|
လေဆန်ငှက်
စောရန်နိုင်(အဲန်အမ်ဂျီ)
မတ်လ ၂၈
ရက်၊ ၂၀၀၇ ခုနှစ်။
မီဒီယာအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဖို့ရောက်လာကြတဲ့
သူငယ်ချင်းတစုနဲ့အတူ
ချင်းမိုင်မြို့ရဲ့လှပတဲ့
ရှုခင်းတွေကို
အမှတ်တရ ဓါတ်ပုံများရိုက်ကူးနေရင်း သူမနဲ့
မထင်မှတ်ပဲ တွေ့ဆုံမိတ်ဆက်စကား
ပြောခွင့် ရခဲ့ပါ
တယ်၊ သူ့နာမည်
က မခင်ခင် (နာမည်ရင်းမဟုတ်)။ မဲဆောက်မြို့ကလာတာပါ။
ချင်းမိုင်ကိုလည်း ဒီတခါ ပထမ
ဆုံး ရောက်ဖူးခြင်းတဲ့။
သူ့အကြောင်းကို
သေသေချာချာ မသိခင်ကတော့ သူလိုကိုယ်လိုပဲ သင်တန်းသား တဦးလို့
အောက်မေ့ခဲ့ပါ တယ်၊
ကျနော်တို့ရောက်နေတာက
အိပ်ခ်ျအိုင်ဗွီ။ အေအိုင်ဒီ အက်စ် နဲ့
ပတ်သက်တဲ့ သတင်းတွေ။ ဆောင်းပါး
တွေကို
သတင်းထောက်ကျင့်ဝတ် နဲ့အညီ
ဘယ်လိုရေးသားတင်ပြသင့်တယ် ဆိုတာ ဆွေးနွေးကြတဲ့
မီဒီယာ
အလုပ်ရုံ ဆွေးနွေးပွဲ၊
သင်တန်းထဲမှာ တယောက်ပြီးတယောက်
မိတ်ဆက်ကြတဲ့အခါ
သူမဟာ အိပ်အိုင်ဗွီပိုးနဲ့
နေထိုင်သူ တဦးဖြစ်ကြောင်း
ရဲရဲတင်းတင်း ပြောပြလိုက်တော့မှ သူ့အ
ကြောင်း ကို
ပိုပြီး
စိတ်ဝင်စားလာရတာပါ။
ဒီလိုနဲ့
သူနဲ့စကားပြောဖို့
အတွက်
ချဉ်းကပ်ကြည့်တော့
သူမက လှိုက်လှိုက်လှဲလှဲနဲ့
ဝမ်းပမ်းတသာ လက်ခံခဲ့
ပြီး မဲဆောက်မြို့ကနေ
ချင်းမိုင် ရောက်တဲ့အထိ လမ်းတလျှောက်
လုံး
ပူပန်ခဲ့ရတဲ့ သူ့ရဲ့စိတ်ခံစားမှုတွေကိုစပြီး
ပြောပြခဲ့ပါတယ်။
သူက
မနက်ဖြန် ချင်းမိုင် ရောက်လို့
အလုပ်ရုံဆွေးနွေးပွဲမှာ တခါမှ မတွေ့ဖူးသေးတဲ့
သတင်းထောက်တွေ။ မီဒီယာသမားတွေ။ သင်တန်းဆရာတွေနဲ့
ဆုံတွေ့ရင်
ဘယ်လို ရင်ဆိုင် စကားပြောရမလဲဆိုတာ တွေးမိရင်း ရင်တထိတ်ထိတ်နဲ့
ဖြစ်ခဲ့ရတာကို ဘယ်သူ တွေ သိနိုင်မှာလဲ တဲ့။
ဆွေးနွေးပွဲရောက်ရင် အဲဒီလူတွေက သူ့ကို
ဘယ်လိုမြင်ကြမှာလဲ။
ဘယ်လိုပြောကြမှာ
လဲ။ သူတို့တတွေနဲ့
ဘယ်လိုဆက်ဆံရမှာလဲ
စတဲ့ မေးခွန်းတွေ တယောက်တည်း စဉ်းစားပြီး
တလမ်းလုံးကို ပူပန်နေမိခဲ့တယ်၊ ရေရေ
ရာရာ အဖြေမရှိတဲ့
မေးခွန်းတွေက သူ့ကို
