|
ရှေ့နေနဲ့ စကားပြောရင် သတိထား
ဇွန် ၁ ရက်၊ ၂၀၀၆ ခုနှစ်။
ဆရာ ၀န် တယောက် နဲ့ ရှေ့နေ တယောက် ဧည့်ခံ ပွဲတခု တွင် စကား ပြောနေ ကြသည်။ မကြာ
မီမှာ ပဲ တခြား ဧည့်သည် များက စကား ၀ိုင်း တွင် ၀င်ဖြတ်ပြီး သူတို့ ရဲ့
ကျန်းမာ ရေး ပြသနာ များနှင့် ပတ်သက် ပြီး ဆရာ ၀န် ကို မေးမြန်း ကြရာ စကား
ပြတ်သွား သည်။ တနာ ရီခန့် ကြာသွားပြီး နောက်မအားလပ်ခွင့်ရသွားသည်။
ဆရာဝန်က ရှေ့နေကို မေးသည်။
“အလုပ်ချိန်ပြင်ပမှာ အလုပ်တွေ မလုပ်ရအောင် ခင်ဗျားဘယ်လိုလုပ်သလဲ”
ရှေ့နေက ပြန်ဖြေသည်။
“အရင်ကတော့ ကျွန်တော်လည်း ခင်ဗျားပြသနာမျိုး ကြုံခဲ့ရပါတယ်။
ဒီလိုလာမေးတဲ့သူတွေအတွက် ငွေတောင်း ခံစာ တွေ နောက် ရက်မှာ ပို့ပို့ပေးလိုက်တယ်။
နောက်ပိုင်းတော့ လာမမေးကြတော့ဘူး၊”
ဆရာဝန်က သူ့စိတ်သူမလုံသော်လည်း နောက်တနေ့တွင် ငွေတောင်းခံစာများ ရေးရန်
ရုံးခန်းသို့ ရောက်လာသည်။
ရုံးခန်းစားပွဲသို့ရောက်သော အခါ စာပွဲပေါ်တွင် စာတစောင်တွေ့သဖြင့် ဖွင့်ကြည့်ရာ
မနေ့က စကားပြောခဲ့သော မိတ် ဆွေရှေ့နေထံမှ ငွေတောင်းခံစာဖြစ်နေသည်။
|