ဓါတ်ပုံက ပိုအလုပ်ဖြစ်တယ်

ဇန်န၀ါရီ ၂ ရက်၊ ၂၀၀၇ ခုနှစ်။

ဗိုလ်ချုပ်မှူးကြီးထံသို့ ငယ်သူငယ်ချင်းသုံးယောက် ရောက်လာသည်။

ဗိုလ်ချုပ်မှူးကြီးက ငယ်သူငယ်ချင်းသုံးယောက်ကို သူကောင်းပြုလို၍ “မင်းတို့သုံးယောက် ကြိုက်ရာတောင်းကွာ၊ ငါတတ်နိုင်တဲ့ အခြေအနေမို့လို့ ပေးနိုင်တာ ကဲကဲ--ပြောကွာ--ငါ့မှာ အချိန်မရှိဘူး”

ပထမသူငယ်ချင်းက “အေး--ငါအခု သစ်လုပ်ငန်းလုပ်နေတာဆိုတော့ သစ်ပါမစ်လေး ဘာလေး ရရင်တော့ တော်တော်အဆင်ပြေမှာ” ဟု ပြောပြီး သစ်ကွက်များ တောင်းယူ သွားသည်။

ဒုတိယတယောက်ကတော့ သိမ်းထားတဲ့ မော်တော်ကားတွေ တောင်းယူသွားသည်။

တတိယ သူငယ်ချင်းကတော့ “မင်းရဲ့ ဗိုလ်ချုပ်မှူးကြီးယူနီဖောင်းအပြည့်နဲ့ရိုက်ထားတဲ့ ဓါတ်ပုံ ခပ်ကြီးကြီး တစ်ပုံလောက်ပဲပေးပါ” ဟု တောင်းသည်။

ဗိုလ်ချုပ်မှူးကြီးက
သူ့ဧည့်ခန်းမှာချိတ်ထားတဲ့ ရွှေရောင်ဘောင်ကွပ်ထားတဲ့ ၃၆ လက်မ ဓါတ်ပုံ ကြီးကို ဖြုတ်ပေးလိုက်တယ်။

ခြောက်လလောက် ကြာသွားသည်။

ဗိုလ်ချုပ်မှူးကြီးက လူယုံတစ်ယောက်ကို သူ့သူငယ်ချင်း သုံးယောက်အခြေအနေကို ကြည့်ခိုင်း လိုက်သည်။

သစ်လုပ်တဲ့တစ်ယောက်ကတော့ ကားကြီးကားငယ်တွေနဲ့ သစ်လုံးတွေတင်လို့ အတော်လေး ကြီးပွားနေပြီ။

မော်တော်ကားတွေ လေလံရသွားတဲ့သူကလည်း အဆင်ကို ပြေလို့၊

ဗိုလ်ချုပ်မှူးကြီး သေသေချာချာကြည့်ခိုင်းလိုက်တဲ့ ဓါတ်ပုံတောင်းသွားတဲ့သူအိမ်နား ရောက် လာသည်။ ဆောက်လက်စ ခြောက် ထပ်တိုက်ကြီးကလည်း ဟီးလို့၊ အိမ်ရှေ့က မြက်ခင်းနဲ့ ပန်းခြံကလည်း ငါးဧကလောက်ရှိမယ်။ အဲဒီမြက်ခင်းပြင် ကျယ်ကြီး မှာ တန်းစီနေသူတွေ တွေ့ရ သည်။

ဗိုလ်ချုပ်မှူးကြီး လူယုံက မယောင်မလည်နဲ့ အိမ်နားကပ်သွားသည်။ တွေ့လိုက်ရတာကတော့ ဓါတ်ပုံယူသွားသူက ဆုံလည် ကုလားထိုင်နဲ့ မာလ်ဘိုရို စီးကရက်နဲ့ အကျအန၊သူ့ဘေးမှာ လည်း ညစ်ပေနေတဲ့ ဗိုလ်ချုပ်မှူးကြီးဓါတ်ပုံကြီးကလည်း အခန့် သား၊ဓါတ်ပုံအောက်တွင် စာရေးထားသည်။

----- တံတွေးတခါထွေး ဒေါ်လာ ၅၀၊ သုံးခါထွေး ၁၀၀။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။