|
အန္တာရယ်ကို အံတုသူများ
သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ ။
မတ်လ ၂၃ ရက်။ ၂၀၁၀ ခုနှစ်။
နိုင်ငံတကာ၊
ခရီးသွားဧည့်သည်များနှင့်
စည်ကားနေသည့် ထိုင်းနိုင်ငံက၊
ချင်းမိုင်မြို့၏ ညဈေး (Night
Bazaar)တွင်
တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား
အများစုက နာမည်ကြီး ကုန်အမှတ်တံဆိပ်
ပစ္စည်းအတုများကို အန္တာရယ်များကြားမှ
စွန့်စားကာ ရောင်းချနေကြသည်။

ရောင်းချနေသည့်ပစ္စည်းတံဆိပ်များက
အတု (ကော်ပီ) ဖြစ်သလို၊ ဈေးရောင်းနေသူ
မြန်မာများက တရားမ၀င်ဖြစ်
နေသည့်အတွက်
၎င်းတို့က ‘ပစ္စည်းကော်ပီ၊
လူကော်ပီ’
ဟု
သူတို့ကိုယ်သူတို့ ဟာသနောကာ
ခေါ်ဝေါ် ပြောဆို
လေ့ရှိကြသည်။
လွန်ခဲ့သည့်နှစ်ဆန်းပိုင်းမှစတင်ကာ
အဖမ်းအဆီးများ ဆက်တိုက်များလာရာ
မြန်မာများ ထိုင်းရဲများ၏
ရှောင်တ
ခင် ၀င်ရောက်ဖမ်းဆီးမှုလည်း
အကြိမ်အရေအတွက် ပိုမို များပြားလာကြောင်း
ညဈေးတွင် နာမည်ကြီးအမှတ်
တံဆိပ်
နာရီများဖြစ်သည့် အိုမီကာ၊
ရိုလက်စ် တို့ကို ရောင်းချပေးနေသည့်
ကချင်တိုင်းရင်းသား ကိုဂမ်မော်က
နိုင်ငံတကာ မြန်မာသတင်း (BNI)
ကို ယခုလို ပြောသည်။
“ရောက်စကတည်းက
copy
ပစ္စည်းရောင်းနေတာလေ၊ စရောင်းရောင်းခြင်းတုန်းကဆိုရင်
လူကလည်း
တရားမဝင်၊ ပစ္စည်းကလည်း
copy ဆိုတော့
ကိုယ့်လိပ်ပြာ ကိုယ်မလုံဘူးဗျ။
အလိုလိုနေရင်းကို ကြောက်နေတာလေ”
ဟု
သုံးနှစ်ကြာ သူ၏ ဈေးရောင်း
အတွေ့အကြုံတချို့ကို ပြန်လည်ပြောပြနေသည်။

နာမည်ကြီး
အမှတ်တံဆိပ်
လက်ကိုင်အိတ်များဖြစ်သည့်
Gucci၊
D&G၊
Louis၊
တီရှပ်များ၊
Nike၊
ပူးမား၊ မျက်မှန်၊ အားကစားရှူးဖိနပ်များအပြင်
ခါးပတ်မျိုးစုံများသည် အတုနှင့်
အစစ် ခွဲခြားရခက်သည့်အပြင်
ဈေးနှုန်းချိုသာသည့်
အတွက်
နိုင်ငံခြားသား ဧည့်သည်များ
အကြိုက်တွေ့နေကြသည်။
“အတုမှန်းတော့
သူတို့သိတယ်။ ပစ္စည်းအစစ်ဈေးနဲ့က
တအားကွာတယ်လေ။ ပြီးတော့ ပစ္စည်းအစစ်
တွေလို
အသားတံဆိပ်တွေက ပါနေတော့
နိုင်ငံခြားသားတွေက ၀ယ်ကြတယ်။
အလုအယက်ကို ၀ယ်
ကြတာ”
ဟု
ညဈေး
တွင်
ယခင်က ဈေးရောင်းခဲ့ဘူးသူ
မြန်မာအမျိုးသမီးတဦးက ဆိုသည်။
ထိုင်းရဲများက
ကော်ပီပစ္စည်းဖြစ်စေ၊ တရားမ၀င်
မြန်မာအလုပ်သမားများကို လာရောက်ဖမ်းဆီးခြင်းမပြုမီ
တည
ကြိုတင် အရပ်ဝတ်ဖြင့် ဈေးဆိုင်များကို
လိုက်လံကြည့်ရှုပြီး၊ နောက်တကြိမ်တွင်မူ
အင်အားသုံးကာ အလုံးအရင်း
ဖြင့်
ဝင်ရောက် ဖမ်းဆီးလေ့ရှိသည်။
“ထိုင်းအမျိုးသား
အသက်ကြီးကြီးပေါ့ဗျာ၊ အသက်