တကယ်ပဲ ရက်စက်နိုင်လွန်းပါတယ်၊ ဒါပေမယ့် ခိုင်မာတဲ့ ယုံကြည်
ချက်နဲ့
ချထားပြီးသား ဆုံးဖြတ်ချက်ကြောင့်
သူမအားတင်းနိုင်ခဲ့တယ်။
အသက် ၄၀
ကျော်ပြီဖြစ်တဲ့
ခင်ခင်ဟာ ဗမာအမျိုးသမီးတဦးပါ၊ မူရင်း ဇာတိကတော့ မြန်မာပြည် ဘီလူးကျွန်း
က ဖြစ်ပါတယ်။
သူ့ရဲ့ကိုယ်တွေ့အဖြစ်ပျက်တွေကို
သူကိုယ်တိုင် ပြန်ပြောပြမှ တခြားသူတွေ သူ့လို
မဖြစ်အောင် ကာကွယ်လို့
ရတော့မပေါ့၊ ပုံနှိပ်နဲ့ရေဒီယို
သတင်းထောက်တွေ။ စာရေး ဆရာတွေက သူ့အကြောင်းကို
ရေးကြမယ်။
ပြောကြ
မယ်ဆိုရင် လူအများကြီး
ဖတ်ရ၊
သိရ၊
ကြားရမယ်ဆိုတော့
သူတို့လို
လူတွေအပေါ် စာနာပြီး
နားလည်
လာကြမယ်၊
ဒီလို စာနာ နားလည်လာမှုဟာ
သူတို့လို
ဘ၀တူတွေအတွက်လည်း ပိုပြီးအား
ရှိလာစေမယ် လို့ယုံကြည်တယ်၊
အဲဒါကြောင့်
သူ့အကြောင်းတွေ
ပြောပြဖို့
အားတင်းထားတာလို့
ခင်ခင်က ပြောပါတယ်။
ခင်ခင်က
လေးနက်တည်ကြည်တဲ့
မျက်နှာထားနဲ့
“တကယ်တော့
ကျမတို့လိုလူမျိုးတွေ
ကိုယ့်အကြောင်း
ကို
ပြောပြချင်ကြမှာ
မဟုတ်ပါဘူး၊ ပြောပြဖို့
ရှက်ကြပါတယ်၊
ကျမတို့အကြောင်းသိရင်
ကဲရဲ့မှာ
လား။
ရှုတ်ချမှာလား။
ဘယ်လို ခွဲခြားဆက်ဆံ လာမှာ လဲ ဆိုတာကို တွေးရင်းနဲ့
အရင်တုန်းက အား
ငယ် နေမိခဲ့တယ်၊”
လို့
ပြောပါတယ်။
ဒါပေမယ့်
ဒီလိုအားငယ်နေမယ့်အစား လူထုထဲကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် မသိတဲ့ လူတွေ
သိလာမယ်။ သူ့ရဲ့စကားတွေကို
သူ့လိုဘ၀တူလူမျိုးတွေ
ကြားခဲ့ရင်
သူတို့ကို
အားပေးရာ ရောက်မယ်လို့
ယုံကြည်တဲ့
အတွက် အခုလို ထုတ်ဖေါ်ပြောပြရတာပါတဲ့။
သူနဲ့ဘ၀တူတွေဟာ
အများတကာနဲ့
အတူတူနေထိုင်သွားလာဆက်ဆံလို့
အိပ်ခ်ျအိုင်ဗွီ ပိုး မကူးစက်ဘူးဆိုတာ အများက သိလာကြပြီး
သူတို့အပေါ်
နားလည်လာရင် သူတို့
အတွက်
အလုပ်လုပ်ကိုင်ဖို့
အခွင့်အလမ်းတွေ ရ
လာမယ်လို့
ခင်ခင်က ပြောပါတယ်။
အတိတ်တချိန်က
ကြုံခဲ့ရတဲ့
ခါးသီးဖွယ် ဖြစ်ရပ်တွေကို ပြန်လည်မြင်ယောင်နေဟန်ရှိတဲ့ ခင်ခင်က
“ကျမတို့
