမယ်။
နောက်ဆုံးတစ်ထောင်လောက်မှ ဟင်းတစ် ခွက်စာရတယ်။
”
လို့
ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရောက်နေတဲ့ ဒေါ်ဖွားမေက ပြောပါတယ်။
အဲတာကတော့
မွန်ပြည်နယ်၊ ကျုံပျော်မြို့နယ်အတွင်းက ကျုံဝကျေးရွာမှာနေထိုင်တဲ့ အသက် ၆၃
နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ဖွားမေကနေ ပြောပြသွားတာပါ။
သူမဟာ
အဲဒီကျေးရွာလေးမှာပဲ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါတယ်။ သူမမှာ သားသမီး ၆ ယောက်
ရှိပေမယ့် အခုအ ချိန်မှာတော့ သူမတစ်ယောက်ထဲ အိမ်မှာကျန်နေခဲ့ပြီး
သားသမီးတွေကတော့ ဇာတိကျေးရွာနဲ့ ခွဲခွာလို့တနယ် တ ကျေးမှာ အလုပ်သွားလုပ်
နေကြပါတယ်။
သူမဟာ အင်ဖက်မိုး၊ အင်ဖက်ကာထားပြီး ထရံခင်းထားတဲ့ သူမရဲ့
အိမ်လေးနဲ့
နှစ်(၂၀)အတွင်းမှာ
ပြောင်းလဲ သွားတဲ့ အဲဒီအိမ်လေးရဲ့ ပတ်ဝန်းကျင်
အခြေအနေကို ပြန်ပြောင်းသတိရရင်း အခုလိုပြောပြခဲ့ပါတယ်။
“အရင်ကတော့
အဲဒီရွာမှာ အမိုးတို့လိုအိမ်မျိုးတွေချည်းပါပဲ ဖိုးခွားရယ်။ အခုတော့ သူတို့က
စီးပွားရေး ကောင်းပြီး အဆင်ပြေနေကြတာပေါ့။”
သူမဟာ
အသက်ကြီးလာတာနဲ့အမျှ အလုပ်ကိုကောင်းစွာမလုပ်နိုင်တော့တဲ့အတွက် အဝေးက
သားသမီးတွေပို့ လာတဲ့ ငွေလေးနဲ့ သူ့ဘ၀ကို အဆင်ပြေအောင်ရပ်တည်နေခဲ့ရပါတယ်။
အရင်ကတော့
သူတို့မှာလယ်တွေတောင်ယာတွေနဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း
လုပ်ကိုင်စားသောက်ခဲ့ကြပေ မယ့် အခုတော့ သူ့သားသမီးတွေဟာ တယောက်တနေရာသွားပြီး
ဝမ်းစာရေးအတွက် ရှာဖွေလုပ်ကိုင်စား သောက်နေကြတယ်လို့ အခုလိုပြောပြခဲ့ပါတယ်။
“အခုက
လယ်လုပ်မယ့် ကလေးတွေမရှိတော့ဘူး။ အကုန်လုံးထိုင်းထဲမှာ ရောက်ကုန်ပြီ။ အဲဒီအခါကျ
တော့ လယ်တွေက ကိုင်းတောတွေဖြစ်နေပြီ။”
သူမအသက် ၆၀
ကျော်လာခဲ့ပေမယ့် ယနေ့အချိန်ထိ မဲပေးခဲ့ဘူးခြင်း မရှိသေးပါဘူး။
ဘာကြောင့်လည်းဆိုတော့ သူ့အသက် ၁၆ နှစ်မှာကတည်းက အစိုးရတပ်က စစ်သား
တစ်ယောက်နဲ့အိမ်ထောင်ကျပြီး သူ့ယောကျာ်း နောက်ကိုလိုက်နေခဲ့ရပါတယ်။ သူ့ယောကျာ်း
တိုက်ပွဲတစ်ခုမှာ ကျသွားပြီးတဲ့နောက်မှာတော့ သူ့ဇာတိရွာမှာပြန် လာနေခဲ့ပါတယ်။
အဲဒီအချိန်က သူတို့ဒေသတွေမှာ တော်လှန်ရေးသမားတွေ ခြေရှုပ်နေတဲ့အချိန်လည်း
ဖြစ်ပါတယ်။ သူ့ဘ၀ရပ် တည်နိုင်ရေးအတွက် သူဟာအားကိုးအားထားပြုနိုင်မယ့်
သူတစ်ယောက်နဲ့ ဒုတိယအိမ်ထောင်ကို ထူထောင်ခဲ့ပါ တယ်။ အဲဒီလူဟာဆိုရင် ကရင့်
တော်လှန်ရေးတပ်က ရဲဘော်တစ်ဦးဖြစ်ပါတယ်။
၁၉၈၈
ခုနှစ် ဆန္ဒပြပွဲတွေအပြီး ၁၉၉၀ ခုနှစ်မှာ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပ
ပေးခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် စစ်အစိုးရက အာ ဏာလွဲပြောင်းပေးခဲ့ခြင်း
မရှိခဲ့ပါဘူး။
၁၉၉၀
ခုနှစ် ရွေးကောက်ပွဲတွေတုန်းကလည်း သူမဟာမဲထည့်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။
ဘာကြောင့်လည်း ဆိုတော့ သူမယောကျာ်းနဲ့အတူ တော်လှန်ရေးတပ်ထဲမှာ ရှိနေခဲ့တဲ့အတွက်
ကြောင့် ဖြစ်ပါတယ်။
အဲဒီအချိန်
သူမရဲ့သားသမီးတွေကတော့ ကရင်ပြည်နယ်ရဲ့တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသ တွေမှာ
ရှောင်ပြေး ပုန်းအောင်းနေကြရတဲ့အချိန်လည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့
၆ နှစ်လောက်က သူ့ရဲ့ဒုတိယအိမ်ထောင်ဟာလည်း တိုက်ပွဲမှာကျဆုံးခဲ့ပြီးတဲ့