သုံးဆယ်ကျော် လေးဆယ်လောက်ရှိတဲ့
လူတွေ ဈေးလာဝယ်ရင် လုံးဝကို
မရောင်းရဲတာဗျ။ ရဲများလားဆိုပြီး
ကြောက်နေတာဗျ”
ဟု
ကိုဂမ်မော်က
ကျီး
လန့်စာစားနေရသည့် ဘ၀ကို
ဖော်ညွှန်းကာ ပြောဆိုသည်။
ထိုင်းအာဏာပိုင်များ
ဝင်ရောက်ဖမ်းဆီးသည့် ညများတွင်
ဈေးရောင်းအားလည်း အခြားညများနှင့်
နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းလေ့ရှိသည်ဟု
မြန်မာအလုပ်သမားများက ညည်းတွားကာ
ဆိုသည်။

ယခုလို
ထိုင်းအာဏာပိုင်များ
ဝင်ရောက်ဖမ်းဆီးမှုများသည်
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့်
နာမည်ကြီး အ
မှတ်တံဆိပ် ကုမဏ္ဍီကြီးတချို့က
၎င်းတို့ကုန်ပစ္စည်းများ အတုလုပ်
ရောင်းချနေသည်ကို တွေ့ရှိသည့်အခါ
သက်
ဆိုင်ရာ
အာဏာပိုင်များမှ
တဆင့်ဖိအားပေးခြင်းကြောင့်
ဖြစ်သည်ဟု ထိုင်းအလုပ်ရှင်တချို့က
ဆိုသည်။
ရောင်းချသည့်ပစ္စည်းများတွင်
ကော်ပီပစ္စည်းများအပြင် လက်မှုပစ္စည်းများဖြစ်သည့်
ချည်ရောင်စုံဖြင့် ပြုလုပ်ထား
သည့်
လျှပ်စစ်မီးလုံးများ၊ ဆပ်ပြာခဲဖြင့်
ပန်းဖော်ထားသည့် ပုံဆောင်ခဲများ
အပြင် ရေဆေး၊ ဆီဆေး ပန်းချီကား
ချပ်များလည်း
တွေ့ရသည်။
သို့သော်
ကော်ပီပစ္စည်းအရောင်းဆိုင်များ၏
ရောင်းအား၊ လုပ်အားခတို့နှင့်
နိုင်းယှဉ်ပါက လုံးဝကွာခြားမှုရှိကြောင်း
လက်မှုအရောင်းဆိုင်တွင် ဈေးရောင်း
အတွေ့အကြုံရှိသူ
ကိုအားဆီက
BNI
ကို
ယခုလို ပြောသည်။
“ရိုးရိုးပစ္စည်းရောင်းတုန်းကဆိုရင်
ရတဲ့ လစာက ၃၅၀၀ ဘတ် ကိုယ့်စရိတ်ကိုယ်စားပေါ့နော်။
နေစရာ
လည်း
ကိုယ့်ဟာကိုယ်ရှင်းလေ။
ဘာမှကိုမကျန်တဲ့အပြင် အကြွေးတောင်တင်သေး။
နောက်ဆုံးတော့
လည်းကြောက်ကြောက်နဲ့
ဒီကော်ပီ ရောင်းတဲ့ဘက်ကို
ကူးလာတာပဲလေ”
ဟု
ပြောသည်။
ယခုအခါတွင် တလတွင်
ထိုင်းဘတ်ငွေ ၅၀၀၀ ရရှိနေသည့်အပြင်၊
ကော်မရှင်စားအနေဖြင့် ရောင်းရသည့်
ပစ္စည်းတန်ဘိုး၏
ဘတ်ငွေ ၁၀၀ တွင် ၁ ဘတ်ကိုရရှိကြောင်း၊
အရောင်းအ၀ယ်ကောင်းပါက အလုပ်ရှင်က
မုန့်ဖိုး
ပေးခြင်း၊ လကုန်ပါက
လစာအပြင်၊ ဘောက်ဆူးငွေပေးလေ့ရှိကြောင်း၊
သို့သော် နားရက်မရှိသည့်အတွက်
ပင်ပန်း
ကြောင်း ကိုအားဆီက
ဆိုသည်။
လစာနည်းသော်လည်း
ထိုင်းရဲများ ဖမ်းဆီးခြင်းမှကင်းဝေးလိုသည့်အတွက်
လက်မှုပစ္စည်းတမျိုးဖြစ်သည့်
ရောင်စုံ
လျှပ်စစ်မီးလုံးဆိုင်ကို
ရွေးချယ် အလုပ်လုပ်သူ ကရင်အမျိုးသမီး
နော်ဟဲနာကမူ ယခုလို မှတ်ချက်ပေး
ပြောဆို
သည်။
"အစ်မ
ကတော့လေပိုက်ဆံဘယ်လောက်ရရ၊ဒီ
copy
ပစ္စည်းရောင်းတာကိုမလုပ်ဘူးသိလား၊