ဟာ အများကြားမှာ
မျက်နှာငယ်ရပါတယ်။နောက်ဆုံးမိသားစု အတွင်း မှာ တောင် ခွဲခြားဆက်ဆံတာ ခံကြရပါတယ်”
လို့
ဆို့ဆို့နင့်နင်နဲ့ပြောစဉ်မှာပဲ
ပါးပြင်ပေါ် ကို မျက်ရည်တွေက လိမ့်ဆင်းလာပါတော့တယ်။
သူ့ရဲ့ခင်ပွန်းဖြစ်သူ
အေအိုင်ဒီအက်စ်ရောဂါနဲ့
ဆုံးပါးသွားတဲ့နောက်ပိုင်း မိသားစုလို့ဆိုတဲ့
ကမ္ဘာလေးကနေ
တဖြည်းဖြည်း စတင်ဝေးကွာခဲ့ရပါတော့တယ်၊ သူ့မိဘတွေက
တခြားသူ့မောင်လေး။
ညီမလေးတွေကို သူနဲ့
ခပ်ဝေးဝေးနေဖို့
ပြောကြပါတယ်၊
သူ့ညီမလေးကနေတဆင့်
သူ့အဖေအမေရဲ့စကားကို
ပြန်ကြားရတဲ့အခါ
ရင်
နင့်အောင် ခံစားရတဲ့အကြောင်း
နာကျင်ကွဲအက်တဲ့ လေသံနဲ့
“အဖေကပြောတယ်တဲ့
သူနဲ့သွားမတွေ့နဲ့။
သူနဲ့သွားမနေနဲ့။
သူ့မှာလည်း
အိပ်ခ်ျအိုင်ဗွီပိုးရှိတယ်။ နင်တို့
သွားရင် နင်တို့ကို
ကူးလိမ့်မယ် ----”
လို့ပြောဆိုရင်း
စကားသံတိမ်ဝင်သွားပါတယ်၊ တကယ်တော့ အဲဒီအချိန်အထိ ခင်ခင်ကိုယ်တိုင်က သူ့မှာ
အိတ်ခ်ျအိုင်ဗီပိုး ရှိမရှိ မသိရသေးပါဘူး။
အတော်ကြာမှ
ဆက်ပြီး
သူမဟာ အပယ်ခံသမီးတယောက် ဖြစ်ခဲ့ရပေမယ့် အနာဂတ် အတွက် စဉ်းစားရင်း စိတ်
ကို
ပြန်တင်းထားပါတယ်လို့
ပြောပါတယ်၊
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့
မိသားစုကို ရင်ထဲက
တိတ်တခိုး ချေပခဲ့တဲ့စကားကတော့
“ရတယ်။
ဘာမှ မဖြစ်ဘူး။ တချိန်ကျရင်တော့ နင်တို့အမ
ဘယ်လိုနည်းနဲ့
ရှင်သန်မလဲ ဆိုတာ စောင့်ကြည့်ကြပါ”
လို့ပေါ့။
ကာလအချိန်
ကြာမြင့်လာတာနဲ့အမျှ
သူ့မိသားစုတွေသာမက
ရွာထဲက အခြားရွာသူ ရွာသား တွေကလည်း သူ့ကို
အလိုမရှိ ဖြစ်လာပါတယ်၊ ရွာထဲကနေ နှင်ထုတ်ချင်တဲ့ အတွက် စကားလုံးနဲ့
မထိတထိ ပုတ်ခတ်ပြောဆို တိုက်ခိုက်လာကြတယ်၊
သူ့ကိုရွာထဲမှာ
မနေစေချင်တာကို ရိပ်မိလာတဲ့နောက်ဆုံး မြန်မာပြည်မှာ မနေတော့ဘဲ သူ့ရဲ့ဒုတိယ
ယောက်ျားနဲ့အတူ
ထိုင်းနိုင်ငံကို လာပြီး
အလုပ်လုပ်ကိုင်ဖို့
ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုရောက်လာတဲ့အခါမှာ ကော်ဆန်းခေါ် ဆောက်လုပ်ရေးလုပ်ငန်းအပြင်
