|
ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့
သြဂုတ်လ ၃ ရက်၊ ၂၀၀၇
ခုနှစ်။
ကိုမောင်နှင့် မခင်တို့
ညားခါစ ပူပူနွေးနွေးလင်မယား နှစ်ယောက် အပြန်အလှန် ကတိက၀တ်ပြုကြသည်။
အဲဒီ
ကတိက၀တ်သစ္စာကတော့
လင်ဖြစ်စေ၊ မယားဖြစ်စေ တယောက်အပေါ် တယောက် သစ္စာဖောက်မိလျှင်
သစ္စာဖောက်မိသူသည် ဘုရားစင်အောက်မှ မိမိသက်ဆိုင်ရာ
စားပွဲခုံအံဆွဲထဲတွင် ပဲစေ့တစေ့ကျထည့်ထားရန် သ ဘောတူကြသည်။
သည်လိုနှင့်
သုံးနှစ်ကြာလာသည်။
ကိုမောင်၏
အံဆွဲတွင် ပဲစေ့ သုံးစေ့ရှိနေသည်။ ကိုမောင်မှာ သူ့ဇနီးသစ္စာဖောက်မဖောက်သိလို၍
မခင်၏ အံဆွဲ
ကို ဖွင့်ကြည့်လိုက်သည်။
အံဆွဲတွင်
ပဲစေ့တစေ့မှ
ရှိမနေ။
ကိုမောင်
ဝမ်းသာသွားသည်။
သူသစ္စာဖောက်မိသည့်အတွက်လည်း စိတ်မကောင်းဖြစ်မိသွားသည်။
သို့နှင့်
ကိုမောင်က မခင်ကိုပြောလိုက်သည်။
“ခင်က
မောင့်အပေါ် တခါမှ သစ္စာမဖောက်ဘူးနော်။
မောင်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ် အချစ်ရယ်။”
ထိုအခါ
မခင်ကလည်း ပြန်ပြောသည်။
“အို
မောင်ရယ် - ခင့်ကိုလည်း သိပ်အထင်မကြီးပါနဲ့
အမှန်ပြောရမယ်ဆိုရင် ခင်လည်း သစ္စာဖောက်မိ
တာတွေ ရှိခဲ့ပါတယ်။ မောင့်ကို
ပဲဟင်းချက်ကြွေးခဲ့တာပဲ နှစ်ခါရှိပြီလေ။
ညနေစာတောင် ချက်ထား သေးတယ်။”
|