ကြောက်
တယ်လေ။
လူလာဖမ်းလည်းပြေးရ၊
ဟော ပစ္စည်းဖမ်းတော့လည်း ပြေးရဆိုတော့လေ၊
လစာနည်းပေ
မယ့် အေးအေးလူ
လူရောင်းရတဲ့
ဒီလက်မှုပစ္စည်းလေးပဲ ရောင်းတယ်
သိလား”
ဟု
ပြောသည်။
ညဈေးတွင်
အလုပ်လုပ်ကိုင်နေကြသည့်
မြန်မာအလုပ်သမားအများစုမှာ
အလုပ်သမားမှတ်ပုံတင်
ကိုင်ဆောင်သူ
များရှိပြီး၊
တရားဝင်နေထိုင်ခွင့် ကဒ်ပြား
ကိုင်ဆောင်သူ လူနည်းစုသာရှိသည်။
ထိုင်းအာဏာပိုင်များက
အလုပ်သမားမှတ်ပုံတင်ကိုင်ဆောင်သူများကို
ထိုညဈေးတွင် ဈေးရောင်းခွင့်
တားမြစ်
ပိတ်ပင်ထားသည်။
ထိုင်းလူမျိုးများ
ဝင်ရောက်လုပ်ကိုင်သူ နည်းပါးသည့်
ကော်ပီပစ္စည်းအရောင်းဆိုင်များတွင်
အခြေခံ အင်္ဂလိပ်စ
ကားပြောဆိုနိုင်သည့်
မြန်မာအလုပ်သမားများကို ရွေးချယ်ခန့်ထားကြောင်း
ထိုင်းသူဋ္ဌေး၊ အမျိုးသမီးတဦးဖြစ်သူ
ဖိဆိုဖာက ယခုလို ပြောသည်။
“အလုပ်သမားအားလုံး
မြန်မာပြည်သားတွေပဲလေ။ သူတို့နဲ့အလုပ်လုပ်ရတာ အဆင်ပြေတယ်။ ဒါပေ
မယ့်
ရဲတွေလာပြီဆိုရင်တော့
ကြိုရှောင်ခိုင်းလိုက်တယ်လေ။
တကယ်တော့ အားလုံးက နားလည်မှုတွေ
နဲ့
အလုပ် လုပ်နေကြ
တာပေါ့နော်”
ဟု
ပြောသည်။
ထို့အပြင်၊ ထိုင်းနိုင်ငံ၏
မူပိုင်ခွင့် ဥပဒေအရ တရားမ၀င်
ကော်ပီပစ္စည်းများ စီးပွားဖြစ်၊
ထုတ်လုပ်ရောင်းချခြင်း
များကို
တွေ့ရှိပါက ထောင်ဒဏ် ၃ လမှ
၂
နှစ်အထိသော်၎င်း၊ ဒဏ်ငွေအဖြစ်
၅
သောင်းမှ ၄ သိန်းအထိ ပေးဆောင်ရမည်ဖြစ်သည့်အပြင်
ထောင်ဒဏ်နှင့် ငွေဒဏ် ၂ မျိုးလုံးပါ
ကျခံနိုင်သည်။
တရားမ၀င်ကော်ပီပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမားကို
သက်ဆိုင်ရာ ၎င်းတို့ ထိုင်းအလုပ်
ရှင်များက
ငွေဒဏ်ပေးဆောင်ခြင်းဖြင့်
အာဏာပိုင်များထံက ပြန်လည်ရွေးယူသူများရှိသလို၊
အချို့ကမူ တာဝန်
ယူဖြေရှင်းပေးခြင်း
မရှိပေ။
“ကျွန်တော်
ဖမ်းခံရတုန်းကဆိုရင် သူဋ္ဌေးလာမရွေးတော့
ထောင် ၃ လကျတယ်လေ။ ရဲစခန်းကို
ရောက်တာနဲ့
သူဋ္ဌေးကိုဖုန်းဆက်တာ မရဘူးလေ။
နောက်တော့လည်းထောင်ထဲ မှာ
၃
လနေလိုက်ရ
တယ်”
ဟု
၂ ကြိမ်တိတိ
ထိုင်းရဲများ ဖမ်းဆီးခြင်းဘေးမှ
လွှတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင်
ဖမ်းဆီးခံ
လိုက်ရသည့် ကိုသီဟက
သူ၏အတွေ့အကြုံကို ပြန်လည်ပြောပြသည်။
ထိုင်းအလုပ်ရှင်တဦးကမူ
ထောင်ကျနေသည့် အလုပ်သမားကိုပြန်လည်ရွေးယူရာတွင်
အလုပ်သမားအပေါ်များစွာ မူတည်ကြောင်း
ယခုလို မှတ်ချက်ပေး ပြောဆိုလိုက်သည်။

“အလုပ်သမားတွေ
အပေါ်မှာအများကြီးမူတည်တယ်။ဘာလို့လဲဆိုတော့
ကိုယ့်အလုပ်သမားက ကိုယ့်