အိမ်ဖော်။ ကလေးထိန်း အစ
ရှိတဲ့ အလုပ်ကြမ်းရော
အလုပ်ချောပါ လင်မယား နှစ်ယောက်စလုံး မခိုမကပ် ရုန်းကန်လှုပ်ရှား
ခဲ့ကြပါတယ်။
ဒီလိုနဲ့
လင်မယားနှစ်ယောက်
ကလေးတယောက်ယူဖို့
သဘောတူဆုံးဖြတ်ခဲ့ပြီး ကိုယ်ဝန် ရလို့။
ကိုယ်ဝန်ရင့်
လာ ချိန်မှာတော့ ကလေး
မီးဖွားဖို့
အတွက် မဲဆောက်မြို့မှာရှိတဲ့
ဒေါက်တာစင်သီယာမောင်ရဲ့
မယ်တော်ဆေး
ရုံကို ကိုယ်ဝန်
သွားအပ်ခဲ့ပါတယ်၊ သွေးစစ် တဲ့ အခါကျမှ သူ့မှာ
အိပ်အိုင်ဗွီပိုးရှိနေပြီဆိုတာ
သေသေချာချာ သိခဲ့
ရတာပါ။
အိပ်ခ်ျအိုင်ဗွီပိုးရှိမှန်း သိသွားတဲ့ အခါကျတော့ သူမမှာ ရင်တထိတ်ထိတ်နဲ့
ဆရာဝန်ကို ရင်ဆိုင်ခဲ့ရပါတယ်၊ ဆရာ
ဝန်
က သူမကို အားမငယ်ဖို့
သူ့ခင်ပွန်းကိုလည်း
လာပြီးဆေးစစ်ဖို့
ဖျောင်းဖျခဲ့ပါတယ်။
အဲဒီနောက်
သူခင်ပွန်းကိုပါ သွေးလာစစ်စေခဲ့ပါတယ်၊ ထူးခြားတာကတော့ သူခင်ပွန်း သွေးစစ်ပြီးတဲ့အခါမှာ
အိပ်ခ်ျအိုင်ဗွီပိုး
မတွေ့ခဲ့ပါဘူး။
အခုဆိုရင်
ကလေးတယောက်တောင် မွေးဖွားခဲ့ပါပြီ၊
ကလေးမွေးပြီးပြီးချင်း
ကလေးမှာများ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေ
မလားဆိုတဲ့
စိုးရိမ်စိတ်နဲ့
ခင်ခင် ခမျာ ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပါ တယ်၊ ဒါပေမယ့် ကလေးမှာ
အိပ်ခ်ျအိုင်ဗွီပိုး
မတွေ့ဘူးလို့
ဆရာဝန်တွေက ပြောတော့ ခင်ခင် အတိုင်းမသိ ၀မ်းသာမိခဲ့ရတာပေါ့။
ခင်ခင့်မှာ
အိပ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့်။ ပိုးကင်းစင်တဲ့ သူမယောကျာ်း နဲ့
ကလေးတို့
မိသားတစု
အတူတူပဲ နေကြပါတယ်၊
အိပ်ခ်ျအိုင်ဗွီပိုး မကူးစက်ဖို့
အတွက်လည်း
ကွန်ဒုံးကို မပေါက်ပြဲအောင်
အသုံးပြုတဲ့အပြင် မိသားစုတစုလုံး ကိုယ်လက် သန့်ရှင်း
အောင် နေပြီး
ကျန်းမာရေးနဲ့ညီညွှတ်တဲ့
အဟာရရှိတဲ့ အစားအစာတွေ မှန်မှန်စား။ မှန်မှန်အိပ်ပြီး
အားဆေးတွေလည်း ပုံမှန်သောက်ခဲ့ပါတယ်။
လူတချို့က
အိပ်ခ်ျအိုင်ဗွီပိုးရှိသူတွေကို အမြင်ဆိုးနဲ့
