မျက်စိမြင်ပြီ

ဇွန် ၃ ရက်၊ ၂၀၀၆ ခုနှစ်။

ဆရာမကို ဖိုးသားလေးက ပြောသည်၊

“ဆရာမ၊ ဆရာမ၊ ကျွန်တော်တို့အိမ်မှာ ကြောင်သားလေး ငါးကောင်မွေးတယ်။ အားလုံး ကြံ့ဖွံ့တွေ ချည်းပဲ။”

အလုပ်ရှုတ်နေသော ဆရာမက ဘာမှ ပြန်မပြောလိုက်။

နောက်တပတ်ခန့်ကြာသော အခါ ဆရာမက ဖိုးသားလေးကို တွေ့တော့ မေးလိုက်သည်။

“ဖိုးသား။ မင်းအိမ်က ကြံ့ဖွံ့တွေ နေကောင်းလား၊”

ဖိုးသားလေး ပြန်ဖြေသည်။

“သူတို့ အခု ကြံ့ဖွံ့မဟုတ်တော့ဘူး၊ သူတို့မျက်စိပွင့်နေကြပြီ။”

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။