အလုပ်ကို
ကောင်းကောင်းလုပ်ပေးတယ်၊
အလုပ်ချိန်လေးစားတယ်၊ ရိုးသားပြီး
ကြိုးကြိုးစားစား
လုပ်
ရင်တော့
ဘယ်သူဋ္ဌေးကမှ ပစ်ထားမှာမဟုတ်ပါဘူးဗျာ”
ဟု
ပြောသည်။
သို့သော်
ထိုင်းအလုပ်ရှင်
ဖိဆိုဖာက “အစ်မ
အနေနဲ့ကတော့လေ
ထိုင်းအလုပ်သမားပဲဖြစ်ဖြစ်၊
မြန်မာအ
လုပ်သမားပဲဖြစ်ဖြစ်၊
အပြန်အလှန် အကျိုးရှိအောင်
သူကြိုးစား ကိုယ်ကြိုးစားဆိုရင်
အားလုံးကို တန်း
တူအခွင့်အရေးပေးမှာပါ”
ဟု
ဂရုဏာထား ပြောဆိုသည်။
ညဈေးရှိ
တရားမ၀င်
ကော်ပီပစ္စည်းအရောင်းဆိုင်များတွင်
အလုပ်လုပ်ကိုင်နေကြသူ မြန်မာရွှေ့ပြောင်း
အလုပ်သမားများ
အာဏာပိုင်များ၏ ဖမ်းဆီး၊
ထောင်ချခြင်းမှ ကင်းဝေးရန်
ဥပဒေဘောင်အတွင်း ကူညီဆောင်
ရွက်ပေးရေးအတွက်
ခက်ခဲကြောင်း ထိုင်း-မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများကို
ကူညီပေးနေသည့် လူ့အခွင့်
အရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း
(HRDF)
က
ကိုစိန်ဋ္ဌေးက ယခုလို ပြောသည်။
“ဥပဒေဘောင်ထဲ
ကနေ အလုပ်လုပ်တယ်ဆိုရင်တော့
ကူညီနိုင်တာပေါ့။ ဥပမာဗျာ
အလုပ်လုပ်ပြီး လုပ်အားခ မရတာတို့၊
လုပ်အားခကို ခေါင်းပုံဖြတ်ခံရတာတို့
ဆိုရင်တော့ ကူညီပေးလို့ရတယ်လေ။
အ
ခုလို ဈေးရောင်းတာတောင်မှချမှတ်ထားတဲ့
ဥပဒေဘောင်ကို
ချိုးဖောက်ရုံသာမက ဒီလို
copy
ပစ္စည်း
တွေ ရောင်းနေတော့
ကျွန်တော်တို့အနေနဲ့ ကလည်း
ကူညီရတာခက်တယ်ဗျ”
ဟု
ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာမူ
ရွေးချယ်ရန် လမ်းမရှိသည့်အတွက်
တရားမ၀င် ကော်ပီပစ္စည်းများကို
ရောင်းချနေရကြောင်း ယခုလို
ထုတ်ဖော်ပြောဆိုကြသည်။
“အလုပ်မရှိတော့
စိတ်နာနာနဲ့ပဲ ဒီအလုပ်ကိုဆက်လုပ်နေရတာပေါ့ဗျာ။
ရွေးချယ်ပိုင်ခွင့်ဆိုတာ ကျွန်
တော်တို့လို
အလုပ်သမားတွေမှာ မရှိဘူးလေဗျာ”
ဟု
ဒီဗီဒီ ကော်ပီခွေများ ရောင်းချသည့်
ကိုသီဟက သူ၏ ခံစားချက်ကို
ထုတ်ဖော် ပြောဆို လိုက်သည်။
ကိုဂမ်မော်ကလည်း
“မြန်မာပြည်ကနေ
ထွက်လာကတည်းက
အဆင်မပြေမှုတွေနဲ့ ဆိုတော့
အလုပ်လက်
မဲ့ ဖြစ်သွားရင်
အိမ်ကိုပို့ဖို့ ခက်ခဲမှာကလည်းကြောက်၊
နေစရိတ်၊ စားစရိတ်ကလည်း ဈေးကြီးဆိုတော့
ဗျာ
မလုပ်ချင်လည်း လုပ်နေရတယ်”
ဟု
အဝေးကို ငေးမောကာ မိသားစုအတွက်
စိုးရိမ်စိတ်အပြည့်ဖြင့်
ဆိုသည်။
မြန်မာနိုင်ငံတွင်
စီးပွားရေးအဆင်မပြေမှုများ၊
ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြှင့်တက်
လာနေမှုများနှင့် အလုပ်
အကိုင်ရှားပါးမှုများက