ဝေဖန်ပြောဆိုပြီး
ရှောင်ဖယ်လေ့ ရှိကြပါတယ်၊
ဆရာမ ဒေါက်တာစင်သီယာမောင် ကတော့
“ယေဘူယျအားဖြင့်တော့
ကြောက်ကြတာပေါ့၊
တချို့ကျတော့လည်း
မကောင်းမှုတခုခု
လုပ်ခဲ့တယ်လို့
အထင်သေး တာတို့
အဲဒါတွေတော့ ယျေဘူယျအားဖြင့်တော့ ရှိကြ
တယ်”
လို့
ပြောပါ တယ်။
တချို့ကလည်း
အေအိုင်ဒီအက်စ်ရောဂါနဲ့
ပတ်သက်ရင် “ဘယ်သူမပြု
မိမိမှု”
လို့
နှိမ်ချ ပြောဆိုပြီး
ဝေဒနာ
သည် တွေကို
အပြစ်ပြောတာရှိပါတယ်၊ ဒါပေမယ့် အဲဒီဆောင်ပုဒ်ဟာ မူးယစ်ဆေးဝါးကို သွေးကြောထဲ
ထိုးသွင်း
တာနဲ့
လိင်အပျော်အပါး လိုက်စားတာကြောင့်
အေအိုင်ဒီအက်စ်ရောဂါပိုး ကူးစက်ခံရတဲ့ ဝေဒနာသည်တွေအပေါ် လိုက်လျှော်ညီထွေမှု
ရှိကောင်းရှိပေမယ့်
အပြစ်ကင်းတဲ့ အခြားနည်းတွေနဲ့
ကူးစက်ခံရသူ ဝေဒနာရှင်တွေ အတွက်တော့ အဲဒီစကားဟာ ရက်စက်လွန်းရာကျပါတယ်လို့
ကျန်းမာရေးပညာပေး နိုက်တင်ဂေးလ်ဂျာနယ်ရဲ့
အယ်ဒီတာ ဒေါက်တာလွဏ်းဆွေက
ပြောပါတယ်။
သုတေသီတွေရဲ့
လေ့လာတွေ့ရှိချက်အရ
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့ခြင်းဟာ
လိင်ဆက် ဆံခြင်းနဲ့
မူးယစ်
ဆေးဝါး ကို သွေးကြောထဲ
ထိုးသွင်းခြင်းဆိုတဲ့ နည်းလမ်းနှစ်မျိုး သာမက ဘဲ မိခင်မှတဆင့် ကလေးဆီသို့
ကူးစက်ခြင်းနဲ့
ခန္ဓာကိုယ်ထဲကို
နည်းတမျိုးမျိုးနဲ့
အိပ်ခ်ျအိုင်ဗွီပိုးပါရှိတဲ့သွေး (သို့မဟုတ်)
သွေးရည်ကြည်များ
တိုက်ရိုက် ထည့်သွင်းခြင်း သို့မဟုတ်
မတော်တဆ ၀င်ရောက်ခြင်းအားဖြင့်လည်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်
နိုင်ပါတယ်။
အခုဆိုရင်
ခင်ခင်ဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့
မယ်တော်ဆေးခန်းမှာ လူမှုရေး
ကူညီစောင့်ရှောက်မှု
လုပ်ငန်းတွေ လုပ်နေသူပါ၊
လူနာတွေ။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူတွေ ကိုလညိး စိတ်ပိုင်းဆိုင်ရာသာမက
ရုပ်ပိုင်း ဆိုင်ရာအရပါ အားပေးကူညီနေပါတယ်၊ ခံစားနေရတဲ့ ဝေဒနာရှင်များကို
နှစ်သိမ့်အားပေးခြင်း။ ဆေးတိုက်