နောက်မှာတော့ “သူမ” ခင်တွယ်တဲ့ ဇာတိမြေကို နောက်တခေါက် ပြန်ရောက်လာခဲ့ပါတယ်။
၂၀၀၈
ခုနှစ် မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး
လူတစ်သိန်းကျော်သေဆုံးခဲ့တဲ့ အချိန်တုန်းက ကျေး ရွာလူကြီးတွေက မဲထည့်ရမယ်လို့
လာပြောခဲ့ဘူးပါတယ်။
အဲဒီတုန်းက
ဆန္ဒမဲပေးရမယ်ဆိုတာကိုသာ သိခဲ့ရပြီး ဘယ်လိုပုံစံမျိုးနဲ့ မဲပေးရမယ် ဆိုတာကိုတော့
သူမအနေနဲ့ နားမလည်ခဲ့ဘူးလို့လဲ ပြောခဲ့ပါတယ်။ အဲဒီအချိန် တုန်းကလည်း သူမဟာ
မဲမထည့်ခဲ့ဘူးလို့ အခုလိုပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ဆိုရင်တော့ မဲသွားထည့်ကြမှာပေါ့။ အခုက
သူတို့(စစ်အစိုးရတပ်) အ တွက် မဲထည့်ရမယ်ဆိုတော့ ဘယ်သူမှမသွားချင်ကြဘူးလေ။
ရွာကလူကြီးတွေပဲ အားလုံးအတွက်သွား ထည့်လိုက်ကြတယ်။”
လာမယ့်
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် မြန်မာစစ်အစိုးရအနေနဲ့ ကြိုတင်
ပြင်ဆင်မှုတွေကို ပြုလုပ် လျှက်ရှိတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
အခုအချိန်မှာ စစ်အစိုးရရဲ့ အရပ်ဖက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ ဌာနဆိုင်ရာ
အကြီးအကဲတွေကို ၂၀၁၀ ရွေးကောက် ပွဲမှာ ၀င်ရောက်အရွေးခံဖို့အတွက်
မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ခိုင်း နေတယ်လို့လည်း သတင်းတွေထွက် ပေါ်နေပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်လို့ စစ်အစိုးရက ဘာတစ်ခုမှထုတ်ပြန်ထားတာ မ
တွေ့ရသေးပါဘူး။
နိုင်ငံတကာဖိအားတွေများသထက်များလာပြီး စီမံခန့်ခွဲမှုတွေ ကမောက်ကမဖြစ်ခဲ့တယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်အစိုးရက ရွေးကောက်ပွဲအပါအ၀င် နိုင်ငံရေးလမ်းပြမြေပုံ
၇ ချက် ကို ထုတ်ပြန်ကျေညာခဲ့ရတယ်။ အဲဒီမှာ စစ်တပ်က
ထိန်းချုပ်မှုဆက်လက်လုပ်ထားနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာနဲ့
အတည်ပြုခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ် မယ်လို့ကျေညာထားခဲ့တယ်။
ဒါပေမယ့်
အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင်မှ
အနိုင်ရတဲ့ နိုင်ငံရေး ပါတီဟာ အစိုးရဖွဲ့ခွင့်နဲ့
နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်နိုင်ခွင့်တော့ သိပ်အလားအလာမရှိလှပါဘူး။
စစ်အစိုးရဟာ လာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဆောင်သွားမယ်လို့
မြန်မာ့နိုင်ငံရေး အကဲ ခတ်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက
ခန့်မှန်းနေကြတဲ့အချိန်မှာ ကျုံဝရွာကဒေါ်ဖွားမေကတော့ ရွေး
ကောက်ပွဲရဲ့အဓိပ္ပါယ်ကို ကောင်းစွာမသိပေမယ့် သူမရဲ့ ရင်တွင်းခံစားချက်လေးကိုတော့
အခုလိုပြောပြခဲ့ပါတယ်။
“အမိုးတို့နှစ်တွေ အများကြီး ခံစားခဲ့ရတယ်။ ဒီတစ်ခါနိုင်လို့ရော
ကိုယ်လိုချင်တာရမှာလား။ အဲဒီတော့ နိုင်ချင်နိုင်၊ ရှုံးချင်ရူံး
ကိုယ်လိုချင်တာရရင်တော်ပြီ။”
အခုအချိန်မှာတော့ သူမဟာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတစ်ခုမှာ စစ်ပြေး
ဒုက္ခသည်အဖြစ်နဲ့ လာ ရောက်နေထိုင်ရာကနေ ချင်းမိုင်က အငယ်ဆုံးသမီးဆီမှာ အလည်
ရောက်နေတာပါ။
သူမအနေနဲ့
သူ့ဘ၀ကို အေးဆေးငြိမ်းချမ်းစွာနဲ့ အဆုံးသတ်ချင်တယ်လို့ပြောခဲ့ပါတယ်။ ဒါကြောင့်
အကယ်၍များ တိုင်းပြည်ငြိမ်းချမ်းလာလို့ရှိရင် သူ့ဇာတိမြေကိုပဲ အမြန်ဆုံး
ပြန်ချင်တယ်လို့ပြောခဲ့ပါတယ်။
|