လူငယ်အများစုကို အိမ်နီးချင်း
နိုင်ငံများဖြစ်သည့် ထိုင်း၊
မလေးရှား၊ စင်ကာပူ စသည့် ပြည်ပနိုင်ငံများတွင်
သွားရောက် အလုပ်လုပ်ကိုင်ရန်
တွန်းပို့နေသဖွယ်ရှိသည်။
ထိုင်းနိုင်ငံတွင်
နေထိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်မှာ
၂
သန်းကျော်ရှိမည်ဟု ခန့်မှန်းထား
ပြီး၊
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ
စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသူ
အရေအတွက်မှာမူ စုစုပေါင်း
၁
သိန်းခန့်ရှိမည်ဟု ရွှေ့ပြောင်းအလုပ်သမား
ကူညီရေး အဖွဲ့စည်းတချို့က
ခန့်မှန်း ပြောဆိုနေကြသည်။
ထိုင်းအစိုးရက
၎င်းတို့နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများကို
တရားဝင်မှတ်ပုံတင်ပြုလုပ်ရန်
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းအထိ
သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင်
အကြောင်းအမျိုးမျိုးကြောင့်
မတ်လ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းထားသည်။
တရားဝင်အလုပ်သမားမှတ်ပုံတင်
ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား
ပျမ်းမျှ အရေအတွက် ၁ သန်းကျော်ရှိသော်လည်း
နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးသူ
စုစုပေါင်း ၆ သောင်းခန့်ရှိသည်ဟု
ခန့်မှန်းထားသည်။
တရားဝင်မှတ်ပုံတင်နိုင်ရေးတွင်
ငွေကြေးလိုအပ်မှုကလည်း မြန်မာရွှေ့ပြောင်း
အလုပ်သမားများ၏ အခက်အခဲ
များထဲက
တခုပင်ဖြစ်နေသည်။
တဖက်တွင်
နိုင်ငံကူးလက်မှတ်များ
ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများအနေဖြင့်
ထိုင်းနိုင်ငံအတွင်း ခရီး
သွားလာရေးအတွက်
လွယ်ကူသော်လည်းလုပ်ငန်းခွင်
ပြောင်းရွှေ့ခွင့်မရှိသည့်အတွက်
အလုပ်သမားများ အခက်
အခဲဖြစ်ကြရကြောင်း
ဦးစိန်ဋ္ဌေးက ဆိုသည်။
မည်သို့ပင် ဆိုစေကာမူ
ချင်းမိုင်ညဈေးက မြန်မာအလုပ်သမားများ၏
ဘ၀လုံခြုံရေးသည် မိမိကိုယ်ကို
တာဝန်ယူ
ရမည့် အနေအထားတွင်
ရှိနေပြီး၊ အလုပ်ရှင်နှင့်
အလုပ်သမားအကြား အပြန်အလှန်
နားလည်မှု၊ ယုံကြည်မှု
များဖြင့်
တည်ဆောက်မှသာ မိမိလုံခြုံရေးအတွက်
အာမခံပေးနိုင်မည် ဖြစ်သည်။
သို့သော်
ယနေ့ထိတိုင်
ထိုင်းရဲများက တရားမ၀င် ကော်ပီပစ္စည်းများ
လာရောက်ဖမ်းဆီးမည်ဆိုပါက
စည်ကားနေ
သည့် ချင်းမိုင်ညဈေးရှုခင်းသည်
ရုတ်တရက် ကျားက သားကောင်လေးများကို
လိုက်လံဖမ်းဆီးနေသကဲ့သို့ပင်
မြန်မာအလုပ်သမားများ တရုန်းရုန်းဖြင့်
ထွက်ပြေးရပြန်သည်။
|