ပေးခြင်း။ ထမင်းခွံ့
ကျွေးခြင်း။
ရေချိုးပေးခြင်း။ ကိုယ်လက်သန့်ရှင်းရေး
လုပ်ပေးခြင်းနဲ့
အ၀တ်လျှော်ပေးခြင်း
တွေ
လုပ်ပေးပါတယ်၊ ဆွေမျိုးမရှိတဲ့လူနာတွေဆိုရင် အစစအရာရာ လုပ်ပေးပါတယ်၊ ဒီအလုပ်ကို
လုပ်ခွင့်ရ
တာဟာ သူမအတွက်
ရှင်သန်ခြင်းကို ရစေတာပဲလို့
ခင်ခင်က ပြောပါတယ်။
ဒီရှင်သန်မှုမှာ
အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုက
အရေးကြီးတယ်လို့
ပြောပါ တယ်၊
“အရင်တုန်း
က နှာစေးတယ်။
ချောင်းဆိုးတယ်ဆိုရင် အိပ်ရာပေါ်မှာ လှဲနေလိုက် တယ်၊ အခုကျတော့ ကိုယ်က
အိပ်ရာပေါ်မှာ လှဲလိုက်ရင် ကိုယ့်ကျန်းမာရေးဟာ ပိုဆိုး လာမှာစိုးလို့ဆိုပြီးတော့
ပျော်ပျော်ရွှင်ရွှင်
ဖြစ်အောင်။ တောင့်တောင့် တင်းတင်းဖြစ် အောင် ပြန်နေတယ်၊ ဒီလိုနေတဲ့အတွက်
ကျန်းမာရေးက ကောင်းမွန် လာတယ်။ စိတ်က ပြန်ပျော်ရွှင်လာတယ်၊
အဲလိုမျိုးဖြစ်လာတဲ့အခါကျတော့ ကျန်းမာရေး
က ဘာမှမဖြစ်တော့
ဘူးလေ၊ အကယ်၍
ဒီအလုပ်ကို မလုပ်ခဲ့ဘူးဆိုရင်တော့ စိတ်ဓါတ်တွေ တအား ကျပြီးတော့
အိပ်ရာထဲမှာ လဲလိုက်မှာပေါ့၊ အခုကျတော့ ကိုယ်ကိုယ်နှိုက်က
လူနာတွေကို လိုက်ပြီး
အားပေးတယ်။ အကြံပေးတဲ့အခါကျတော့
ကိုယ်က အိပ်ရာထဲမှာ လဲနေရင် သူတို့က
ပိုပြီး
စိတ်ဓါတ်
ကျမယ်ဆိုပြီးတော့
စိတ်ကို ပြန်တင်းလိုက်ပြီး
အားပြန်ရှိလာတယ်။”
သူ့မှာ
အိပ်ခ်ျအိုင်ဗီရောဂါပိုးကို ဟန့်တားပေးတဲ့
အေအာရ်ဗွီဆေး မရရှိပေမယ့် စိတ်ပျော်ရွှင်အောင်နေပြီး
အဟာ
ရရှိတဲ့
အစားအစာကို စားသောက်ခြင်း။ ပုံမှန်အိပ်စက် အနားယူ ခြင်းနဲ့
အားဆေးတွေ ပုံမှန်မှီဝဲသုံးစွဲခြင်းအားဖြင့် ကျန်းကျန်းမာမာ နေနိုင်ပါတယ်တဲ့၊
ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့
ကိုယ်လက် သန့်ရှင်းအောင်လည်း
နေပါ
တယ်။
လူနာနဲ့
အားပေးစကားပြောတဲ့အခါ သူ့ရဲ့အတွေ့အကြုံ။
ဘ၀ဖြတ်သန်းမှုတွေကို
ပြောပြ ပါတယ်၊ တခါတလေ လူနာတွေပျော်ရွှင်အောင်
အာလာပသလ္လာပနဲ့
ဟာသတွေ ပြောတယ်။
သူပြောတဲ့စကားကြောင့်
လူနာက သဘောကျပြီး
ရယ်မောတတ်ပါတယ်၊ ဒါတွေကိုကြည့်ပြီး
သူပီတိဖြစ်မိတယ်၊ ဒါဟာ သူ့ရဲ့
ရှင်သန်ခြင်းရဲ့
အကျိုး ပေးတွေပဲလို့
ပြောပါတယ်။
ဒီအလုပ်ကိုလုပ်ရတာ သူမပျော်ပါတယ်တဲ့၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ ဘ၀တူအချင်းချင်း
အားပေးတဲ့အတွက် ပိုပြီး
ထိ
ရောက်မှုရှိတယ်လို့လည်း
ခင်ခင်က ယုံကြည်ပါတယ်။
“အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့သူတွေဟာ
စိတ်ဓါတ်အရမ်းကျခဲ့တယ်၊ ကျမနဲ့တွေ့တဲ့
အခါကျတော့ ကျမအ
ကြောင်းတွေ
ပြောပြတယ်၊ ကိုယ့်ရင်ထဲက ခံစားချက်တွေ ပြောပြတယ်၊ ကျမမှာ လည်း အိပ်ခ်ျအိုင်ဗွီ
ပိုးရှိတယ်၊ နင်တို့
စိတ်ဓါတ်မကျနဲ့၊
ကျမဘ၀မှာလည်း ဒီလိုပဲ အပစ် ပယ်ခံရတယ်၊ ဒီရောဂါတွေက စိတ်နဲ့ပတ်သက်တယ်
ဆိုပြီးရှင်းပြတယ်၊
စိတ်ပျော်ရွှင်မှု
ရယ်။
စိတ်ချမ်းသာဖို့က
အရေးကြီးတယ်၊
ကျမသူတို့ကို
ဒီလိုအားပေးပြီးတော့
သူတို့ လည်း
နားလည်လာတယ်။”
ဆေးပညာရှင်တွေက အိပ်ခ်ျအိုင်ဗွီပိုးရှိသူတွေကို ပုံမှန်အတိုင်း ဆက်ဆံလို့ရပြီး
အတူတူ ထမင်းစားခြင်း။ ရေချိုး
ခြင်း။ အိမ်သာခွက်
အတူတူသုံးခြင်းနဲ့
လက်ဆွဲနှုတ်ဆက်ခြင်း။
ပွေ့ဖက်နှမ်းရှုံ့ခြင်းအားဖြင့်
အိပ်ခ်ျအိုင်ဗွီပိုး မကူး
စက်နိုင်ပါ၊
အိပ်ခ်ျအိုင်ဗွီပိုးရှိသူနဲ့
လိင် ဆက်ဆံရင်လည်း လိင်အင်္ဂါမှာ အနာအဆာမရှိဘဲ နှစ်ယောက်စလုံး သန့်ရှင်းကျန်းမာ
နေပြီး
အကာအကွယ် (ကွန်ဒုံး) ကိုလည်း စနစ်တကျ အသုံးပြုမယ်ဆိုရင် အိပ်ခ်ျအိုင်ဗွီပိုး
မကူး
စက်နိုင်ဘူးလို့
ဆိုပါတယ်။
မခင်ခင်ဟာ
မိသားစုကမ္ဘာလေးထဲက
အပယ်ခံသမီးဖြစ်ခဲ့ရပေမယ့် သူတပါးကို တတ်အား သရွေ့ကူညီနေရတဲ့
လက်ရှိအလုပ်အပေါ်မှာ ၀မ်းသာပီတိဖြစ်ကျေနပ်နေသူပါ၊ အကယ်၍
များ
အခုချိန်မှာ သူ့မိသားစုတွေကို
ရှင်းပြ
ခွင့်သာရခဲ့ရင် သူ့ကိုပစ်ပယ်မှာမဟုတ်ဘဲ
သူ့ရဲ့လက်ရှိ
အလုပ်ကြောင့်
ဂုဏ်ယူကျေနပ်နေကြလိမ့်မယ်လို့
တယောက်တည်းတွေးပြီး
စိတ်ကူးယဉ် နေမိတယ်လို့
အပြုံးတပွင့်နဲ့
ပြောပြသွားခဲ့ပါတယ်။
|